Friday 8 March 2013

ကုလလူ့အခွင့်အရေးကိုယ်စားလှယ်အစီရင်ခံစာ အစိုးရပယ်ချ

 Quintana

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖာက်မှုတွေဆက်ရှိ နေတယ်ဆိုတဲ့ကုလသမ္မဂ မြန်မာနိုင်ငံဆိုင်ရာ လူ့ အ ခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာ ထဲက အ ချက်တွေ ကို မြန်မာ အစိုးရက ပယ်ချ လိုက်ပါတယ်။မတ်လ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ကိုယ်စား လှယ်ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက နေ့ချင်းပဲ တချက်ချင်းစီ တုံ့ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးကြောင့် ဖမ်းဆီးထားသူများ မရှိပဲ ဥပဒေ ချိုးဖာက်သူတွေကိုသာ အရေး ယူကြောင်း အစိုးရက တုံ့ပြန် ပြောပါတယ်။မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်တွင်းမှာ အစိုးရဘက် က လူ့အခွင့်အရေး ချိုးဖာက်မှုတွေကိုပဲ ပြောပြီး KIA ကချင် အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ချန်လှပ် ထားကြောင်း၊ ရခိုင် ပြည်နယ်တွင်းမှာ သွားလာခွင့်တွေ ကန့်သတ့်တာ၊ ဖမ်းဆီး နှောက်ယှက်တာတွေလည်း မရှိတဲ့ အပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားကြောင်း အစိုးရ တုံ့ပြန်မှုထဲမှာ ဖော်ပြ ထားပါ တယ်။လူ့ အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အာရှဆိုင်ရာ အကြီးတန်း သုတေသီ မစ္စတာ ဒေးဗစ် မက်သီယာ ဆင်ကတော့ အစိုးရရဲ့ ဒီလို သိမ်းကြုံးပြီး ငြင်းချက် ထုတ်တဲ့အပေါ် စိတ်ပျက် မိကြောင်း ပြောပါ တယ်။အစိုးရဘက်က လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အရင်တုံးက နည်းလမ်းအတိုင်း ဆက်ဆောင်ရွက်နေ တဲ့ သဘော တွေ့ရတယ်လို့ မစ္စတာ မက်သီယာဆင်က ပြောပါတယ်။မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း နိုင်ငံရေးအကျဉ်းသား၊ ကလေးစစ်သား နဲ့ အဓမလုပ်အားပေး ပပျောက်ရေးတွေမှာ နိုင်ငံတကာနဲ့ ပူးတွဲ လုပ်ဆောင်လာပြီး တိုးတက်မှုတချို့ ရှိလာပေမယ့် အခုလို အစိုးရဘက်က ငြင်းဆိုမှုတွေကတော့ အေ တာ်ေ လး အံ့အားသင့် စိတ်ပျက်ကောင်းတယ်လို့ ပြောပါတယ်။ကချင်နဲ့ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖာက်မှုတွေဟာ ထင်ထင်ရှားရှား ရှိနေတဲ့ အကြောင်းလည်း သူက ထောက်ပြပါတယ်။ဒါပေမယ့် ကုလသမ္မဂ အစီရင်ခံစာမှာ ကချင်ပြည်နယ်တွင်း KIA ဘက်ကလည်း လူ့အခွင့်အရေး ချိုးဖာက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ချန်လှန်ထားတယ်ဆိုတဲ့ အစိုးရရဲ့ ပြောဆိုမှုကိုတော့ သဘောတူနိုင်ပြီး အစိုးရ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေကိုတော့ မဘော မတူနိုင်သေးကြောင်းလည်း ပြောပါတယ်။

ကုလသမ္မဂအနေနဲ့ မြန်မာနိုင်ငံကို စောင့်ကြည့်လေ့လာ သတင်းပို့ဖို့ လိုတဲ့ နိုင်ငံ အဖြစ် ဆက်ထား ရှိ သင့်ကြောင်း ၊ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်လည်း ဆက် ထားရှိရုံတင်မက မြန်မာနိုင်ငံမှာ ကုလ သမ္မဂ လူ့အခွင့်အရေး ရုံးဖွင့်ပြီး ဆောင်ရွက် သင့်ကြောင်းလည်း မစ္စတာ မစ်သီယာဆင်က အကြံပြု ပြောဆိုပါတယ်။

ref:BBC

No comments:

Post a Comment