Friday 23 August 2013

ၾသစေၾတးလ် အသင်းကို အိမ်ရှင်မြန်မာ ယူ-၁၆ အသင်း ၀-၂ ဂိုးဖြင့် ရှုံးနိမ့်

8.1.1
သြစတြေးလျအသင်း တိုက်စစ်ကို မြန်မာအသင်း ဂိုးသမားနှင့် နောက်ခံလူတို့ ကာကွယ်နေစဉ် (ဓာတ်ပုံ-စိုးညွန့်)
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(က)ဒုတိယနေ့ ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာ သြစတြေးလျ အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ နိုင်ပွဲများ ရရှိခဲ့သည်။
ပထမပွဲတွင် ကမ္ဘောဒီယား အသင်းက ဘရူနိုင်းအသင်းကို ၈-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲတွင် သြစတြေးလျ အသင်းက အိမ်ရှင်မြန်မာ အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းမှာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သောကြောင့် နောက်ထပ်နှစ်ပွဲ ကစားရန် ကျန်ရှိသေးသော်လည်း အုပ်စုမှထွက်ရန် သေချာသလောက် ရှိသွားပြီ ဖြစ်သည်။ မြန်မာအသင်းသည် တတိယပွဲစဉ်အဖြစ် လာမည့် သြဂုတ် ၂၆ ရက်တွင် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment