Friday 22 March 2013

Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် ရန်ကုန်မြို့သို့ ရောက်ရှိ၊ ပြည်တွင်းအိုင်တီ လုပ်ငန်းရှင်များ၊ အိုင်တီဝါသနာရှင်များနှင့် MICT Park ၌ တွေ့ဆုံဆွေးနွေးနေ

ရန်ကုန်၊ မတ်လ ၂၂ ရက်


Google ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ်သည် မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဲရစ်ရှမစ်သည် ၄င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် အိုင်တီနယ်ပယ်မှ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အိုင်တီဝါသနာရှင်များနှင့် MICTDC ရှိ Conference Hall တွင် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို မတ်လ ၂၂ ရက်(ယနေ့) နံနက် ၉နာရီ ခွဲခန့်တွင် စတင်ပြု လုပ်လျှက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အခြားနယ်ပယ် အသီးသီးမှ စိတ်ပါ ၀င်စား သူများလည်း တက်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။
ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် အင်တာနက်ကို အသုံးချ၍ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုး တိုးတက် ရန် ဆောင် ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အဲရစ်ရှမစ်သည်၂၀၁၃၊ဇန်န၀ါရီလအတွင်းက မြောက်ကိုရီးယား နိုင်ငံသို့သွားရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ မလာရောက်မီ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။

Google သည် အင်တာနက် ရှာဖွေရေး အင်ဂျင်အဖြစ်သာမက Gmail, Google+ စသည့် အခြား ၀န်ဆောင်မှုများနှင့် Google Nexus စသည့် ထုတ်ကုန်များပါ ကျော်ကြားမှုရှိနေပြီး ယင်းဝန်ဆောင်မှု များကို ပြည်တွင်း၌ သုံးစွဲမှုများစွာ ရှိနေကြောင်း သိရသည်။

Google Company ကို ၁၉၉၈ ခုနှစ်တွင် Larry Page နှင့် Sergey Brin တို့က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် Larry Page က စီအီးအိုအဖြစ် တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။ အဲရစ်ရှမစ် အနေဖြင့် Google တွင် စီအီးအိုအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် Larry Page က စီအီးအိုအဖြစ် ပြောင်းလဲတာဝန်ယူ လုပ်ကိုင်ခဲ့သည်။

Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်အလို မတ်လ ၂၁ ရက်နေ့၌ Google ၀က်ဘ်ဆိုက်ကို www.google.com.mm ဟူသော မြန်မာနိုင်ငံ ကိုယ်စားပြု ဒိုမိန်းဖြင့် စတင် အသုံးပြု လာနိုင်ကြောင်း သိရသည်။

ref:EMG

No comments:

Post a Comment