Friday 22 March 2013

" မိထ္ထီလာမြို့မှ ပဋိပက္ခကြောင့် နိုင်ငံခြားခရီးသွားဧည့်များ အဟန့်အတား ဖြစ်နိုင်ဟုဆို"


ရန်ကုန် မတ်လ ၂၂

မိတ္ထီလာမြို့နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် နိုင်ငံခြားခရီသွားဧည့်များ၏ ခရီးစဉ်များ ရပ်ဆိုင်းသွား
နိုင်မည့်အခြေအနေ မဖြစ်နိုင်သော်လည်း အဟန့်အတားတစ်ခု ဖြစ်နိုင်ကြောင်းခရီသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။
" ပြည်တွင်းမငြိမ်းချမ်းမှုကြောင့်အဟန့်အတားဖြစ်နိုင်သလို နိုင်ငံခြားဧည့်အတွက် စိတ်မငြိမ်းချမ်း မှုတွေဖြစ် လာမယ်" ဟု ဒဏ္ဍာရီ ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာကပြောသည်။

ပြည်တွင်းခရီးသွားမည့် နိုင်ငံခြားဧည့်များအနေဖြင့် လက်ရှိတွင် ခရီးစဉ် ရပ်ဆိုင်းခြင်းနှင့် ယခင်ယူထားသော
ကြိုတင်ခရီးစဉ်များကို ဖျက်သိမ်းခြင်း မရှိသေးကြောင်း All Asia Exclusive ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာ ကပြောသည်။

" မိထ္ထီလာ က ခရီးသွားလမ်းဆုံ တစ်ခုလိုပဲ၊ညာဘက်သွားရင် ပုဂံ၊ဟိုဘက်ဆို အင်းလေး၊ရှေ့ဘက်ဆင်းရင်
ရန်ကုန်၊မန္တလေးက ဆင်းရင်လည်း ဖြတ်ရတာပဲ၊ခုက ရုတ်တရက် ထဖြစ်တာ"ဟု ဒဏ္ဍာရီခရီးသွားလုပ်ငန်းမှ ဒါရိုက်တာက ထပ်လောင်းပြောသည်။

ref:popular

No comments:

Post a Comment