Friday 8 March 2013

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အတွက် ဥရောပကော်မရှင်မှ ယူရို သန်း၁၅ဝ ထောက်ပံ့ရန် ကတိကဝတ်ပြု

မြန်မာနိုင်ငံတွင် ၂ဝ၁၅အထွေထွေ ရွေးကာက်ပွဲ မတိုင်မှီ ဒီမိုကရစီ အရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ဥရောပကော်မရှင်မှ ယူရိုသန်း ၁၅ဝ ထောက်ပံ့ပေးမည်ဟု ကတိကဝတ် ပြုခဲ့ကြောင်း သိရသည်။

မြန်မာသမ္မတ ဦးသိန်းစိန်သည် သြစတြီးယားနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ ရှိ ဥရောပယူနီယံ EU ဗဟိုဌာနသို့  ပထမဆုံးအကြိမ်အလည်အပတ်ရောက်ရှိနေခိုက်အဆိုပါအဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေဆုံ ဆွေးနွေးပြီး သဘောတူညီမှုများ ရရှိခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန်သည် အဆိုပါ ဥရောပ ၁ဝ ရက်ခရီးစဉ် အတွင်း ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်ဘာရိုဆို၊ EU ဥက္ကဋ္ဌ ဟာမန်းဗန်ရွန်ပွိုင်း၊ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ ကတ်သရင်း အက်ရှ်တန် တို့နှင့် တွေ့ဆုံဆွေး နွေးခဲ့ခြင်း ဖြစ်သည်။

”EUနဲ့မြန်မာနိုင်ငံဟာ ဆက်ဆံရေး စာမျက်နှာသစ် ဖွင်လှစ် လိုက် ပြီ ဖြစ်ပါတယ်။ ဒါကြောင့် တွေ့ ဆုံ ဆွေးနွေးမှုတွေ၊ အကူအညီအ ထောက်အပံ့တွေ၊ ကုန်သွယ်မှုနဲ့ ရင်း နှီးမြှုပ်နှံမှုတွေ ပိုပြီးမြင်တွေ့ရတော့ မှာ ဖြစ်ပါတယ်”ဟု ဘာရိုဆိုက ပြောကြားခဲ့သည်။EU အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေး ဆွေးနွေး မှုများကို အထောက်အကူ ပြုနိုင်မည့် ငြိမ်းချမ်းရး စင်တာအား ဆက်လက်ထောက် ပံ့ ပေးသွားမည်ဖြစ်ပြီး ၂ဝ၁၅ မြန်မာ့ ရွေးကောက်ပွဲကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွတ်စေရန် ပူးပါင်းဆောင် ရွက်သွား မည်ဟု ကြေ ညာခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုများ နှင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အ တွက် ထောက် ပံ့ငွေ ယူရိုသန်း ၁၅ဝ ပံ့ပိုးပေးသွားမည် ဖြစ်ကာ နောက်ထပ်လည်း ထပ်မံ တိုးမြှင့်ပံ့ပိုးမှု လည်းပြု လုပ် မည်ဖြစ်ကြောင်း၊ပဋိပက္ခ ဖြစ်ပွားနေသောရခိုင်ဒေသအတွက်လည်း ယူရို ၅ ဒသမ ၅ သန်း အပို ထပ်ဆောင်း ထောက်ပံ့မည် ဖြစ်ကြာင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

No comments:

Post a Comment