Tuesday 20 August 2013

လွယ်ဟိန်းအချိုရည်ကုမ္ပဏီက ဆီးဂိမ်းပြိုင်ပွဲတွင် သိန်း(၃၀၀၀) ကူညီထောက်ပံ့မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် လွယ်ဟိန်း ကုမဏီကသိန်း(၃၀၀၀) ကူညီထောက်ပံ့သွားမည်ဟု လွယ်ဟိန်းကုမဏီ ဥက္ကဌဒေါက်တာ စိုင်းဆမ်ထွန်းက ပြောသည်။
ထိုသဘောလတူ လက်မှတ်ရေးထိုးပွဲကို သြဂုတ်လ(၁၈)ရက်နေ့က ရန်ကုန်မြို့ ပါခ့်ရွုင်ရယ် ဟိုတယ်b တွင် ပြုလုပ်ရာ ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း တက်ရောက်ပြီး ဆီးဂိမ်းပြိုင်ပွဲ အတွက် စပွန်ဆာရှာပေးသော ဒန်းဆုနှင့်ဂျေကေကုမဏီတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ လွယ်ဟိန်းကုမ္ပဏီက လာမည့်ဆီးဂိမ်းတွင် ယခုလို ကူညီထောက်ပံ့ခြင်းကြောင့် ပြိုင်ပွဲတွင် ၎င်းတို့ကုမ္ပဏီ က ထုတ်လုပ်သော ပစ္စည်းများ ပိုမိုအောင်မြင်ရန် ရည်ရွယ်သည်။ ယခုလို လွယ်ဟိန်းကုမ္ပဏီ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အတွက် ကူညီထောက်ပံ့ပေးသော ကုမ္ပဏီပေါင်း (၁၀) ခုကျော်ရှိနေဖြစ်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser

No comments:

Post a Comment