Friday 8 March 2013

မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးရန် အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ်ချက် မူကြမ်းအား တရုတ်နှင့် အမေရိကန် နိုင်ငံတို့က သဘော တူညီ


မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးရန် အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ်ချက် မူကြမ်းအား တရုတ်နှင့် အမေရိကန် နိုင်ငံတို့က သဘော တူညီ


မြောက်ကိုရီးယား၏ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တတိယ အကြိမ် မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးရန် အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ် ချက် မူကြမ်းအား တရုတ်နှင့် အမေရိကန် နိုင်ငံတို့က သဘော တူညီခဲ့ကြောင်း ကုလသမဂ္ဂ သံတမန်များက ပြောကြားခဲ့ ပါသည်။

မတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် လုံခြုံရေးကောင်စီ အစည်းအဝေး၌ အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ်ချက် မူကြမ်းအား ဖြန့်ဝေရန် အမေရိကန် နိုင်ငံက မျှော်လင့် ထားပါသည်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ စလုံးက မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှု အပေါ် ပြစ်တင်ရှုတ်ချသည့် ကြေညာချက်အား အတည် ပြုခဲ့ပြီး အရေးယူမှုများ ပိုမိုပြု လုပ်ရန် ကတိပြုခဲ့ ကြပါသည်။ မြောက်ကိုရီးယား အပေါ် ချမှတ်ထားသည့် ဆုံးဖြတ်ချက်အား မတ်လအတွင်း အတည် ပြုနိုင်မည်ဟု လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ရုရှား သံအမတ်ကြီး ဗစ်တာ လီချာကင်က ပြောကြားခဲ့ ပါသည်။
မြ၀တီ

ဇင်ယော်
https://www.facebook.com/ZinYawNews

 
မြောက်ကိုရီးယား၏ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တတိယ အကြိမ် မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးရန် အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ် ချက် မူကြမ်းအား တရုတ်နှင့် အမေရိကန် နိုင်ငံတို့က သဘော တူညီ ခဲ့ကြောင်း ကုလသမဂ္ဂ သံတမန်များက ပြောကြားခဲ့ ပါသည်။

မတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် လုံခြုံရေးကောင်စီ အစည်းအဝေး၌ အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ်ချက် မူကြမ်း အား ဖြန့်ဝေရန် အမေရိကန် နိုင်ငံက မျှော်လင့် ထားပါသည်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ စလုံး က မြောက် ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှု အပေါ် ပြစ်တင်ရှုတ်ချသည့် ကြေညာချက်အား အတည် ပြုခဲ့ပြီး အရေးယူမှုများ ပိုမိုပြု လုပ်ရန် ကတိပြုခဲ့ ကြပါသည်။ မြောက်ကိုရီးယား အပေါ် ချမှတ်ထားသည့် ဆုံးဖြတ်ချက်အား မတ်လအတွင်း အတည် ပြုနိုင်မည်ဟု လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ရုရှား သံအမတ်ကြီး ဗစ်တာ လီချာကင်က ပြောကြားခဲ့ ပါသည်။
 
 
 
ref:မြ၀တီ

No comments:

Post a Comment