Friday 22 March 2013

မိတ္ထီလာမြို့တွင်း အပ်ကျသံပင်ကြားရလောက်အောင် ငြိမ်သက်နေ


မိတ္ထီလာမြို့တွင်းတွင် အပ်ကျသံပင်ကြားရလုနီးပါးတိတ်ဆိတ်နေကြောင်း မိတ္ထီလာဒေသခံ တစ်ဦးဖြစ်သော ဒေါက်တာဆန်း လှိုင်ကို ဆက်သွယ်မေးမြန်းချက် အရသိရသည်။“ သမ္မတ အမိန့်ကို ကားတွေနဲ့လှည့်ပြီး ကြေညာနေပါတယ်။ အခုဆိုရင် မြို့ထဲမှာ ဘာဆိုဘာမှ မဖြစ်ခဲ့သလို ငြိမ်သက်နေပါတယ်။ တစ်ချို့လမ်းတွေလည်း ပိတ်ဆို့ထားပါတယ်” ဟု၎င်းကပြောကြားခဲ့သည်။ မနေ့က ဗုဒ္ဓဘာသာဝင်များ ခြံရံ၍ ပို့ဆောင်ခဲ့သော ခရိုင်အားကစားကွင်းတွင် မွတ်စလင်ပေါင်း ၃၆၀၀ ခန့် ရှိနေပြီဖြစ်ပြီး ဗုဒ္ဓဘာသာဝင် အိုးမဲ့အိမ်မဲ့များမှာလည်း တစ်ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
 
ref:the Street View

No comments:

Post a Comment