Saturday 19 January 2013

KIA ထောင် ထားသည့် မိုင်းပေါက်ကွဲ လူ ၃ ဦး ဒဏ်ရာ ရရှိ

Photo: KIA ထောင်ထားသည့် မိုင်းပေါက်ကွဲ လူ ၃ ဦး ဒဏ်ရာ ရရှိ
Saturday , January 19, 2013

ဗန်းမော်မြို့၌ KIA အဖွဲ့က ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ ပြည်သူ နှစ်ဦးနှင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိ

ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ဖားကန့်မြို့ အထွက် ပန်းတင်တံတား လမ်းဆုံ၌ ပူးပေါင်း စစ်ဆေးရေး အဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ရာ တံတားထိပ် ကားလမ်းဘေး ပန်းချုံအတွင်းမှ မိုင်းဟု ယူဆရသော အထုပ်နှစ်ထုပ် တွေ့ရှိရ သဖြင့် လုံခြုံရေး တာဝန် ရှိသူများက အချိန်မီ ဖောက်ခွဲ ရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက ဗန်းမော်မြို့နယ် ၃ မိုင် ရွှေပြည်သာ
ကျေးရွာအနီး စက်မှုလက်မှု အထက်တန်း ကျောင်းရှေ့ရှိ ဗန်းမော်- မိုးမောက် ကားလမ်း၌ KIA အဖွဲ့က ထောင်ထားသော မိုင်းနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့မှုကြောင့် သုံးဘီး ဆိုင်ကယ် မောင်းနှင်သူ ဦးသန်းစိုး၊ ဆိုင်ကယ် မောင်းနှင်လာသည့် ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဘဏ်မှ ဦးကျော်ကျော်ဟန် နှင့် ဦးမရမ် အားနန်တို့ မိုင်းစများ စူးဝင် ဒဏ်ရာ 
ရရှိခဲ့ပြီး ဗန်းမော်မှ ၃ မိုင်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုး
နှစ်ချောင်း ပြတ်တောက် ခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသူများအား ဗန်းမော်ဆေးရုံ ကြီး၌ ဆေးကုသ ပေးလျက် ရှိကြောင်း ကချင်ပြည်နယ် အစိုးရထံမှ သိရှိရသည်။

ဓါတ်ပုံသတင်း အပြည့်အစုံသို့ >> http://www.myawady.net.mm/allnews/headline/item/4795-2013-01-19-09-55-58#.UPphoJ28B8F

မြ၀တီဗန်းမော်မြို့၌ KIA အဖွဲ့က ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ ပြည်သူ နှစ်ဦးနှင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိသည်။ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ဖားကန့်မြို့ အထွက် ပန်းတင်တံတား လမ်းဆုံ၌ ပူးပေါင်း စစ်ဆေးရေး အဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ရာ တံတားထိပ် ကားလမ်းဘေး ပန်းချုံအတွင်းမှ မိုင်းဟုယူဆရသော အထုပ်နှစ် ထုပ် တွေ့ရှိရ သဖြင့် လုံခြုံရေးတာဝန် ရှိသူများက အချိန်မီ ဖောက်ခွဲ ရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက ဗန်းမော်မြို့နယ် ၃ မိုင် ရွှေပြည်သာ ကျေးရွာ အနီး စက်မှုလက်မှု အထက်တန်း ကျောင်းရှေ့ရှိ ဗန်းမော်- မိုးမောက် ကားလမ်း၌ KIA အဖွဲ့က ထောင်ထားသော မိုင်းနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့မှုကြောင့် သုံးဘီး ဆိုင်ကယ် မောင်းနှင်သူ ဦးသန်းစိုး၊ ဆိုင်ကယ် မောင်းနှင်လာသည့် ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဘဏ်မှ ဦးကျော်ကျော်ဟန် နှင့် ဦးမရမ် အားနန်တို့ မိုင်းစများ စူးဝင် ဒဏ်ရာ ရရှိခဲ့ပြီး ဗန်းမော်မှ ၃ မိုင်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးနှစ်ချောင်း ပြတ်တောက် ခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသူများအား ဗန်းမော်ဆေးရုံ ကြီး၌ ဆေးကုသ ပေးလျက် ရှိကြောင်း ကချင်ပြည်နယ် အစိုးရထံမှ သိရှိရသည်။

ဓါတ်ပုံသတင်းအပြည့်အစုံသို့ >> http://www.myawady.net.mm/allnews/headline/item/4795-2013-01-19-09-55-58#.UPphoJ28B8F

မြ၀တီ
 

No comments:

Post a Comment