Friday 22 March 2013

မိတ္ထီလာအရေး ဗီဂျေနမ်ဘီးယား ကြေညာချက်ထုတ်ပြန်



ရန်ကုန် မတ် ၂၂

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အခြားဒေသများသို့ ဆက်လက်ကူးစက်ပြန့်ပွားမှုမရှိစေရန် နှင့် နောက်ထပ်အသက် ဆုံးရှုံးမှုများ မရှိစေရန်အတွက် အာဏာပိုင်များ၏ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်သကဲ့သို့ ဘာသာရေးနှင့် လူမှု အဖွဲ့အ စည်းေ ခါင်းဆောင်များကလည်း မိမိတို့၏ နောက်လိုက်နောက်ပါများအား ပဋိပက္ခအကြမ်းဖက်မှုများ အဆုံးသတ်ရန် နှင့် တရား ဥပဒေ ကို လေးစားလိုက်နာရန် တိုက်တွန်းအားပေးရမည်ဖြစ်ကြောင်း ကုလအထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယား ကဆိုသည်။
ယမန်နေ့ညက မြန်မာနိုင်ငံသို့ ရောက်လာသော ကုလအထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယားက မိတ္ထီလာမြို့ ပဋိပက္ခတွင်းသေ ဆုံးခဲ့ရသူများနှင့် ပျက်ဆီးဆုံးရှုံးမှုများ အတွက် အလွန်ပင်ဝမ်းနည်းမိကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။

ယခုအရေးနှင့်ပတ်သတ်၍ မြန်မာအစိုးရအဖွဲ့ထိပ်တန်း ခေါင်းဆောင်များ ၊ အဖွဲ့အစည်းခေါင်းဆောင်များနှင့် လွှတ်တော်ဥက္ကဌများ က ထုတ်ပြန်ပြောဆိုခဲ့သော သဘောထားများမှာ ချီးမွမ်းလေးစား ဖွယ်ကောင်းပြီး ပဋိပက္ခဒေသတွင်း အာဏာပိုင်များ က နိုးနိုးကြားကြား တာဝန်ထမ်းဆောင် ရန်လိုအပ်သည်ဟု ပါရှိသည်။
 
ref:popular

1 comment:

  1. ဘာသာရေးခေါင်းဆောင်ကုလားကကုလားတွေကိုထိန်းပါ။မြန်မာတွေကသနားတတ်တယ်။မြန်မာတွေကသူများအသက်ကိုအလကားနေရင်းမသတ်ဘူး။ကိုယ့်ကိုစော်ကားလို့တုန့်ပြန်တာပဲရှိတယ်။တစ်ခုတော့ပြောမယ်။မြန်မာ့သွေးကရဲတယ်။

    ReplyDelete