Friday 22 March 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင် သတင်းများမှာ ကောလာဟလ များသာဖြစ်ပြီး ကူးစက်မှု မဖြစ်စေရန် ကြိုတင်စီမံထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား


ရန်ကုန်၊မတ်လ ၂၂ ရက်

မိတ္ထီလာခရိုင်အတွင်း လက်ရှိ ဖြစ်ပွားနေသော ဘာသာရေး အဓိကရုဏ်း ဖြစ်စဉ်များနှင့် ဆက်စပ်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်းလတ်တလောထွက်ပေါ်နေသောသတင်းများမှာ ကောလာဟလများသာဖြစ်ကြောင်း ရန် ကုန်တိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိတ္ထီလာခရိုင်မှ အဓိကရုဏ်း အသွင်များ ကူးစက်မှု မရှိစေရန် ကြိုတင်စီမံ ထားကာ လုံခြုံရေး အင်အားကို တိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိ ယ ရဲမှူးကြီး သက်လွင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က “ဒီလို ဆူပူ မှုတွေ ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေထဲက အဓိက အချက်တစ်ချက်က နောက်ကွယ်ကနေ ကြိုးကိုင် လှုံ့ဆော်နေ တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရှိတယ်။ ဒါတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့ လိုအပ်တယ်။ အခု ရန်ကုန်တိုင်း အတွင်းမှာလည်း မိတ္ထီလာမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေနဲ့ ဆက် စပ်ပြီး ဆူပူမှုတွေ ဖြစ်တော့မယ်။ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှု လုံးဝမရှိဘူး။ ဒါတွေက ကော လာ ဟလတွေသာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင်ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ ဖြစ်သည့်လှိုင်သာယာ၊အင်းစိန်၊လှိုင်၊ မင်္ဂလာတော င်ညွှန့်၊ သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် သန်လျင် စသည့်မြို့နယ်များတွင် ဘာသာရေး အသွင်ဆောင် သည့် အခြေအနေများ ဖြစ်ပွားနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“ဒီလိုဖြစ်စဉ်တွေမှာ ပြဿနာ မကြီးကြီးအောင် ဖန်တီးနေတဲ့ လူတွေက အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ၊ ပညာ မဲ့တဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အသိဥာဏ်ရှိဖို့လိုအပ်တယ်။ ဒီလို ဆူပူမှုတွေ ရန်ကုန် တိုင်းအတွင်း မဖြစ်စေဖို့ အစစအရာရာ ကြိုတင်ပြင်ဆင် ထားတယ်။ ညပိုင်းတွေမှာ ရဲတပ်ဖွဲ့ဝင် အင် အားတွေတိုးမြှင့်ပြီး လုံခြုံရေး ဆောင်ရွက်နေတယ်။ အကယ်၍ ဆူပူမှုတွေ ဖြစ်ပွားအောင် ပြဿနာ စတင်ပြီ ဆို တာနဲ့ ဥပဒေနဲ့အညီ ဖြေရှင်းသွားမယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်း အသွင်ဖြစ်စဉ်များ ဖြစ်ပွားနေသည်ဟု သတင်း များထွက်ပေါ်သည်နှင့်သက်ဆိုင်ရာမှအမြန်ဆုံးသွားရောက်ပြီး စုံစမ်းစစ်ဆေးမှုနှင့် လုံခြုံရေးများ ဆောင်ရွက် လျက်ရှိသည်။

ref:EMG

3 comments:

  1. ဘာသာရေးခေါင်းဆောင်ကုလားကကုလားတွေကိုထိန်းပါ။မြန်မာလူမျိုးတွေကသနားတတ်တယ်။သူများအသက်ကိုအလကားနေရင်းမသတ်ဘူး။ကိုယ့်ကိုစော်ကားလို့သာတုန့်ပြန်တာ။တစ်ခုတော့ပြောမယ်။မြန်မာ့သွေးကရဲတယ်။

    ReplyDelete
  2. ရွှေနိုင်ငံကcommentကိုချက်ချင်မတင်ရဲဘူး။လကြောက်။

    ReplyDelete
  3. This comment has been removed by a blog administrator.

    ReplyDelete