Friday 8 March 2013

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်
Friday, March 8, 2013

မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။

“မှုခင်းတပ်ဖွဲ့သုံး ခရမ်းလွန်ရောင်ခြည်မီး၊ မှုခင်း သဲလွန်စရှာမီး၊ ဓာတုဗေဒသုံး အနီအောက် ရောင်ခြည်စက်နှင့် မှုခင်းတပ်ဖွဲ့သုံး True Scan လက်ပုံစံ အလိုအလျှောက်စစ်ဆေးစက်၊ Signal Jammer၊ လူဖြတ်စဉ် စစ်ဆေးစက်နှင့် X-Ray စက်များ တပ်ဆင်ပေးနိုင်ရန် ထည့်သွင်း တောင်းခံထားပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ပြည်ထောင်စု ဒု-ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း က ပြောဆိုသွားသည်။

ထို့အပြင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် X-Ray စက်၊ လူဖြတ်စဉ် စစ်ဆေးစက်၊ လက်ကိုင် သတ္တုစစ်ဆေးစက်၊ ဒစ်ဂျစ်တယ် မိုက်ခရိုစကုပ်၊ ပိုလီရေး၊ လက်ဗွေ သဲလွန်စ ရှာစက်၊ မိုက်ခရိုလင့် ကင်မရာနှင့် ဖလက်ဂန်းများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများလည်း ဝယ်ယူတပ်ဆင်ခဲ့သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် ၁၉၉၈ ခုနှစ်တွင် အာဆီယံနိုင်ငံများ ရဲတပ်ဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများ၊နိုင်ငံ
တကာရှိ အမျိုးသားဗဟိုအဖွဲ့နှင့် ပူးပေါင်းပြီး ဆေးဝါးတု ပူးပေါင်း တိုက်ဖျက်
နှိမ်နင်းရေး၊ မုန်တိုင်းစစ်ဆင်ရေးနှင့် ကျားမှုခင်းများတိုက်ဖျက်ရေး စသည့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်” ဟု ဒု-ဝန်ကြီးက ဆိုသည်။

သာကေတမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမောင်မောင်စိုး က မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ကို နိုင်ငံတကာရဲတပ်ဖွဲ့များနည်းတူ အရည်အချင်းများ၊ အရည်
အသွေးများ၊ နည်းပညာများ ပြည့်ဝစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို မေးမြန်းချက်အား ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ခင်မျိုးသွယ်
မဇ္ဈိမ
 
 
Friday, March 8, 2013

မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။
“မှုခင်းတပ်ဖွဲ့သုံး ခရမ်းလွန်ရောင်ခြည်မီး၊ မှုခင်း သဲလွန်စရှာမီး၊ ဓာတုဗေဒသုံး အနီအောက် ရောင်ခြည်စက်နှင့် မှုခင်းတပ်ဖွဲ့သုံး True Scan လက်ပုံစံ အလိုအလျှောက်စစ်ဆေးစက်၊ Signal Jammer၊ လူဖြတ်စဉ် စစ်ဆေးစက်နှင့် X-Ray စက်များ တပ်ဆင်ပေးနိုင်ရန် ထည့်သွင်း တောင်းခံထားပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စု ဒု-ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း က ပြောဆိုသွားသည်။

ထို့အပြင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် X-Ray စက်၊ လူဖြတ်စဉ် စစ်ဆေးစက်၊ လက်ကိုင် သတ္တုစစ်ဆေးစက်၊ ဒစ်ဂျစ်တယ် မိုက်ခရိုစကုပ်၊ ပိုလီရေး၊ လက်ဗွေ သဲလွန်စ ရှာစက်၊ မိုက်ခရိုလင့် ကင်မရာနှင့် ဖလက်ဂန်းများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများလည်း ဝယ်ယူတပ်ဆင်ခဲ့သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် ၁၉၉၈ ခုနှစ်တွင် အာဆီယံနိုင်ငံများ ရဲတပ်ဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများ၊နိုင်ငံ တကာရှိ အမျိုးသားဗဟိုအဖွဲ့နှင့် ပူးပေါင်းပြီး ဆေးဝါးတု ပူးပေါင်း တိုက်ဖျက် နှိမ်နင်းရေး၊ မုန်တိုင်းစစ်ဆင်ရေးနှင့် ကျားမှုခင်းများတိုက်ဖျက်ရေး စသည့် စစ်ဆင်ရေး များ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်” ဟု ဒု-ဝန်ကြီးက ဆိုသည်။

သာကေတမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမောင်မောင်စိုး က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာရဲတပ်ဖွဲ့များနည်းတူ အရည် အချင်းများ၊အရည်အသွေးများ၊ နည်းပညာများ ပြည့်ဝစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် မည်ကဲ့သို့ ပူးပေါင်း ဆောင် ရွက်လျက်ရှိသည်ကို မေးမြန်းချက်အား ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ref:မဇ္ဈိမ

No comments:

Post a Comment