Friday 8 March 2013

အီရန် ကြည်းတပ်ဖွဲ့များ အနေဖြင့် လာမည့် ရက်များအတွင်း နိုင်ငံ၏ အနောက်တောင်ပိုင်းနှင့် အလယ်ပိုင်း တို့၌ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်သွားရန် စီစဉ်



အီရန် ကြည်းတပ်ဖွဲ့များ အနေဖြင့် လာမည့် ရက်များအတွင်း နိုင်ငံ၏ အနောက်တောင်ပိုင်းနှင့် အလယ်ပိုင်း တို့၌ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိကြောင်း ပြည် တွင်း မီဒီယာများမှ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါ သည်။
အီရန် ကြည်းတပ်ဖွဲ့များ အနေဖြင့် Khatam ol-Anbia အမည်ရှိ စစ်ရေး လေ့ကျင့်ခန်း ပထမ အဆင့်အား နိုင်ငံ အနောက်တောင် ပိုင်း Khuzestan စီရင်စု၌ မတ်လ ၉ ရက်နေ့တွင် စတင်၍ ၃ ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း အီရန် ကြည်းတပ်ဖွဲ့ အကြီး အကဲ ဗိုလ်ချုပ်ကြီး Ahmad-Reza Pourdastan ၏ ပြောကြားချက်ကို ကိုးကား၍ Fars သတင်း အေဂျင်စီမှ ထုတ်ပြန် ကြေညာခဲ့ ပါသည်။ စစ်ဆင်ရေး ဆောင်ရွက်နေစဉ် အတွင်း ထိန်းချုပ် နိုင်မှုများအား တိုးမြှင့်ရန် ရည်ရွယ် လုပ်ေ ဆာင်ခြင်း ဖြစ်ကြောင်း Pourdastan က ပြောကြားခဲ့ပြီး အီရန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယန္တရား တင် တပ်ဖွဲ့များ၊ သံချပ်ကာနှ င့် အမြောက် တပ်ဖွဲ့များ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Pourdastan က ထပ်လောင်း ပြောကြားခဲ့ ပါသည်။ Khatam ol-Anbia အမည်ရှိ စစ်ရေးလေ့ ကျင့်ခန်း ပထမအဆင့် ပြုလုပ်ပြီးနောက် အီရန် ကြည်းတပ် အနေဖြင့် နိုင်ငံ၏ အလယ်ပိုင်း၌ ဒုံးပျံ စစ်ရေးလေ့ကျင့် ခန်း တစ်ခုအား ပြုလုပ်ရန် အစီအစဉ် ရေးဆွဲထားကြောင်း သိရှိရ ပါသည်။

ref:မြ၀တီ

No comments:

Post a Comment