Friday 8 March 2013

၂၀၁၇ ခုနှစ်တွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံကိန်း အဆင့် ၁ အပြီးဆောက်လုပ် သွားရန် စီစဉ်လျက်ရှိ



 
 ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်းမှာ စီမံကိန်း အဆင့် ၁ အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်/ထွက် သွားလာနိုင်ဖို့တည်ဆောက် သွားမှာ ဖြစ်ပြီး အဲ့ဒီ စီမံကိန်း အဆင့် ၁ ကို ၂၀၁၇ ခုနှစ်မှာ အပြီး ဆောက်လုပ် သွားဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို လေဆိပ် ဆောင်ရွက်ဖို့ အတွက် လုပ်ငန်းရှင်များ ကိုတော့ ၂၀၁၂ခုနှစ် ဇူလိုင်လ အတွင်းမှာ တင်ဒါခေါ်ယူခဲ့ပြီး အဖွဲ့ပေါင်း ၃၀ မှတင်ဒါများ တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။
ပမဏ အရည်အချင်း အတွက် ကုမ္ပဏီများမှ တင်သွင်း လာတဲ့ အချက်အလက် တွေကို စီစစ်ဖို့ အတွက် ကိုတော့ ဂျပန်နိုင်ငံမှ Nippon Koei အတိုင်ပင်ခံ အဖွဲ့ကို ဌားရမ်းပြီး ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒီလို စစ်ဆေးမှု အရ ပဏာမ အရည်အချင်း ကို ကုမ္ပဏီ ၇ ခုမှ အောင်မြင်ခဲ့ပြီး ကုမ္ပဏီများ တင်ဒါ တင်သွင်း နိုင်ဖို့ တင်ဒါ ပုံစံများကို ၂ လပိုင်းမှ စတင် ကာ ရောင်းချလျက် ရှိပါတယ်။ တင်ဒါ Tender Documents ပါ အချက်အလက် များကို အပြန်အလှန် ဆွေးနွေးနိုင်ဖို့ အတွက် လည်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာမှာ pre-Bid Conference ကိုပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် လေဆိပ် တည်ဆောက်ရေး လုပ်ငန်း တွေမှာ စီမံကိန်း အဆင့် ၁ အနေနဲ့ ခရီးသည် ၁၂ သန်း ၀င်ထွက်နိုင်ဖို့ အတွက်ကို ၂၀၁၇ ခုနှစ်မှာ အပြီးဆောက်လုပ် သွားဖို့ စီစဉ်လျက်ရှိ တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ လေဆိပ်မှာ လေဆိပ် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် တင်ဒါခေါ်ယူမှု ကိုလည်း ယခုနှစ် ၂ လပိုင်းမှာ တင်ဒါ ခေါ်ယူခဲ့ပြီးTender Documents များ ဖြန့်ဝေခြင်းနဲ့ pre-Bid Conference ကို ယခုလ အတွင်းမှာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနဲ့ တင်ဒါရှင် များနဲ့တွေဆုံပြုလုပ်မှာ ဖြစ်ပါတယ်။

လေဆိပ် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် တင်ဒါများ တင်သွင်း ရမယ့် နောက်ဆုံးရက် ကိုတော့ ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံး တင်ခွင့်ရမှာဖြစ်ပြီး အဆိုပြုလွှာ အကဲဖြတ်မှုကို ဇွန်လ ၁၀ ရက်နေ့ အထိ သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မှာတော့ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် ဖွံ့ဖြို့ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် လုပ်ငန်းတွေ ကိုတော့ တင်ဒါ ရွေးချယ်ခံရတဲ့ တင်ဒါရှင်နဲ့ ညှိနှိုင်း ဆောင်ရွက်မှု များပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
ref:MRTV-4

No comments:

Post a Comment