Saturday 19 January 2013

Lamborghini Diablo ကို ကုမ္မဏီ နှစ် ၃၀ ပြည့်အထိမ်း အမှတ်

Photo: Lamborghini Diablo ကို ကုမ္မဏီ နှစ် ၃၀ ပြည့်အထိမ်း အမှတ်ကြောင့် လူသိများခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်က ထုတ်လုပ်ပြီး ၂၀၀၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။

စုစုပေါင်း အစီးရေ ၂၈၈၄ စီးသာ ရှိပါတယ်။ Diablo နာမည်အောက်မှာ အစီး ၉၀၀၊ VT အစီးရေ ၄၀၀၊ SE300 ၂၅ (အမေရိကန်သီးသန့်)၊ SE 30 Jota ၂၈ စီး၊ VT Roadster အစီး ၂၀၀ နဲ့ ကျန်တာကတော့ SV ဖြစ်ပါတယ်။ အစောဆုံးမော်ဒယ်ကတော့ Diablo ဖြစ်ပြီး အစီး ၉၀၀ နဲ့ Brand သက်သက်ခွဲလိုက်ပါတယ်။

သို့ပေမယ့် အားလုံးရဲ့ အင်ဂျင်ကတော့ တူတူတွေချည်းဖြစ် ပါတယ်။ ၅၇၀၀ စီစီ ၁၂လုံးပူး V အင်ဂျင် ဖြစ်ပါ တယ်။ ရှေ့ဘီးမောင်၊ နောက်ဘီးမောင်း၊ လေးဘီးမောင်း နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ Lamborghini ထုတ်သမျှထဲမှာ တစ်နာရီ မိုင် ၂၀၀ အထက်ပြေးတဲ့ ပထမဆုံးကားဖြစ်ခဲ့ ပါတယ်။ ဘာလို့လဲဆိုတာ သူ့ရဲ့  Top Speed က တစ်နာရီ ၂၀၂ မိုင် ရှိလို့ပဲ ဖြစ်ပါတယ်။

ကာဘွန်ဖိုက်ဘာ သားနဲ့လုပ်တဲ့ ဘော်ဒီကြောင့်လဲ ကားရဲ့ ဝိတ်ကို လျော့ချထားပေးပါတယ်။ Murcielago ထွက်ရှိချိန် မှာ ရပ်တန့်ခဲ့ပေမယ့် သူ့ရမှာ အသုံးပြုတဲ့ နည်းပညာ က ခေတ်မှီနေဆဲ ဖြစ်ပါတယ်။ ဥပမာ- ကွန်ပျူတာနဲ့ ထိန်းချုပ်တဲ့ ဆီကျွေးစနစ်၊ မဂ္ဂနီဆီယမ်သား နဲ့လုပ်သော လေဝင် Manifold, ကားလေးဘီးလို့ကို အီလက်ထရောနစ်သုံး ထိန်းချုပ်ပေးမယ့် Brembo Disc brake စနစ်၊ စတာတွေပဲ ဖြစ်ပါတယ်။ နောက်က အင်ဂျင် စက်ဖုံးကိုလည်း ပါဝါဖွင့်ပိတ်စနစ် အသုံးပြုပေးထား ပါတယ်။ ၁၇ လက်မကျယ်တဲ့ အလူမီနီယံ အလွိုင်းဘီး နဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အရှည် ၁၇၆ လက်မ၊ အမြင့် ၄၃.၉လက်မ၊ အကျယ် ၈၀.၃ လက်မ အတိုင်းအတာရှိပါတယ်။ ဘော်ဒီစတိုင် အနေနဲ့ အမိုးပွင့် Roadster နဲ့ အလုံပိတ် Coupe နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ တံခါး နှစ်ပေါက် နှစ်ယောက် စီး အဆင့်မြင့် ဇိမ်ခံပြိုင်ကား ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ၅နဲ့ ရောင်းချခဲ့ပါတယ်။ ယနေ့ခေတ်မှာ ပြန်လည်ရှာ ဝယ်မယ်ဆိုရင် ဈေးက၂ သိန်းခွဲထက် သုံးလေးဆမက ကြီးနေမှာ ဖြစ်ပါတယ်။
----
Ref:Lamborghin
http://www.colayonline.com.mm/automobilei
ColayOnline:Automobile
Lamborghini Diablo ကို ကုမ္မဏီ နှစ် ၃၀ ပြည့်အထိမ်း အမှတ်ကြောင့် လူသိများခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်က ထုတ်လုပ်ပြီး ၂၀၀၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ စုစုပေါင်း အစီးရေ ၂၈၈၄ စီးသာ ရှိပါတယ်။ Diablo နာမည်အောက်မှာ အစီး ၉၀၀၊ VT အစီးရေ ၄၀၀၊ SE300 ၂၅ (အမေရိကန်သီးသန့်)၊ SE 30 Jota ၂၈ စီး၊ VT Roadster အစီး ၂၀၀ နဲ့ ကျန်တာကတော့ SV ဖြစ်ပါတယ်။ 
 
 အစောဆုံးမော်ဒယ်ကတော့ Diablo ဖြစ်ပြီး အစီး ၉၀၀ နဲ့ Brand သက်သက်ခွဲလိုက်ပါတယ်။ သို့ပေမယ့် အားလုံးရဲ့ အင်ဂျင်ကတော့ တူတူတွေချည်းဖြစ် ပါတယ်။ ၅၇၀၀ စီစီ ၁၂လုံးပူး V အင်ဂျင် ဖြစ်ပါ တယ်။ ရှေ့ဘီးမောင်၊ နောက် ဘီးမောင်း၊ လေးဘီးမောင်း နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ Lamborghini ထုတ်သမျှထဲမှာ တစ်နာရီ မိုင် ၂၀၀ အထက်ပြေးတဲ့ ပထမဆုံးကားဖြစ်ခဲ့ ပါတယ်။ ဘာလို့လဲဆိုတာ သူ့ရဲ့  Top Speed က တစ်နာရီ ၂၀၂ မိုင် ရှိလို့ပဲ ဖြစ်ပါတယ်။ ကာဘွန်ဖိုက်ဘာ သားနဲ့လုပ်တဲ့ ဘော်ဒီကြောင့်လဲ ကားရဲ့ ဝိတ်ကို လျော့ချ ထားပေးပါတယ်။ Murcielago ထွက်ရှိချိန် မှာ ရပ်တန့်ခဲ့ပေမယ့် သူ့ရမှာ အသုံးပြုတဲ့ နည်းပညာ က ခေတ်မှီနေဆဲ ဖြစ်ပါတယ်။ ဥပမာ- ကွန်ပျူတာနဲ့ ထိန်းချုပ်တဲ့ ဆီကျွေးစနစ်၊ မဂ္ဂနီဆီယမ်သား နဲ့လုပ်သော လေဝင် Manifold, ကားလေးဘီးလို့ကို အီလက်ထရောနစ်သုံး ထိန်းချုပ်ပေးမယ့် Brembo Disc brake စနစ်၊ စတာတွေပဲ ဖြစ်ပါတယ်။ နောက်က အင်ဂျင် စက်ဖုံးကိုလည်း ပါဝါဖွင့်ပိတ်စနစ် အသုံးပြုပေးထား ပါတယ်။ ၁၇ လက်မကျယ်တဲ့ အလူမီနီယံ အလွိုင်းဘီး နဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အရှည် ၁၇၆ လက်မ၊ အမြင့် ၄၃.၉လက်မ၊ အကျယ် ၈၀.၃ လက်မ အတိုင်းအတာရှိပါတယ်။ ဘော်ဒီစတိုင် အနေနဲ့ အမိုးပွင့် Roadster နဲ့ အလုံပိတ် Coupe နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ တံခါး နှစ်ပေါက် နှစ်ယောက် စီး အဆင့်မြင့် ဇိမ်ခံပြိုင်ကား ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ၅နဲ့ ရောင်းချခဲ့ပါတယ်။ ယနေ့ခေတ်မှာ ပြန်လည်ရှာ ဝယ်မယ်ဆိုရင် ဈေးက၂ သိန်းခွဲထက် သုံးလေးဆမက ကြီးနေမှာ ဖြစ်ပါတယ်။ 
 
From : ColayOnline:Automobile

No comments:

Post a Comment