Friday 8 March 2013

ပိုမိုမြင့်တက်လာသည့် ကိုရီးယားကျွန်းဆွယ်ပေါ်မှ တင်းမာမှုများ

 ပိုမိုမြင့်တက်လာသည့် ကိုရီးယားကျွန်းဆွယ်ပေါ်မှ တင်းမာမှုများ

မကြာသေးမီက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုနှင့် စပ်လျဉ်း၍ ပိတ်ဆို့မှုများ ထပ်မံ ချမှတ်ရန် အမေရိကန် ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့ကသဘောတူညီမှု ရရှိခဲ့ပြီးနောက် ကိုရီး ယား ကျွန်း ဆွယ်ပေါ် မှ စစ်ပွဲကို အဆုံး သတ်စေခဲ့သည့် ၁၉၅၃ ခုနှစ် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ကို ပယ်ဖျက် မည်ဟု မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက် လာခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်ပေါ် တွင် တင်းမာမှုများ ပိုမို မြင့်တက်လာမည့် အလားအလာများကို တွေ့ရသည်။

အမေရိကန်- တောင်ကိုရီးယားနိုင်ငံတို့အကြား မတ် ၁ ရက်က စတင်ပြုလုပ်ခဲ့သည့် ပူးတွဲစစ်ရေး လေ့ ကျင့်မှု အား ကျူးကျော်စစ် ဆင်နွှဲရန် ပြင်ဆင်မှု ပြုလုပ်ခြင်းဟု မြောက်ကိုရီးယား တို့က ယူဆထားပြီး ကိုရီး ယား ကျွန်းဆွယ်ပြန်လည် ပေါင်းစည်းရေး အတွက် လိုအပ်ပါက တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကိုရီး ယား ပြည်သူ့ တပ်မတော်၏ အမြင့်ဆုံး ဌာနချုပ်က မတ် ၅ ရက်က သတိပေးထားခဲ့သည်။ ယင်းသတိပေး ချက် ပေါ်ထွက်လာပြီးနောက်မြောက်ကိုရီးယား၏မည်သည့်ရန်စမှုမျိုးကိုမဆိုတုံ့ပြန်သွားမည် ဟု တောင်ကို ရီးယား က ပြန်လည် ပြောကြားထားသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံတို့သည် ၎င်းတို့အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲကို ၁၉၅၃ ခုနှစ် က ချုပ်ဆိုခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ဖြင့်သာ အဆုံး သတ်ခဲ့ခြင်းဖြစ်ပြီး တရား ဝင် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိပေ။ နှစ်နိုင်ငံ အကြား တင်းမာမှုများသည် မြောက်ကိုရီး ယား နိုင်ငံ တွင် ကင်ဂျုံအွန် ခေါင်းဆောင်ဖြစ်လာပြီး နောက်ပိုင်းတွင် ပိုမို မြင့်တက် လာခြင်းဖြစ် ပြီး မြောက် ကိုရီးယားအစိုးရသည် ထိုအချိန်မှ စ၍ ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုများကိုသာမ က နျူကလီးယား စမ်းသပ် မှု ကို ပါ တိုးမြှင့် လုပ်ဆောင် ခဲ့ခြင်းကြောင့် နိုင်ငံတကာ အသိုက်အဝန်း၏ ဝေဖန်မှုကို ခံခဲ့ရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှု နှင့် စပ်လျဉ်း၍ အမေရိကန်နှင့် တရုတ် အစိုးရတို့က သဘော တူညီခဲ့သည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို လည်း မတ် ၇ ရက်နှောင်း ပိုင်းတွင် ချမှတ်နိုင်မည့်   အလားအလာရှိနေ သည်။ အဆိုပါ မူကြမ်းတွင် မြောက်ကိုရီးယား သံ တမန် များ ၏ ခရီးသွားလာမှုကို ပိတ်ပင်တားမြစ်ခြင်း၊ ငွေကြေး လွှဲပြောင်းမှုနှင့် ဇိမ်ခံ ပစ္စည်း ဝယ်ယူမှုများ အပေါ်  ပိတ်ဆို့မည့် အစီအစဉ်များပါ ဝင်ဖွယ်ရှိသည်။ ထို့အပြင် ထပ်မံချမှတ် မည့် ကုလသမဂ္ဂ၏ ဆုံးဖြတ် ချက်မူကြမ်းအရ မြောက်ကိုရီးယားနိုင်ငံမှလူပုဂ္ဂိုလ်သုံးဦး၏ပိုင်ဆိုင်မှုများကိုပိတ်ပင်သွားမည့် အပြင် မြောက် ကိုရီးယားစစ်တပ်နှင့်ဆက်နွှယ်သည့် ကော်ပိုရေးရှင်းကြီးနှစ်ခုအပေါ်သို့လည်းအရေးယူပိတ်ဆို့မှု များ ပြုလုပ် သွားမည် ဖြစ်သောကြောင့် အဆိုပါ မူကြမ်းသည် ကုလသမဂ္ဂ  လုံခြုံရေး ကောင်စီက ချမှတ်ခဲ့ သမျှသော ပိတ်ဆို့အရေးယူ မှုများ အနက် အပြင်းထန်ဆုံးသော ပိတ်ဆို့မှု တစ်ရပ်ဖြစ်လာ ဖွယ်ရှိကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် ဆူဇန်ရိုက်စ်က ပြောကြားထားသည်။

တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား အစိုးရသည် တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့က ပူးတွဲပြု လုပ်သည့် စစ်ရေး လေ့ကျင့်မှုကို တုံ့ပြန်ရန် အတွက် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ ပါဝင်သည့် စစ်ရေး လေ့ ကျင့်မှုများကို လုပ်ဆောင်လျက်ရှိပြီး စစ်ရေး လေ့ကျင့်မှုကြီးများကို ထပ်မံပြုလုပ်ရန် စီစဉ် လျက် ရှိသည်။ ထို့အပြင် တတိယ အကြိမ်ပြုလုပ်ခဲ့သည့်  နျူကလီးယား စမ်းသပ်မှုတွင်  အောင်မြင်မှု ရရှိခဲ့ သည့် အတွက် ဒုံးကျည်များတွင် တပ်ဆင်ပစ် ခတ်နိုင်သည့် ထိပ်ဖူးများကို မြောက်ကိုရီးယား နိုင်ငံက ထုတ် လုပ်နိုင်ရန် နီးစပ်လာပြီလား ဟူသည့် သံသယစိတ်များသည် ကိုရီးယား ကျွန်းဆွယ် ပေါ်တွင် တစ်စ ထက်တ စ်စ   ပိုမိုကြီးထွားလာ လျက်ရှိတော့သည်။   

refးမြ၀တီ

No comments:

Post a Comment