Saturday 19 January 2013

ဈေးနှိမ်ဝယ်ယူသူများကြောင့် တောင်သူလယ်သမားများ ငွေကြေးခက်ခဲမှု ရှိနေ

Photo: ဈေးနှိမ်ဝယ်ယူသူများကြောင့် တောင်သူလယ်သမားများ ငွေကြေးခက်ခဲမှု ရှိနေ
Friday, January 18, 2013

ကုမ္ပဏီများ ၊ ကုန်သည်များ နှင့် စပါးဝယ်သူများ အချင်းချင်းညှိနှိုင်းပြီး
ဈေးနှိမ်ဝယ်ယူမှုကြောင့် တောင်သူလယ်သမားများအနေဖြင့် ငွေကြေး အခက်အခဲရှိဟု ဒေးဒရဲ တောင်သူလယ်သမားအဖွဲ့ချုပ်မှ ဒုဥက္ကဌ ဦးလှငွေက ပြောကြားသည်။

ရန်ကုန်မြို့၊ ခေတ်သစ်ပြည်သူ့ပါတီရုံးချုပ်၌ ယနေ့ ပြုလုပ်သော
တောင်သူလယ် သမားဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်ပြီးဈေးနှိမ်ဝယ်ယူသူများအပြင် အစိုးရ၏
ချေးငွေမှာ နည်းပါးခြင်းကြောင့်ငွေကြေးအခက်အခဲများ
ရှိနေကြောင်း သိရသည်။

“အစိုးရက ချေးငွေပေးတာနည်းလို့ အပြင်မှ ငွေတိုးချေးယူရပါတယ်။
တောင်သူလယ်သမားတွေမှာ အဓိက ပြဿနာက ငွေကြေးပြဿနာပါ။
ချေးငွေကို အတိုးနည်းနည်းနဲ့ များများ ထုတ်ပေးသင့်တယ်”ဟု ဦးလှငွေက
ပြောကြားသည်။

၎င်းက ဆောင်းရာသီအတွင်း စပါးဈေးနှုန်းနိမ့်လျက်ရှိကြောင်း ပြော
ကြားခဲ့ပြီး ၁ ဧကအားစိုက်ပျိုးပါက ၃သိန်းခွဲခန့် ကုန်ကျကြောင်းနှင့်
ပြန်လည်ရောင်းချရာတွင် ၁ သိန်းခွဲခန့်သာရရှိကြောင်း ထပ်မံဆိုသည်။

တောင်သူလယ်သမားများတွင် ငွေကြေးအခက်အခဲများအပြင် လယ် ယာမြေများ အသိမ်းခံရသည့် ပြဿနာများရှိနေကြောင်းကို ကျိုက်လတ် မှ တောင်သူလယ်သမား ကိုယ်စားလှယ် ဦးတင်အောင်က “ ကျွန်တော်တို့ ကျိုက်လတ်မှာ လယ်သိမ်းတဲ့ ဒုက္ခတွေ ရင်ဆိုင်နေရပါတယ်။ လယ် ယာမြေတွေကို ဇင်းပေါင် ကုမ္ပဏီက မတရားသိမ်းထားပါတယ်။ ညှိနှိုင်း
ဆောက်ရွက်လို့မရပါဘူး”ဟု အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး မအူပင်မြို့နယ် တောင်သူလယ်သမား ကိုယ်စားလှယ် နှစ်ဦးက “ Myanmar Naing Group ကုမ္ပဏီကနေ လယ်ယာမြေ ၂၄၆၆ ဧက ကိုသိမ်းယူခဲ့ပါတယ်။ ၁ ဧကကို ၁၀ သိန်း လယ်သမား တွေကို သီးစားခ အနေနဲ့ တောင်းခံပါတယ်။ ၂၀၁၀ မှာ နှင်အထုတ်ခံရတယ်။ မြေစာရင်း ဌာနကိုလည်း စာပို့ တယ်၊ လွှတ်တော် ကိုလည်း စာပို့တယ်။ လွှတ်တော်ဥက္ကဌ သူရရွှေမန်း ဆင်လာခဲ့တယ်။ ဒါပေမယ့် ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ မြို့ရွာ အုပ်ချုပ်ရေးမှူးတွေက ပေး
မတွေ့ခဲ့ဘူး။ ဝန်ကြီး ပြန်သွားမှ သိရတယ်” ဟုပြောကြားခဲ့သည်။

အလားတူပင် ငွေကြေးအခက်အခဲများနှင့် လယ်ယာမြေ သိမ်းဆည်းခံရ မှုများအား မြန်မာနိုင်ငံနေရာအနှံတွင် တွေ့ရှိရကြောင်းနှင့် အများစုမှာ ကုမ္ပဏီများ၏ စီမံကိန်းလုပ်ကွက်များကြောင့် အသိမ်းဆည်းခံရခြင်း
ဖြစ်ကြောင်း သိရသည်။

“လယ်ယာမြေတွေကို လွတ်လပ်ခွင့်ပေးသင့်တယ်။ဒီတောင်သူလယ်သမား
တွေကိုဒီမိုကရေစီပေးသင့်၊ရထိုက်တယ်။ ၁၉၈၈ ကော့မှုး၊ကွမ်းခြံကုန်း
ပြဿနာမှာလည်း ဦးနုတုန်းကလည်း ဒီမိုကရေစီရှိခဲ့တယ်၊ မင်းတို့ခေတ် ဒီမိုကရေစီမှာလည်း ဘာတွေရမှာလဲလို့ မေးကြတယ်။အစိုးရကလည်း
ငွေတိုးချေးပေးမည်၊ တောင်သူလယ်သမားတွေကလည်း ညှိနိုင်းဆွေးနွေး
အဆင်ပြေမယ်။ မပြေရင်လည်း တောင်သူလယ်သမား ဥပဒေတွေနဲ့ အစိုးရဘက်ကလည်း အဆင်ပြေ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်”ဟု စီးပွားရေး အကြံပေး၊ဥပဒေ ပညာရှင် ဦးတင်သန်းဦးကမြန်မာ့ခေတ်သို့ 
၎င်း၏အမြင်အား ပြောကြားသည်။

အောင်ပြည့်
ဓါတ်ပုံ - စူးရှ
The Myanma Ageကုမ္ပဏီများ ၊ ကုန်သည်များနှင့် စပါးဝယ်သူများ အချင်းချင်း ညှိနှိုင်းပြီး ဈေးနှိမ်ဝယ်ယူမှုကြောင့် တောင်သူလယ်သမားများ အနေဖြင့် ငွေကြေးအခက်အခဲ ရှိဟု ဒေးဒရဲ တောင်သူလယ်သမား အဖွဲ့ချုပ်မှ ဒုဥက္ကဌ ဦးလှငွေက ပြောကြားသည်။
ရန်ကုန်မြို့၊ ခေတ်သစ်ပြည်သူ့ပါတီရုံးချုပ်၌ ယနေ့ ပြုလုပ် သော တောင် သူလယ် သမားဆိုင် ရာ သတင်းစာ ရှင်းလင်းပွဲ တွင်ပြောကြား ခဲ့ခြင်း ဖြစ်ပြီးဈေးနှိမ် ဝယ်ယူသူများအပြင် အစိုးရ၏ချေးငွေမှာ နည်းပါးခြင်းကြောင့်ငွေကြေးအခက်အခဲများ ရှိနေကြောင်း သိရသည်။

“အစိုးရက ချေးငွေပေးတာနည်းလို့ အပြင်မှ ငွေတိုးချေးယူရပါတယ်။ တောင်သူလယ်သမားတွေမှာ အဓိက ပြဿနာက ငွေကြေးပြဿနာပါ။ ချေးငွေကို အတိုးနည်းနည်းနဲ့ များများ ထုတ်ပေးသင့်တယ်”ဟု ဦးလှငွေက ပြောကြားသည်။

၎င်းက ဆောင်းရာသီအတွင်း စပါးဈေးနှုန်းနိမ့်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး ၁ ဧကအားစိုက်ပျိုးပါက ၃သိန်းခွဲခန့် ကုန်ကျကြောင်းနှင့် ပြန်လည်ရောင်းချရာတွင် ၁ သိန်းခွဲခန့်သာရရှိကြောင်း ထပ်မံဆိုသည်။

တောင်သူလယ်သမားများတွင် ငွေကြေးအခက်အခဲများအပြင် လယ်ယာမြေများ အသိမ်းခံရ သည့် ပြဿနာများ ရှိနေကြောင်းကို ကျိုက်လတ် မှ တောင်သူလယ်သမား ကိုယ်စားလှယ် ဦးတင်အောင်က “ ကျွန်တော်တို့ ကျိုက်လတ်မှာ လယ်သိမ်းတဲ့ ဒုက္ခတွေ ရင်ဆိုင်နေရပါတယ်။ လယ် ယာမြေတွေကို ဇင်းပေါင် ကုမ္ပဏီက မတရားသိမ်းထားပါတယ်။ ညှိနှိုင်းဆောက်ရွက်လို့မရပါဘူး”ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး မအူပင်မြို့နယ် တောင်သူလယ်သမား ကိုယ်စားလှယ် နှစ်ဦးက “ Myanmar Naing Group ကုမ္ပဏီကနေ လယ်ယာမြေ ၂၄၆၆ ဧက ကိုသိမ်းယူခဲ့ပါတယ်။ ၁ ဧကကို ၁၀ သိန်း လယ်သမား တွေကို သီးစားခအနေနဲ့ တောင်းခံပါတယ်။ ၂၀၁၀ မှာ နှင်အထုတ်ခံရတယ်။ မြေစာရင်း ဌာနကိုလည်း စာပို့ တယ်၊ လွှတ်တော် ကိုလည်း စာပို့တယ်။ လွှတ်တော်ဥက္ကဌ သူရရွှေမန်း ဆင်လာခဲ့တယ်။ ဒါပေမယ့် ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ မြို့ရွာ အုပ်ချုပ်ရေးမှူးတွေက ပေးမတွေ့ခဲ့ဘူး။ ဝန်ကြီး ပြန်သွားမှ သိရတယ်” ဟုပြောကြားခဲ့သည်။

အလားတူပင် ငွေကြေးအခက်အခဲများနှင့် လယ်ယာမြေ သိမ်းဆည်းခံရမှုများအား မြန်မာနိုင်ငံနေရာ အနှံတွင် တွေ့ရှိရကြောင်းနှင့် အများစုမှာ ကုမ္ပဏီများ၏ စီမံကိန်းလုပ်ကွက်များကြောင့် အသိမ်းဆည်းခံ ရခြင်းဖြစ်ကြောင်း သိရသည်။

“လယ်ယာမြေတွေကို လွတ်လပ်ခွင့်ပေးသင့်တယ်။ဒီတောင်သူလယ်သမားတွေကို ဒီမိုကရေစီပေးသင့်၊ ရထိုက်တယ်။ ၁၉၈၈ ကော့မှုး၊ကွမ်းခြံကုန်း ပြဿနာမှာလည်း ဦးနုတုန်းကလည်း ဒီမိုကရေစီရှိခဲ့တယ်၊ မင်းတို့ခေတ် ဒီမိုကရေစီမှာလည်း ဘာတွေရမှာလဲလို့ မေးကြတယ်။အစိုးရကလည်း ငွေတိုးချေးပေး မည်၊ တောင်သူလယ်သမားတွေကလည်း ညှိနိုင်းဆွေးနွေး အဆင်ပြေမယ်။ မပြေရင် လည်း တောင်သူလယ်သမား ဥပဒေတွေနဲ့ အစိုးရဘက်ကလည်း အဆင်ပြေ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်”ဟု စီးပွားရေး အကြံပေး၊ ဥပဒေပညာရှင် ဦးတင်သန်းဦးကမြန်မာ့ခေတ်သို့  ၎င်း၏ အမြင်အား ပြောကြားသည်။

From : The Myanma Age

No comments:

Post a Comment