Saturday 20 April 2013

စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား

Photo: စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား
Saturday, 20 April 2013


စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည်တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

သို့သော် ဧရာဝတီမှ စုံစမ်းသိရှိရသမျှ အမှုသွား အမှုလာများအရ အထည်ဆိုင်ပိုင်ရှင်ကို တရားစွဲဆိုနိုင်လောက်သည့် အထောက်အထားများ မတွေ့ရှိရဘဲ  ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများနေသည့် စေတီပုံ ဒီဇိုင်းဆင်ထားသည်ဆိုသော အထည်စများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ် တင်သွင်းလာသောအစများ ဖြစ်ဖွယ်ရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ယုဇနပလာဇာ မျက်နှာစာတမ်းအနီးရှိ မေခလာ(သမီး) အထည်ဆိုင်တွင် ရောင်းချလျက်ရှိသော ပိတ်စအချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည် ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသက်နိုင်က ဧရာဝတီသို့ ပြောသည်။ ‘အစကတော့ ထမီစလည်း ချုပ်လို့ရတယ်။ အကျီစလည်း ချုပ်လို့ရတယ်။ ပါတိတ်ပေါ့။ ကျနော်တို့ ၇ ထည် မိထားတယ်”ဟု သူက ပြောသည်။

ချည်ထည်အစများတွင် စေတီပုံ ရိုက်နှိပ်ထားခြင်းကို ကာယကံရှင် ဆိုင်ရှင်များကိုယ်တိုင် မသိရှိဘဲ ရဲများဝင်ရောက် ရှာဖွေမှသာ သိရှိရသည်ဟု ထွက်ဆိုထားကြောင်း စခန်းမှူးက ရှင်းပြသည်။

ယခုကိစ္စကို တိုင်း ခရိုင် အဆင့်ဆင့်တင်ပြခဲ့ပြီး သင်္ကြန်ကာလ အလုပ်ရှုပ်နေသောကြောင့် အမှုမဖွင့်ဘဲထားခဲ့ရာ  ဘာသာရေး အဖွဲ့အစည်းတခုမှ အမှုဖွင့်ပေးရန် ဖိအားပေး တောင်းဆိုသောကြောင့် ဧပြီလ ၁၄ ရက်နေ့တွင် သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ  ၂၉၅ ဖြင့် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မင်းမင်းအောင်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း၊ စခန်းမှူးကိုယ်တိုင်က အမှုစစ်အရာရှိ အဖြစ်ဆောင်ရွက်နေကြောင်းလည်း ရှင်းပြသည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အထည်အလိပ်များမှ မော်လမြိုင်ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မော်လမြိုင် အဆက်အသွယ်ကို လိုက်လံ ဖော်ထုတ်လျက် ရှိကြောင်း၊ မေခလာပိုင်ရှင်မှာ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားတည် ကျောင်းဆောက်နေသူ ဖြစ်ကြောင်း၊ ဆိုင်အပေါ်ထပ်သို့ ၀င်ရောက်ရှာဖွေရာ ဘုရားစင်တစ်ခုကို တွေ့ရှိရကြောင်း၊ သက်သေခံပစ္စည်းကို သိမ်းဆည်းထားပြီး စေတီပုံမှာ ပြောင်းပြန်လှန်လိုက်မှသာ နောက်ကျောဘက်တွင် တွေ့ရှိရကြောင်း၊အထည်စတိုင်းတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ အချို့အစများတွင်သာ တွေ့ရှိရကြောင်း ရဲအရာရှိ ဦးသက်နိုင်က ဧရာဝတီနှင့် တွေ့ဆုံရာတွင် ရှင်းပြသည်။

ထိုသို့ စေတီပုံပါရှိကြောင်း ရဲတပ်ဖွဲ့သို့ ဖမ်းဆီးရန် သတင်းပေးသူများမှာ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။ ဇာတ်လမ်းအစမှာ ဧပြီလ ၁၁ ရက်နေ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပြေ ၃ ရပ်ကွက် ဥက္ကဋ္ဌ ဒေါ်ဥမ္မာ ဆိုသူသည် မေခလာ(သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စတစ်ခုဝယ်ယူခဲ့ရာ အထည်စတွင် စေတီပုံပါနေသောကြောင့် အံ့သြသွားခဲ့ကြောင်း၊ အတူပါရှိလာသူ အဖော်များကို ပြ၍ မိမိအား ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ ဟုတ်မှန်နေကြောင်း သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ဦးလှမိုးက ဧရာဝတီသို့ပြောသည်။

”ကျနော်လည်း မြို့နယ်ကို သတင်းပို့ပြီး ရပ်ကွက်ရုံးကို သွားတယ်။ ရဲတွေခေါ်တယ်။ ပြီးရင် ၀င်ဖမ်းတယ်။ ရဲတွေ ၀င်ဖမ်းတော့ ဘာမှမရှိဘူး။ ပထမ ပြောထားတုန်းက လိုသလောက်ရတယ်လို့ ပြောထားတာ။ ကိုယ်တိုင်ဝယ်ခဲ့တဲ့ မဥမ္မာက ကြားတွေကြားတွေမှာ ညှပ်ညှပ်ထားတာတွေကို ဆွဲထုတ်ပြတယ်။ အဲဒီအခါကျမှ ထွက်လာတာ”ဟု  ဦးလှမိုးက ပြောသည်။

သို့သော် ဧပြီလ ၁၁ ရက်နေ့ ဖြစ်စဉ်ကို လုံးဝမသိရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှ အရှင်ဝီရသူက ဖုန်း massage ပို့၍ အကြောင်းကြားမှသာ သိရှိရသောကြောင့် ၁၃ ရက်နေ့တွင် သာကေတ NLD ရုံးသို့ သွားရောက် စုံစမ်း၍ ၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်စုံစမ်းခဲ့ကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဆရာတော် ဦးကေသရက မိန့်သည်။

” စခန်းသွားစုံစမ်းတော့ အမှုမဖွင့်ရသေးဘူး။ မြို့နယ်မှူး ဦးဝင်းအောင်နီက စေတီတွေဟာ ပိတ်စပေါ်မှာ လုပ်ထားတာ သဘောရိုးနဲ့ လုပ်တာပါလို့ ထပ်ခါတလဲလဲ ပြောတယ်။ အထည်အကုန်လုံးမပါဘဲနဲ့ ကွက်တိကွက်ကျား ဟိုတစ ဒီတစ ပါတဲ့အတွက်ကြောင့် မှားယွင်းစွာ ပါလာတာလို့ ပြောတယ်။ နောက်တခုက ဗုဒ္ဓဘာသာဝင်တွေပါတဲ့။အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေတဲ့။ အထည်တွေမှာ စေတီပုံပါတာ ဘယ်သူနစ်နာသလဲတဲ့။ နစ်နာတဲ့သူ အမှုဖွင့်၊ တိုင်ပေါ့တဲ့။ အထည်တွေတောင်း ကြည့်တော့ မရှိတော့ဘူး။အထက်ကို တင်လိုက်ပြီတဲ့။ သက်သေခံ ပစ္စည်းကို ကျုပ်တို့ကို ထုတ်မပြဘူး။ မြို့နယ်မှူးက ပိတ်စ ပိတ်လိပ်လို့ အကြိမ်ကြိမ် သုံးတယ်။ ဒီ အစက ဗြောင်မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူမှ လုံချည်ချုပ်မ၀တ်ဘူး။ ထမီပဲ ချုပ်ကြမှာ”ဟု ဦးကေသရက ဧရာဝတီသို့ မိန့်သည်။

ထိုသို့ မေးမြန်းစုံစမ်းမှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးကေသရက ဆိုသည်။

ဘာသာရေး ရှုထောင့်မှ ကြည့်ပါက ဘာသာ သာသနာအတွက် လွန်စွာ နစ်နာကြောင်း၊ ဘုရားစေတီသည် ဗုဒ္ဓသာသနာအတွက် အထွတ်အမြတ်ဖြစ်ကြောင်း၊ အမျိုးသမီးဝတ် လုံချည်ဖြစ်သော အင်္ဂါဝရ နေရာတွင် ရိုက်နှိပ်ထားခြင်းသည် ဗုဒ္ဓဘာသာကို မဖွယ်မရာလုပ်ဆောင်သည့် သဘော ဖြစ်နေကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးနေမိန္ဒက မိန့်သည်။

”ဦးဇင်းတို့က တိုင်းရုံးကို စုံစမ်းမေးမြန်းမှ မြို့နယ်ရုံးမှာ ဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဦးဇင်းတို့ ပြန်လာပြီး ညကျမှ ဖွင့်ပေးတာ။ ပြီးတော့ ဒီဆိုင်ကို အငြိုးထားတာ မဟုတ်ဘူး။ ဘယ်က လာလဲဆိုတဲ့ Source ကိုလည်း သိချင်တယ်”ဟု ဦးနေမိန္ဒက ဆိုသည်။

စေတီတော်ပုံ အထည်စများ ရောင်းချမိခြင်းကို လုံးဝမသိရှိခဲ့ကြောင်း မေခလာအထည်ဆိုင် ပိုင်ရှင် ဒေါ်မေခလာသိန်းက ဧရာဝတီသို့ ပြောသည်။

”ရှက်လည်း ရှက်တယ်။ စိတ်လည်းညစ်တယ်”ဟူ၍သာ  ဒေါ်မေခလာသိန်းက ကောက်ချက်ချ ပြောဆိုပြီး မိမိသည် ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်ကြောင်း၊ နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်ကြောင်း၊ ဆရာတော် သံဃာတော်များကို အပတ်စဉ် ဆွမ်းကပ်လျက်ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးတွင် ဘုရားတည် ကျောင်းဆောက်လျက်ရှိကြောင်း အထောက်အထား ဓါတ်ပုံများစွာ ထုတ်ပြခဲ့သည်။

”အမေ ကိုယ်တိုင်လည်း လက်မခံဘူး။ ရအောင် ဖော်ထုတ်ပါ။ အမေတို့ ကိုယ်တိုင် ဘုရားတည်နေတာပါ” ဟု ဒေါ်မေခလာသိန်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။

ပြဿနာ ဖြစ်ပေါ်လျက်ရှိသော အထည်စ ပိတ်စများမှာ ၂၀၁၁-၁၂ ခုနှစ်ထဲတွင် မော်လမြိုင်မြို့မှ တင်သွင်းခဲ့ပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့ရာမှ ဈေးကွက် အနေအထားအရ ယခုလတွင် ထုတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ မေခလာအထည်ဆိုင်မှ ကိုကျော်လှိုင်သိန်းက ပြောသည်။

”ဒီလို အချိန်မျိုးမှာ ကျနော် ဘယ်လိုလုပ်ပြီး ရောင်းရဲမှာလဲ။ တကယ် သိသိကြီးနဲ့ ရောင်းခဲ့ရင် အခုချိန်ထွက်ပြေးနေပြီ”ဟု ကိုကျော်လှိုင်သိန်းက ဆိုသည်။

အထည်အလိပ်ပေါ်ရှိ စေတီပုံများမှာ ထိုင်းနိုင်ငံ၏ Trade Mark တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၄င်းပုံစံစေတီ မရှိကြောင်း၊ မေခလာအထည်ဆိုင်မှ အထည်စများကို မသိရှိဘဲ ရောင်းချခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မေခလာ မှာ ဗုဒ္ဓဘာသာဆိုင်ဖြစ်ကြောင်းကို အာမခံကြောင်း ရွှေဝါရောင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍ၀ံသက ဧရာဝတီကို မိန့်သည်။

”ထိုင်းနိုင်ငံက အယုဒ္ဓယဘက်မှာ ပိတ်တွေမှာ ဒီလိုပုံတွေ ရိုက်နေကြ။ အခုကိစ္စက ဘာသာရေး အစွန်းရောက်သူတွေ ထွင်တဲ့ လမ်းကြောင်းပါ။ ရိုးသားမှု မရှိပါဘူး”ဟု ဦးပဏ္ဍ၀ံသက မိန့်သည်။

မေခလာ အထည်ဆိုင် ၃ ဆိုင်ရှိရာ ယင်းအထည်စများကို မေခလာ(သမီး)ဆိုင်၌သာ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)

ထက်နိုင်ဇော် ( ဧရာဝတီ)
စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည် တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။ သို့သော် ဧရာဝတီမှ စုံစမ်းသိရှိရသမျှ အမှုသွား အမှုလာများအရ အထည်ဆိုင်ပိုင်ရှင်ကို တရားစွဲဆိုနိုင်လောက်သည့် အထောက်အထားများ မတွေ့ရှိရဘဲ ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများနေ သည့် စေတီပုံ ဒီဇိုင်းဆင်ထားသည်ဆိုသော အထည်စများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ် တင်သွင်း လာသော အစများ ဖြစ်ဖွယ်ရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ယုဇနပလာဇာ မျက်နှာစာတမ်းအနီးရှိ မေခလာ(သမီး) အထည်ဆိုင်တွင် ရောင်းချလျက်ရှိသော ပိတ်စအချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည် ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသက်နိုင်က ဧရာဝတီသို့ ပြောသည်။ ‘အစကတော့ ထမီစလည်း ချုပ်လို့ရတယ်။ အကျီစလည်း ချုပ်လို့ရတယ်။ ပါတိတ်ပေါ့။ ကျနော်တို့ ၇ ထည် မိထားတယ်”ဟု သူက ပြောသည်။

ချည်ထည်အစများတွင် စေတီပုံ ရိုက်နှိပ်ထားခြင်းကို ကာယကံရှင် ဆိုင်ရှင်များကိုယ်တိုင် မသိရှိဘဲ ရဲများဝင်ရောက် ရှာဖွေမှသာ သိရှိရသည်ဟု ထွက်ဆိုထားကြောင်း စခန်းမှူးက ရှင်းပြသည်။

ယခုကိစ္စကို တိုင်းခရိုင် အဆင့်ဆင့်တင်ပြခဲ့ပြီး သင်္ကြန်ကာလ အလုပ်ရှုပ်နေသောကြောင့် အမှုမဖွင့်ဘဲ ထားခဲ့ရာ ဘာသာရေး အဖွဲ့အစည်းတခုမှ အမှုဖွင့်ပေးရန် ဖိအားပေး တောင်းဆိုသောကြောင့် ဧပြီလ ၁၄ ရက်နေ့တွင် သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ ၂၉၅ ဖြင့် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မင်းမင်းအောင်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း၊ စခန်းမှူးကိုယ်တိုင်က အမှုစစ်အရာရှိ အဖြစ်ဆောင်ရွက်နေကြောင်းလည်း ရှင်းပြသည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အထည်အလိပ်များမှ မော်လမြိုင်ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မော်လမြိုင် အဆက်အသွယ်ကို လိုက်လံ ဖော်ထုတ်လျက် ရှိကြောင်း၊ မေခလာပိုင်ရှင်မှာ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားတည် ကျောင်းဆောက်နေသူ ဖြစ်ကြောင်း၊ ဆိုင်အပေါ်ထပ်သို့ ၀င်ရောက် ရှာဖွေရာ ဘုရားစင်တစ်ခုကို တွေ့ရှိရကြောင်း၊ သက်သေခံပစ္စည်းကို သိမ်းဆည်း ထားပြီး စေတီ ပုံမှာ ပြောင်းပြန်လှန်လိုက်မှသာ နောက်ကျောဘက်တွင် တွေ့ရှိရကြောင်း၊အထည်စတိုင်းတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ အချို့အစများတွင်သာ တွေ့ရှိရကြောင်း ရဲအရာရှိ ဦးသက်နိုင်က ဧရာဝတီနှင့် တွေ့ဆုံရာတွင် ရှင်းပြသည်။

ထိုသို့ စေတီပုံပါရှိကြောင်း ရဲတပ်ဖွဲ့သို့ ဖမ်းဆီးရန် သတင်းပေးသူများမှာ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။ ဇာတ်လမ်းအစမှာ ဧပြီလ ၁၁ ရက်နေ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပြေ ၃ ရပ်ကွက် ဥက္ကဋ္ဌ ဒေါ်ဥမ္မာ ဆိုသူသည် မေခလာ(သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စတစ်ခုဝယ်ယူခဲ့ရာ အထည်စတွင် စေတီပုံပါနေသောကြောင့် အံ့သြသွားခဲ့ကြောင်း၊ အတူပါရှိလာသူ အဖော်များကို ပြ၍ မိမိအား ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ ဟုတ်မှန်နေကြောင်း သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ဦးလှမိုးက ဧရာဝတီသို့ပြောသည်။

”ကျနော်လည်း မြို့နယ်ကို သတင်းပို့ပြီး ရပ်ကွက်ရုံးကို သွားတယ်။ ရဲတွေခေါ်တယ်။ ပြီးရင် ၀င်ဖမ်းတယ်။ ရဲတွေ ၀င်ဖမ်းတော့ ဘာမှမရှိဘူး။ ပထမ ပြောထားတုန်းက လိုသလောက်ရတယ်လို့ ပြောထားတာ။ ကိုယ်တိုင်ဝယ်ခဲ့တဲ့ မဥမ္မာက ကြားတွေကြားတွေမှာ ညှပ်ညှပ်ထားတာတွေကို ဆွဲထုတ်ပြတယ်။ အဲဒီအခါကျမှ ထွက်လာတာ”ဟု ဦးလှမိုးက ပြောသည်။

သို့သော် ဧပြီလ ၁၁ ရက်နေ့ ဖြစ်စဉ်ကို လုံးဝမသိရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှ အရှင်ဝီရသူက ဖုန်း massage ပို့၍ အကြောင်းကြားမှသာ သိရှိရသောကြောင့် ၁၃ ရက်နေ့တွင် သာကေတ NLD ရုံးသို့ သွားရောက် စုံစမ်း၍ ၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်စုံစမ်းခဲ့ကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဆရာတော် ဦးကေသရက မိန့်သည်။

” စခန်းသွားစုံစမ်းတော့ အမှုမဖွင့်ရသေးဘူး။ မြို့နယ်မှူး ဦးဝင်းအောင်နီက စေတီတွေဟာ ပိတ်စပေါ်မှာ လုပ်ထားတာ သဘောရိုးနဲ့ လုပ်တာပါလို့ ထပ်ခါတလဲလဲ ပြောတယ်။ အထည်အကုန်လုံးမပါဘဲနဲ့ ကွက်တိကွက်ကျား ဟိုတစ ဒီတစ ပါတဲ့အတွက်ကြောင့် မှားယွင်းစွာ ပါလာတာလို့ ပြောတယ်။ နောက် တခုက ဗုဒ္ဓဘာသာဝင်တွေပါတဲ့။အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေတဲ့။ အထည်တွေ မှာ စေတီပုံပါတာ ဘယ်သူနစ်နာသလဲတဲ့။ နစ်နာတဲ့သူ အမှုဖွင့်၊ တိုင်ပေါ့တဲ့။ အထည်တွေတောင်း ကြည့်တော့ မရှိတော့ဘူး။အထက်ကို တင်လိုက်ပြီတဲ့။ သက်သေခံ ပစ္စည်းကို ကျုပ်တို့ကို ထုတ်မပြဘူး။ မြို့နယ်မှူးက ပိတ်စ ပိတ်လိပ်လို့ အကြိမ်ကြိမ် သုံးတယ်။ ဒီ အစက ဗြောင်မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူမှ လုံချည်ချုပ်မ၀တ်ဘူး။ ထမီပဲ ချုပ်ကြမှာ”ဟု ဦးကေသရက ဧရာဝတီသို့ မိန့်သည်။

ထိုသို့ မေးမြန်းစုံစမ်းမှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးကေသရက ဆိုသည်။

ဘာသာရေး ရှုထောင့်မှ ကြည့်ပါက ဘာသာ သာသနာအတွက် လွန်စွာ နစ်နာကြောင်း၊ ဘုရားစေတီသည် ဗုဒ္ဓသာသနာအတွက် အထွတ်အမြတ်ဖြစ်ကြောင်း၊ အမျိုးသမီးဝတ် လုံချည်ဖြစ်သော အင်္ဂါဝရ နေရာတွင် ရိုက်နှိပ်ထားခြင်းသည် ဗုဒ္ဓဘာသာကို မဖွယ်မရာလုပ်ဆောင်သည့် သဘော ဖြစ်နေကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးနေမိန္ဒက မိန့်သည်။

”ဦးဇင်းတို့က တိုင်းရုံးကို စုံစမ်းမေးမြန်းမှ မြို့နယ်ရုံးမှာ ဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဦးဇင်းတို့ ပြန် လာပြီး ညကျမှ ဖွင့်ပေးတာ။ ပြီးတော့ ဒီဆိုင်ကို အငြိုးထားတာ မဟုတ်ဘူး။ ဘယ်က လာလဲဆိုတဲ့ Source ကိုလည်း သိချင်တယ်”ဟု ဦးနေမိန္ဒက ဆိုသည်။

စေတီတော်ပုံ အထည်စများ ရောင်းချမိခြင်းကို လုံးဝမသိရှိခဲ့ကြောင်း မေခလာအထည်ဆိုင် ပိုင်ရှင် ဒေါ်မေခလာသိန်းက ဧရာဝတီသို့ ပြောသည်။

”ရှက်လည်း ရှက်တယ်။ စိတ်လည်းညစ်တယ်”ဟူ၍သာ ဒေါ်မေခလာသိန်းက ကောက်ချက်ချ ပြောဆိုပြီး မိမိသည် ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်ကြောင်း၊ နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်ကြောင်း၊ ဆရာတော် သံဃာတော်များကို အပတ်စဉ် ဆွမ်းကပ်လျက်ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးတွင် ဘုရားတည် ကျောင်း   ဆောက်လျက် ရှိကြောင်း အထောက်အထား ဓါတ်ပုံများစွာ ထုတ်ပြခဲ့သည်။

”အမေ ကိုယ်တိုင်လည်း လက်မခံဘူး။ ရအောင် ဖော်ထုတ်ပါ။ အမေတို့ ကိုယ်တိုင် ဘုရားတည်နေတာပါ” ဟု ဒေါ်မေခလာသိန်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။

ပြဿနာ ဖြစ်ပေါ်လျက်ရှိသော အထည်စ ပိတ်စများမှာ ၂၀၁၁-၁၂ ခုနှစ်ထဲတွင် မော်လမြိုင်မြို့မှ တင်သွင်းခဲ့ပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့ရာမှ ဈေးကွက် အနေအထားအရ ယခုလတွင် ထုတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ မေခလာအထည်ဆိုင်မှ ကိုကျော်လှိုင်သိန်း က ပြောသည်။

”ဒီလို အချိန်မျိုးမှာ ကျနော် ဘယ်လိုလုပ်ပြီး ရောင်းရဲမှာလဲ။ တကယ် သိသိကြီးနဲ့ ရောင်းခဲ့ရင် အခုချိန်ထွက်ပြေးနေပြီ”ဟု ကိုကျော်လှိုင်သိန်းက ဆိုသည်။

အထည်အလိပ်ပေါ်ရှိ စေတီပုံများမှာ ထိုင်းနိုင်ငံ၏ Trade Mark တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၄င်းပုံစံစေတီ မရှိကြောင်း၊ မေခလာအထည်ဆိုင်မှ အထည်စများကို မသိရှိဘဲ ရောင်းချခဲ့ခြင်း သာ ဖြစ်ကြောင်း၊ မေခလာ မှာ ဗုဒ္ဓဘာသာဆိုင်ဖြစ်ကြောင်းကို အာမခံကြောင်း ရွှေဝါရောင် ကျောင်း တိုက်ဆရာတော် ဦးပဏ္ဍ၀ံသက ဧရာဝတီကို မိန့်သည်။

”ထိုင်းနိုင်ငံက အယုဒ္ဓယဘက်မှာ ပိတ်တွေမှာ ဒီလိုပုံတွေ ရိုက်နေကြ။ အခုကိစ္စက ဘာသာရေး အစွန်းရောက်သူတွေ ထွင်တဲ့ လမ်းကြောင်းပါ။ ရိုးသားမှု မရှိပါဘူး”ဟု ဦးပဏ္ဍ၀ံသက မိန့်သည်။

မေခလာ အထည်ဆိုင် ၃ ဆိုင်ရှိရာ ယင်းအထည်စများကို မေခလာ(သမီး)ဆိုင်၌သာ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)

ထက်နိုင်ဇော် ( ဧရာဝတီ)

No comments:

Post a Comment