Saturday 19 January 2013

ဒဂုံတက္ကသိုလ် သမိုင်း(ဒုတိယနှစ်)ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ဒဂုံတက္ကသိုလ် သမိုင်း(ဒုတိယနှစ်)ကျောင်းသားတစ်ဦး ယခုလ ၁၇ ရက် နေ့ည ၁၁ နာရီခန့်က မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုရှိ ၎င်း၏အိပ်ခန်းအတွင်း ပြတင်းပေါက် သံတန်းတွင် ပုဆိုးအားအသုံးပြု၍ ခြေထောက်နှင့် ကြမ်းပြင်တစ်လက်မခန့် လွတ်လျက် သေ ဆုံးနေခြင်းဖြစ် သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူ၏ အခန်းအတွင်းမှ ၎င်း၏ဒိုင်ယာရီစာအုပ်ထဲတွင် “ငါ နင့်ကို အဆက်အသွယ် ဖြတ်ထားတာ မဟုတ်ဘူး၊ ရည်းစာတွေ မဖြစ်သင့်ခဲ့ဘူး၊ ဟို တစ်ယောက်ကို သစ္စာဖောက်မရဘူး၊ ငါသွားနှင့်တော့ မယ်“ဟု ရေး သား ထားသော စာကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသေဆုံးမှုနှင့်ပတ်သက်၍ သုဝဏ္ဏရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/၁၃ ဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

NW
Popular Myanmar News Journal

No comments:

Post a Comment