Saturday 19 January 2013

စာချုပ်သစ် ချုပ်နိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ်--၀ဲလ်ကော့

စာချုပ်သစ် ချုပ်နိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ်--၀ဲလ်ကော့အာဆင်နယ်မှာ အသင်းကြယ်ပွင့် ၀ဲလ်ကော့ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ကောလာဟလများကို အဆုံးသတ်နိုင်ခဲ့သည်။
ဝဲလ်ကော့မှာ လာမည့်ရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့်သူဖြစ်သော်လည်း ယခုအခါတွင် သုံးနှစ်ခွဲ သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးတစ်ပတ် လုပ်ခပေါင်(၁၀၀၀၀၀) ရရှိမည်ဖြစ်ကာ အသင်းနှင့် စာချုပ်သက်တမ်းပြည့် ဆက်ရှိမည် ဆိုပါက အပိုဆုကြေးငွေ ပေါင်(၃)သန်း ခံစားခွင့်ရရှိမည်ဖြစ်သည်။  
 
အသက်(၁၆)နှစ်အရွယ်တွင် အာဆင်နယ်နှင့် စတင်ပွဲထွက်ခွင့် ရရှိခဲ့သည့် ၀ဲလ်ကော့မှာ အသင်း၏အားထားရသော ကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်လက်ရွှေးစင်အသင်းတွင် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားနိုင်သည်။
 
အာဆင်နယ်နှင့် ၀ဲလ်ကော့စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့် အကြောင်းရင်းတစ်ရပ်မှာ ၎င်းအား အထောင်တိုက်စစ်မှူးနေရာတွင် ကစားခွင့်ပေးခဲ့သော အချက်ကြောင့်လည်းဖြစ်သည်။ အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် ပျော်ရွင်သော်လည်း အသင်းအတွက် ဆုဖလားများရယူ ပေးနိုင်ရန် အရေးကြီးသည်ဟု ၀ဲလ်ကော့မှ ဆိုသည်။

No comments:

Post a Comment