Friday 22 March 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက်မဖြစ်စေရန် နီးစပ်ရာစာစစ်ဌာနများတွင်ပြောင်းလဲဖြေဆိုခွင့်ပြုခဲ့

မိတ္ထီလာ၊ မတ်လ ၂၂ ရက်

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မိတ္ထီလာမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသူများ အနှောင့် အယှက် မဖြစ်စေရန်အတွက် စာမေးပွဲဖြေဆိုသူများအား မိမိတို့နှင့် နီးစပ်ရာ စာစစ်ဌာနများတွင် ပြောင်းရွှေ့ ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့၌မတ်လ၂၀ရက်နေ့တွင်စတင်ဖြစ်ပွားခဲ့သောပဋိပက္ခကြောင့် အဆောက် အအုံနှင့် ဈေးဆိုင်ခန်း အချို့နှင့် မိတ္ထီလာမြို့နယ်ပညာရေးမှူးရုံး မီးရှို့ဖျက်စီးခြင်း ခံခဲ့ရသော်လည်းတက္ကသိုလ်ဝင် စာမေးပွဲစစ်ဆေးသည့် စာစစ်ဌာနများ ထိခိုက်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။သို့ရာတွင် အဆိုပါမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေ သည့် ကျောင်းသား များ အနှောင့်အယှက် မဖြစ်စေရေး၊သွားလာရေး လွယ်ကူစေရေးတို့အတွက် စာမေးပွဲဖြေဆိုသူများအား နီးစပ်ရာစာစစ် ဌာနများတွင် ယနေ့(မတ်လ ၂၂ ရက်နေ့)စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည့်ဘောဂဗေဒ ဘာသာရပ်ဖြေဆိုသည့်နေ့ တွင် ဖြေဆို ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

''မနေ့ကတော့မိတ္ထီလာမြို့မှာပထ၀ီဘာသာရပ် ဖြေဆိုမယ့်သူမရှိပါဘူး။ဒီနေ့ဘောဂဗေဒဘာသာ ရပ် ဖြေဆိုတဲ့နေ့ မှာေ တာ့ ကျောင်း  သားတွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့နဲ့ သွားရေးလာရေး အဆင်ပြေစေဖို့ ကိုယ်နဲ့နီးစပ်တဲ့ စာစစ်ဌာ နမှာ ဖြေဆိုခွင့်ပေးခဲ့ပါတယ်''ဟု အ.ထ.က(၁) မိတ္ထီလာမြို့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မိတ္ထီလာမြို့တွင် ၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန(၈)ခု ထားရှိထားပြီး ဘောဂဗေဒ ဘာသာ ရပ် ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန် စာရင်းရှိဦးရေ(၃၃၃၉)ဦး ရှိသော်လည်း(၂၉၆၄)ဦး လာရောက်ဖြေဆိုခဲ့ပြီး (၃၇၅)ဦး ဖြေဆိုရန် ပျက်ကွက် ခဲ့ကြောင်း သိရှိရသည်။

''အချို့ကျောင်းသားတွေက ကိုယ့်အိမ်မီးရှို့ခံရတဲ့အထဲမှာ ပါသွားလို့ စာမေးပွဲ သွားမဖြေကြတဲ့သူတွေလည်း ရှိပါတယ်။ စာစစ်ဌာနတွေ ကတော့ ဘာမှမဖြစ်ပါဘူး။ကျောင်းသားတွေကို နီးစပ်ရာ စာစစ်ဌာနတွေမှာ ဖြေဆိုခွင့်ပြုခဲ့တာကလွဲလို့ ဘာမှ မဖြစ်ခဲ့ပါဘူး'' ဟု မိတ္ထီလာမြို့နေ ဒေသခံတစ်ဦးက ဆိုသည်

 
 
ref:EMG

No comments:

Post a Comment