Saturday 19 January 2013

ကမ္ဘာ့နိုင်ငံပေါင်း ၂၀ဝ ကျော်မှ မြန်မာနိုင်ငံရှိနေရာပေါင်း ၂၅၀ သို့ မိနစ်ပိုင်းအတွင်း ငွေလွှဲပို့နိုင်ပြီ

ကမ္ဘာ့နိုင်ငံပေါင်း ၂၀ဝ ကျော်မှ မြန်မာနိုင်ငံရှိနေရာပေါင်း ၂၅၀ သို့ မိနစ်ပိုင်းအတွင်း ငွေလွှဲပို့နိုင်ပြီကမ္ဘာ့နိုင်ငံပေါင်း ၂၀ဝ ကျော်မှ မြန်မာနိုင်ငံရှိ အေးဂျင့်နေရာ ၂၅၀ သို့ မိနစ်ပိုင်းအတွင်း ငွေလွှဲပို့နိုင်ပြီ ဖြစ်ကြောင်း ၁၂-၁-၂၀၁၃ ရက်တွင် ပြုလုပ်သည့် ကမ္ဘာ့ငွေပေးချေရေး လုပ်ငန်းတစ်ခု ဖြစ်သော Western Union နှင့် မြန်မာနိုင်ငံရှိ ဘဏ် ခုနစ်ခုတို့ ပူးပေါင်းဆောင်ရွက်သည့် အခမ်းအနားမှ သိရသည်။
ကမ္ဘာ့ငွေကြေး ပေးချေလုပ်ငန်းတွင် ဦးဆောင်နေသည့် Western Union ၏ ငွေကြေး ပေးချေခြင်း ဝန်ဆောင်မှုကို မြန်မာနိုင်ငံရှိ ဘဏ် ခြောက်ခုတွင် ယနေ့စတင် လုပ်ဆောင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင်း နေထိုင်သူများသည် ပထမဆုံး အနေဖြင့် နိုင်ငံပေါင်း ၂၀၀ကျော်နှင့် နယ်နိမိတ်မျိုးစုံမှ ငွေလွှဲမှုများကို မိနစ်ပိုင်းအတွင်း လက်ခံရယူနိုင်မည် ဖြစ်ကြောင်း Western Union သည် ၂၀၁၂ ခုနှစ် ဇူလိုင်လက အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုကို ဖြေလျော့အပြီး တွင် မြန်မာနိုင်ငံမှ ဘဏ်ခုနစ်ခုနှင့် ပထမဆုံး လက်မှတ်ရေးထိုးပြီး ကမ္ဘာ့အဆင့် ငွေလွှဲလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းရှိ နေရာပေါင်း ၂၅၀ ကိုကိုယ်စားပြုသည့် သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့ရှေ့ဆောင် ဘဏ်၊ မြန်မာ့မွေးမြူရေး နှင့် ရေ လုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ အရှေ့တိုင်းဘဏ် နှင့် ယူနိုက်တက် အမရ ဘဏ်တို့သည် ကမ္ဘာအနှံ့ရှိ Western Union ၏ အေးဂျင့်ပေါင်း ငါးသိန်းကျော်နှင့် ချိတ်ဆက်၍ ငွေလွှဲလုပ်ငန်းကို စတင် လုပ်ကိုင်မည် ဖြစ်ကြောင်း ငွေလွှဲပို့လို သူသည် ကမ္ဘာ့နိုင်ငံတစ်ဝှမ်းရှိ Western Union အေးဂျင့်များတွင် ငွေလွှဲပို့ခြင်း အချက်အလက်များကို ဖြည့်စွက်၍ MTCN ခေါ် လျှို့ဝှက်ကုတ် ၁၀ လုံးအား ဖြည့်စွက်ကာ ပို့နိုင်ပြီး၊ ငွေထုတ်သူကလည်း မှတ်ပုံတင်နံပါတ်နှင့်အတူ ထို MTCN ကုတ်ကို ဖြည့်စွက်၍ ထုတ်ယူနိုင်ကြောင်း၊ ငွေလွှဲပို့ရာတွင် ငါးမိနစ် အတွင်း မိမိပို့လိုသည့် ဘဏ်သို့ရောက်ရှိကြောင်း သိရသည်။

From : နှင်းနှဝေ

No comments:

Post a Comment