Friday 22 March 2013

မိတ္ထီလာမှာ တုတ်၊ဓားကိုင်သူတွေကို စတင်အရေးယူ



မိတ္ထီလာ၊ မတ်လ ၂၂ ရက်

 မိတ္ထီလာခရိုင်အတွင်းကအဓိကရုဏ်းဖြစ်ပွားနေတဲ့မိတ္ထီလာ၊ဝမ်းတွင်း၊သာစည်နဲ့မလှိုင်မြို့နယ်တွေကိုအရေးပေါ် အခြေအနေ ကြေညာပြီးနောက်မှာ မိတ္ထီလာမြို့တွင်းမှာ တုတ်၊ ဓားကိုင်ပြီးသွားလာနေသူတွေကို စတင် အရေးယူနေပြီလို့ မိတ္ထီလာမြို့နယ်ရဲစခန်းက RFA ကိုပြောပါတယ်။
အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင်နယ်မြေတွေက လမ်းဆုံလမ်းခွတွေမှာ ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး မင်္သကာဖွယ်သူတွေကို နီးစပ်ရာ ရဲစခန်းကို ခေါ်ဆောင်ပြီး ဖမ်းဆီးထိန်းသိမ်းနေတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့မဈေးနဲ့လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်တွေအတွင်းကဖောက်ထွင်းခိုးယူနေသူတွေကိုလည်းဖမ်း ဆီးနေ တယ်လို့ သိရပါတယ်။

Photo : RFA/ Kyaw Zawe Win
RFA

No comments:

Post a Comment