Saturday 19 January 2013

နှစ် ၃၀ မဟာမြို့ပြဖွံ့ဖြိုးမှု စီမံကိန်း တွင် မြို့နယ် ၆ ခုကို အဓိက တိုးချဲ့မည်

Photo: နှစ် ၃၀ မဟာမြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် မြို့နယ် ၆ ခုကိုအဓိကတိုးချဲ့မည်
Friday, January 18, 2013

နှစ် ၃၀ မဟာမြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် မြို့နယ်ပေါင်း ခြောက်မြို့နယ် 
တွင် စုစုပေါင်းဧရိယာ ၁၅၀၀ စတုရန်းကီလိုမီတာ ထပ်မံတိုးချဲ့သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံ ကိန်းဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။

ရန်ကုန်မြို့တော်နယ်နိမိတ်နှင့် ဆက်စပ်မြို့နယ်များဖြစ်သော သန် လျင်၊ ကျောက်တန်း၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်နှင့် တွံတေးမြို့နယ် များကို မြို့ပြဧရိယာအဖြစ် အဓိကတိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

အဆိုပါမြို့နယ်များတွင် တန်ဖိုးနည်းအိမ်ယာစီမံကိန်းများ၊ လမ်း၊ လျှပ်စစ်မီး၊ ရေနှင့် မိလ္လာစနစ်များဖြစ်သည့် အခြေခံအဆောက်အအုံများကို အဓိကပါဝင်တည်ဆောက်နိုင်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့မှ ကျွမ်းကျင်ပညာရှင် များအပါ အ၀င် ပြည်တွင်းပညာရှင်တို့မှ စုပေါင်း၍ရေးဆွဲထားသည်ဟုဆိုသည်။
ထို့ပြင် ယင်းစီမံကိန်းတွင် မြို့တွင်းပိုင်း သိပ်သည်းမှု ကိုဖြေလျော့
ပေးနိုင်ရေး အတွက်ဒုတိယစီးပွားရေးအချက်အခြာနယ်မြေ
(Central Business District) ကိုလည်း မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း အနီးတွင်ဖော်ထုတ်ရန် နိုင်ငံတော် သမ္မတထံခွင့်ပြုချက်တောင်းခံ ထားကြောင်း အထက်ပါဌာနမှူးက ပြောသည်။

7Day News Journal
နှစ် ၃၀ မဟာမြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် မြို့နယ်ပေါင်း ခြောက်မြို့နယ်တွင် စုစုပေါင်းဧရိယာ ၁၅၀၀ စတုရန်းကီလိုမီတာ ထပ်မံတိုးချဲ့သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်း ဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။

ရန်ကုန်မြို့တော်နယ်နိမိတ်နှင့် ဆက်စပ်မြို့နယ်များဖြစ်သော သန် လျင်၊ ကျောက်တန်း၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်နှင့် တွံတေးမြို့နယ် များကို မြို့ပြဧရိယာအဖြစ် အဓိကတိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

အဆိုပါမြို့နယ်များတွင် တန်ဖိုးနည်းအိမ်ယာစီမံကိန်းများ၊ လမ်း၊ လျှပ်စစ်မီး၊ ရေနှင့် မိလ္လာစနစ်များဖြစ်သည့် အခြေခံအဆောက်အအုံများကို အဓိကပါဝင်တည်ဆောက်နိုင်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့မှ ကျွမ်းကျင်ပညာရှင်များအပါ အ၀င် ပြည်တွင်းပညာရှင်တို့မှ စုပေါင်း၍ရေးဆွဲထားသည်ဟုဆိုသည်။  ထို့ပြင် ယင်းစီမံကိန်းတွင် မြို့တွင်းပိုင်း သိပ်သည်းမှု ကိုဖြေလျော့ပေးနိုင်ရေး အတွက်ဒုတိယစီးပွားရေးအချက်အခြာနယ်မြေ (Central Business District) ကိုလည်း မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း အနီးတွင်ဖော်ထုတ်ရန် နိုင်ငံတော် သမ္မတထံခွင့်ပြုချက်တောင်းခံ ထားကြောင်း အထက်ပါဌာနမှူးက ပြောသည်။

From : 7Day News Journal

No comments:

Post a Comment