Saturday, 19 January 2013

မတော်ဘူးဆိုတာ သေချာပြီလား

Photo: မတော်ဘူးဆိုတာ သေချာပြီလား
Friday, January 18, 2013

ကျွန်တော်ယခုပြောချင်သည့် ပုဂ္ဂိုလ်များသည် တစ်ချိန်က မအောင်မြင်
ခဲ့သော၊ မတော်သော၊ အထင်သေးခြင်း ခံရသောသူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့သည် ကမ္ဘာကျော်တွေဖြစ်လာသည်။
အောင်မြင်သူတစ်ယောက်ဖြစ်ရန်ဆိုသည်မှာ အယ်ဒီဆင်ပြောသလို
ပြောရလျှင် ချွေးက ၉၉ ရာခိုင်နှုန်းလောက် ကျအောင် လုပ်နိုင်မှ၊ 
စိတ်ကူး ၁ ရာခိုင်နှုန်းကို အထောက်အကူပြုနိုင်မည်ထင်ပါသည်။ စိတ်ဓာတ်ကျပြီး နောက်ဆုတ်ပြေးသူတွေအတွက် လောကတွင်
နေရာမရှိဆိုသည့်သဘောဖြစ်သည်။

Woody Allen

အကယ်ဒမီဆုရခဲ့သော စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ
တစ်ယောက်ဖြစ်သည်။ နယူးယော့ခ် ရုပ်ရှင် ထုတ်လုပ်ရေးတက္ကသိုလ်နှင့် နယူးယော့ခ် စီတီးကောလိပ်သို့ တက်ရောက်စဉ်က စာမေးပွဲကျခဲ့သည်။ နယူးယော့ခ်တက္ကသိုလ်တက်စဉ်က အင်္ဂလိပ်စာကျခဲ့သူဖြစ်သည်။

Leon Uris

နာမည်ကျော် စာရေးဆရာတစ်ယောက်ဖြစ်သည်။ Exodus စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သည်။ အထက်တန်း ကျောင်းသားဘဝတွင် အင်္ဂလိပ်
ဘာသာကို သုံးကြိမ်ကျရှုံးခဲ့သည်။

Lucille Ball

၁၉၂၇ ခုနှစ်တွင် သရုပ်ဆောင်သင်တန်းတက်ခဲ့သည်။ John Murray Anderson ကျောင်းမှ သင်တန်းဆရာက “မင်း ဘာဖြစ်ဖြစ် အခြားအလုပ်
တစ်ခုခု၊ အသက်မွေးမှုတစ်ခုခုကို ရှာသင့်တယ်” ဟုပြောကြားခဲ့ဖူးသည်။

Clint Eastwood and Burt Reynolds

၁၉၅၉ ခုနှစ်တွင် Universal Pictures ကုမ္ပဏီမှ အုပ်ချုပ်သူများက ကလင့် အိစ်ဝုဒ်နှင့် ဘတ် ရေးနိုးတို့နှစ် ယောက်ကို ထုတ်ပစ်လိုက်သည်။ ဘတ်ရေးနိုးကို “အရည်အချင်း မရှိ” ဟူ၍လည်းကောင်း၊ ကလင့် အိစ်ဝုဒ်ကို “မင်းက သွားလည်းပဲ့နေသေး၊ လည်ဇလုတ်ကလည်း ရှေ့ကို
ငေါထွက်နေတယ်။ စကားပြောလည်း နှေးတယ်” ဟူဝေဖန်ကာ အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုနှစ်ယောက်စလုံးသည် ရုပ်ရှင်မင်းသားများ
အဖြစ်လည်း ကောင်း၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာများအဖြစ်
လည်းကောင်း အအောင်မြင်ဆုံး ပုဂ္ဂိုလ်များဖြစ်ခဲ့သည်။

Marilyn Monroe

၁၉၄၄ ခုနှစ်တွင် Blue Book Modeling ကုမ္ပဏီမှ ဒါရိုက်တာ Emmeline Snively သည် Norma Jean Baker ဆိုသည့် မော်ဒယ်ကို “မင်း အတွင်းရေးမှူးအလုပ်အတွက် သင်တန်းတက်တာပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြုတာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ကောင်းတယ်” ဟုပြောခဲ့ဖူးသည်။ ထို နော်မာဆိုသူမှာ နောင်တွင် မာရီလင် မွန်ရိုးဆိုသည့် အမည်ဖြင့် ကျော်ကြားသော ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်လာသည်။

Liv Ullman

အကောင်းဆုံး အကယ်ဒမီဆုရှင် (သရုပ်ဆောင်မင်းသမီး) အဖြစ်
နှစ်ကြိမ်တိုင်တိုင် လျာထားသတ်မှတ်ခြင်း ခံရသူဖြစ်သည်။ နော်ဝေးတွင် သရုပ်ဆောင်သင်တန်းကျောင်းတက်စဉ်က လူရွေးပွဲတွင် ကျရှုံးခဲ့ဖူးသည်။ အကဲဖြတ် ဒိုင်များက သူမကို အရည်အသွေးလုံးဝမရှိကြောင်း မှတ်ချက်
ချခဲ့ဖူးသည်။

Malcolm Forbes

ကမ္ဘာပေါ်တွင် စီးပွားရေးမဂ္ဂဇင်းကြီးတစ်စောင်အနေဖြင့် အအောင်မြင်ဆုံး
သော မဂ္ဂဇင်းကြီးတစ်စောင်ဖြစ်သည့် Forbes မဂ္ဂဇင်းကြီး၏ အယ်ဒီတာ
ချုပ်ဖြစ်လာသည်။ ပရင့်စ်တန် တက္ကသိုလ်တွင်ကျောင်းတက်နေစဉ်က
ကျောင်းပိုင်သတင်းစာတစ်စောင်တွင် ဝန်ထမ်းအဖြစ်လုပ်ရန် အလုပ်လျှောက်စဉ်က ရွေးချယ်ခြင်း မခံခဲ့ရသူ ဖြစ်သည်။

Beatles

၁၉၆၂ ခုနှစ် ခန့်က ကြောက်လန့်စိုးရွံ့နေသည့် လူငယ်လေး ၄ ယောက်သည်
Decca Recording ကုမ္ပဏီ၏ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဂစ်တာများကို တီးခတ်ပြီး သီချင်းဆိုဖျော်ဖြေပြခဲ့ဖူးသည်။ သူတို့ လူတွေ့အစစ် ဆေးခံနေကြခြင်းဖြစ်သည်။ အကဲဖြတ်ဒိုင်များက သူတို့ တီးခတ်ဖျော်ဖြေမှုကို လုံးဝစိတ်မဝင်စားခဲ့ကြပေ။ အကဲဖြတ်ဒိုင်
တစ်ယောက်က “အသံတွေကလည်း ဘာသံတွေလဲကွာ။ ဂစ်တာသံတွေကလည်း ကြောင်တောင် တောင်နဲ့” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ထို ၄ ယောက်အဖွဲ့သည် နောင်တွင် Beatles ဆိုသည့်အဖွဲ့အမည်ဖြင့် ကမ္ဘာကျော် တေးဂီတပညာရှင်များဖြစ်လာသည်။

Buddy Holly

Decca Records တွင် ၁၉၅၆ ခုနှစ်က  ပေါလ် ခိုဟင်သည် ဘတ်ဒီ ဟိုလီကို “ကျုပ်နဲ့ အလုပ်အတူတူ တွဲလုပ်တဲ့ သူတွေထဲမှာ အရည်အချင်းမရှိဆုံး” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ပေါလ်သည် ထိုစဉ်က ဂီတလောက တွင် အအောင်မြင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီး သူ့မှတ်ချက်ကြောင့် ဘတ်ဒီ ဟိုလီသည် အလုပ်မှ ထွက်သွားခဲ့ရသည်။ နောက် နှစ်ပေါင်း ၂၀ ခန့်အကြာတွင် Rolling Stone အဖွဲ့က ဟိုလီကို နှစ်ပေါင်း ၆၀ အတွင်း Rock ဂီတလောက၏ အအောင်မြင်ဆုံးပုဂ္ဂိုလ်၊ အကြီးမြတ်ဆုံးလူသားအဖြစ် ဂုဏ်ပြုချီးကျူးခဲ့သည်။

Elvis Presley

၁၉၅၄ ခုနှစ်က Grand Ole Pory ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ဂျင်မီ ဒင်နီသည် အဲလစ် ပရက်စ်လေကို ဂီတပွဲတစ်ခုတွင် ဖျော်ဖြေရန် ခွင့်မပြုခဲ့ပေ။ သူက ပရက်စ်လေကို “ဘာမှ လုပ်မနေပါနဲ့တော့ သားရယ်၊ မင်း ထရပ်ကားပဲ ပြန်မောင်းပါတော့ကွာ” ဟု မှတ်ချက်ချခဲ့သည်။
နောက်ပိုင်းတွင် အဲလစ် ပရက်စ်လေသည် အမေရိကန်တွင် အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး အဆိုကျော်ကြီး
တစ်ယောက်ဖြစ်လာသည်။

Alexander Graham Bell

အလက်ဇန်းဒါး ဂရေဟန် ဘဲလ်သည် ၁၈၇၆ ခုနှစ်တွင် တယ်လီဖုန်းကို တီထွင်ခဲ့သည်။ ထိုစဉ်က တယ်လီဖုန်း သည် စကားပြောခွက်နှင့် အသံထွက်ခွက် သီးခြားစီကိုင်ကာ ပြောရသည်။ တယ်လီဖုန်း သရုပ်ပြပွဲတွင် သမ္မတ ရုသာဖို့ဒ် ဟေးရက်စ်က “တီထွင်မှုကတော့ အံ့သြစရာ
ကောင်းပါတယ်။ ဒါကြီးတွေကို ဘယ်သူက သုံးချင်မှာလဲ” ဟု မှတ်ချက်ချခဲ့ဖူးသည်။

Thomas Edison

သောမတ်စ် အယ်ဒီဆင်သည် အမေရိကန် တီထွင်မှုသမိုင်းတွင် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး ပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်သည်။ သူသည် မစ်ချီဂန်ပြည်နယ် ပို့ ဟူရွန်ကျောင်းသို့ ပထမဦးဆုံး
ကျောင်းလာတက်စဉ်က သူ့ဆရာများသည် “သင်ယူမှု ခံယူနိုင်စွမ်းမရှိသူ” အဖြစ် မှတ်ချက်ချကာ၊ စာမသင်ပေးနိုင်ကြောင်း မိဘများထံ အကြောင်းပြန်ကြားခဲ့သည်။ ရလဒ်မှာ အယ်ဒီဆင်၏ မိခင်ဖြစ်သူက သားကို ကျောင်းမှထုတ်ပြီး အိမ်တွင် ကိုယ်တိုင် စာသင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လူငယ်လေး အယ်ဒီဆင်သည် သိပ္ပံပညာကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ အသက် ၁၀ နှစ်သားတွင် သူပိုင် ဓာတုဗေဒဓာတ်ခွဲခန်းကို ပထမဦးဆုံး ထူထောင်ပြီး စမ်းသပ်ခဲ့သည်။ သူ့ပါရမီ သူ့ကြိုးစားအားထုတ်မှုများ ကြောင့် ဘဝတစ်လျှောက်လုံး တီထွင်မှုအမျိုးအစားပေါင်း၁၃၀၀ ခန့်ကို ပြုလုပ်
ပြသွားနိုင်ခဲ့သည်။ သူက “ပါရမီရှင်ဆိုတာ ချွေးက ၉၉ ရာခိုင်နှုန်း၊ စိတ်ကူးက ၁ ရာခိုင်နှုန်း” ဟုအဓိပ္ပာယ်ဖွင့်ဆိုပြခဲ့သည်။

Thomas Edison

သောမတ်စ် အယ်ဒီဆင်သည် လျှပ်စစ်မီးသီးကို တီထွင်ခဲ့သူဖြစ်သည်။ မီးထွန်းနိုင်သည့် မီးသီးအဆင့်ရောက်ရန် သူသည် အကြိမ်ပေါင်း ၂၀၀၀ ခန့် လက်တွေ့စမ်းသပ် ပြုလုပ်ခဲ့ရသည်။ သတင်းထောက်လေးတစ်ယောက်က ဤမျှ အကြိမ်ပေါင်းများစွာ ကြိုးစားဖန်တီးခဲ့ရသည့်အတွက် မည်သို့ခံစားရပါသနည်း၊ စိတ်မပျက်မိဘူးလားဟု သူ့ကို မေးလိုက်သည်။ အယ်ဒီဆင်က “တစ်ကြိမ်ဆုံးရှုံးတော့ နောက်ထပ် အကြိမ် ၂၀၀၀ ကို ထပ်ပြီးဖန်တီးခွင့် ရသွားတာပေါ့” ဟုပြန်ပြောလိုက်လေသည်။

Chester Carlson

၁၉၄၀ နှစ်များအတွင်းက ချက်စ်တာ ကာလ်ဆန်ဆိုသည့် လူငယ်တီထွင် ဖန်တီးရှင်တစ်ယောက်သည် သူ့စိတ်ကူးအကြံအစည်ကို ကုမ္ပဏီပေါင်း ၂၀ သို့ လိုက်လံချပြခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် နိုင်ငံ၏အကြီးဆုံး ကုမ္ပဏီများလည်း ပါဝင်သည်။ သူတို့အားလုံးက သူ့စိတ်ကူးကို လက်မခံခဲ့ကြပေ။ ၁၉၄၇ ခုနှစ်တိုင် ၇ နှစ်တိတိ သူ့စိတ်ကူးကို မည်သူ့ကိုမျှ ချပြပြီး အကောင်အထည် မဖော်နိုင်ခဲ့။ နောက်ဆုံး သူကိုယ်တိုင် နယူးယော့ခ်မြို့ တော်၊ ရိုချက်စ်တာတွင် ကုမ္ပဏီလေးတစ်ခုကို ထူထောင်လိုက်သည်။ ကုမ္ပဏီအမည်ကိုလည်း Haloid ဟု အမည်ပေးလိုက်သည်။ သူ့ကုမ္ပဏီလေးမှ မိတ္တူကူးစက်များကို စတင်ရောင်းချခဲ့သည်။ နောက်ပိုင်း Haloid ကုမ္ပဏီသည် Xerox Corporation အမည်ဖြင့် ကုမ္ပဏီကြီးဖြစ်လာသည်။ ကာလ်ဆန်လည်း သူဌေးကြီးတစ် ယောက်ဖြစ်လာသည်။

John Milton

ဂျွန် မီလ်တန်သည် အသက် ၄၄ နှစ်အရွယ်တွင် မျက်စိကွယ်သွားသည်။ မျက်စိကွယ်ပြီး နောက် ၁၆ နှစ်အကြာ တွင် ကမ္ဘာ့ ဂန္ထဝင် စာရင်းပေါက်ခဲ့
သည့် Paradise Lost ဆိုသည့် စာအုပ်ကြီးကို ရေးသားနိုင်ခဲ့သည်။

Pablo Casals

အသက် ၉၅ နှစ်အရွယ်ရှိ ပါဘလို ကာဆယ်ကို သတင်းထောက်
လေးတစ်ယောက်က မေးခွန်းတစ်ခုမေးလိုက် သည်။ “မစ္စတာ ကာဆယ်၊ ခုဆိုရင် ခင်ဗျားဟု အသက်အကြီးဆုံး အကျဉ်းသားတစ်ယောက် ဖြစ်နေပါပြီ။ ခင်ဗျား တစ်နေ့ကို ၆ နာရီလောက် ဘာတွေများ လေ့ကျင့်လုပ်ဆောင်
နေတယ်ဆိုတာ သိပါရစေ” ဟု မေးလိုက် သည်။ ကာဆယ်က “အသက်ရှည်အောင် ဘယ်လိုနေရမလဲဆိုတာပဲ တွေးပါတယ်” ဟုပြန်ဖြေလိုက်သည်။

Ludwig van Beethoven

နှစ်ပေါင်းများစွာ နားလေးခဲ့သည့် ဂျာမန် ဂီတပညာရှင်ကြီး ဘီသိုဗင်သည် နောက်ဆုံး လုံးဝမကြားရတော့သည့် အဆင့်သို့ အသက် ၄၆ နှစ်အရွယ်တွင်ရောက်သွားတော့သည်။ သို့သော် သူသည် စိတ်မပျက်၊ သံစုံတီးဝိုင်းကြီး များတွင် တီးမှုတ်ရန် သီချင်းတေးသွား ၅ ပုဒ်ကို
နောက်ဆုံးအချိန်အထိ ဖော်ထုတ်သွားနိုင်ခဲ့သည်။

Douglas Bader

လေယာဉ်ပျက်ကျမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည့် ဗြိတိန် လေကြောင်းတိုက်ခိုက်ရေး လေယာဉ်မောင်း ဒေါက်ဂလပ်စ် ဘေဒါ
သည် ခြေထောက်အတုနှစ်ချောင်းထည့်ပြီးနောက် ဗြိတိသျှ လေကြောင်း တပ်ကို ပြန်လည်အမှုထမ်းရန် ရောက်လာခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်၏ ၃ ကြိမ် တိုင်အဖမ်းခံရပြီး၊ ၃ ကြိမ်စလုံး ပြန်လည်လွတ်မြောက်လာခဲ့သူလည်းဖြစ်သည်။

Terry Fox

ကင်ဆာရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရသည့် ကနေဒါနိုင်ငံသားလေး တယ်ရီ ဖော့က်စ်သည် ကနေဒါကမ်းခြေ
တစ်လျှောက် ခြေထောက်တစ်ဖက်တည်းဖြင့် ပြေးကာ ကင်ဆာသုတေသန ဌာနအတွက် ဒေါ်လာ ၁ သန်း ရန်ပုံငွေရှာပေးနိုင်ခဲ့သည်။ ကင်ဆာက သူ့အဆုတ်သို့လည်း ပျံ့နှံ့လာခဲ့သည်။ သို့သော် သူအားမလျှော့။ သူစတင်ထူထောင်ထားခဲ့သည့် ကင်ဆာဖောင်ဒေးရှင်းကို ဒေါ်လာ သန်း ၂၀ အထိ ရအောင် ရှာပေးသွားနိုင်ခဲ့သည်။

Wilma Rudolph

ဝေမာ ရုဒေါ့သည် အချိန်မတိုင်မီ မွေးလာသောကြောင့် ချူချာသည့် ကလေးတစ်ယောက်ဖြစ်သည်။ အသက် ၄ နှစ်သမီးအရွယ်တွင် အဆုပ်အအေးမိပြီး၊ တစ်ကိုယ်လုံးတွင်နီရဲကာ အဖျားဝေဒနာကိုပါ
ပြင်းထန်စွာ ခံစားခဲ့ရ သည်။ ထိုဝေဒနာများကြောင့်ပင် ဘယ်ခြေထောက်
တစ်ချောင်း မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့ရသည်။ အသက် ၉ နှစ်သမီးတွင်
ခြေထောက်တွင် တပ်ဆင်ထားသည့် သံအထိန်းများကို သူမသည် ဖယ်လိုက်ပြီး၊ ကိုယ်တိုင် အထောက်အကူမပါဘဲ လမ်းလျှောက်နိုင်အောင် ကြိုးစားခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကို ထိန်းပြီး လမ်းလျှောက်နိုင်သည့် အဆင့်သို့ရောက်လာသည်။ ထိုနှစ်တွင်ပင် သူမသည် အပြေးသမားတစ် ယောက်ဖြစ်ရမည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် စတင်လေ့ကျင့် လှုပ်ရှားသည်။ အပြေးပြိုင်ပွဲကို ဝင်ပြိုင်သည်။
နောက်ဘိတ်ဆုံးတွင် ကျန်နေခဲ့သည်။ သို့သော် ဇွဲမလျှော့။
နောက်နှစ်အတန်ကြာသည်အထိ အပြေးပြိုင်ပွဲ တိုင်းလိုလိုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် နောက်ဆုံးမှသာ ပန်းဝင်နိုင်ခဲ့သည်။ သူ့ကို လူတွေက စိတ်လျှော့လိုက်ရန် ဝိုင်းပြောကြသည်။ တစ်နေ့ အပြေးပြိုင်ပွဲတစ်ခုတွင် သူအမှတ်မထင် အနိုင်ရလိုက်သည်။ ထိုမှစတင်ပြီး တစ်ပွဲပြီးတစ်ပွဲ နိုင်ပွဲတွေ ဆက်ခဲ့သည်။ သူ့ကို လမ်းမလျှောက်နိုင်ပဲ ဒုက္ခိတတစ်ယောက်ဖြစ်တော့ မည်ဟု ထင်ထားရာမှ အိုလံပစ်ပွဲ ၃ ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိနိုင်ခဲ့သူ ဖြစ်လာခဲ့သည်။ ဝေမာက

“ကျွန်မအမေက ကျွန်မ ငယ်ငယ်ကလေးကတည်းက လုပ်ချင်တာကို
ဖြစ်အောင်လုပ်ရမယ်လို့ သင်ပေးခဲ့ပါ တယ်။ ဒါကြောင့်လည်း ဘာအထောက်အကူမှ မပါဘဲ သံချောင်းတွေကို ဖြုတ်ထုတ်ခဲ့ပြီး လမ်းစလျှောက်ခဲ့တာ ပေါ့” ဟုပြောကြားခဲ့သည်။

Franklin D. Roosevelt

ရုစဗဲ့သည် အသက် ၃၉ နှစ်အရွယ်တွင် ပိုလီယိုဖြင့် အောက်ပိုင်းသေသည့်
ဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် အမေရိကန်တွင် ချစ်ခင်
သဘောကျမှု အခံရဆုံး၊သြဇာအကြီးမားဆုံး ခေါင်းဆောင်ကောင်း
တစ် ယောက် ဖြစ်လာခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စုတွင် 
၎ ကြိမ်တိုင် သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံခဲ့ရသည်။

Sarah Bernhardt

ဆာရာ ဘားနတ်ကို အကောင်းဆုံး သရုပ်ဆောင်မင်းသမီးအဖြစ် လူတိုင်းက အသိအမှတ်ပြုခဲ့ကြသည်။ သူမသည် အသက် ၇၀ အရွယ်တွင်
ခြေထောက်ထိခိုက်ဒဏ်ရာရမှုကြောင့် ခြေတစ်ဖက် ဖြတ်တောက်လိုက်ရ သည်။ သို့သော် နောက် ၈ နှစ်တိုင်အောင် ဆက်လက်ပြီး သရုပ်ဆောင်
လောကတွင် ခြေချသွားနိုင်ခဲ့သည်။

Louis L’Amour

လူးဝစ်သည် အနောက်တိုင်း ဝတ္ထုပေါင်း ၁၀၀ ကျော်ရေးကာ
အောင်မြင်သည့် စာရေးဆရာတစ်ယောက်ဖြစ် သည်။ သူ့စာအုပ်များကို လုပ်ရေ သန်း ၂၀၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ရသည်။ သူ့စာအုပ်များကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း မပြုမီအချိန်အထိ အကြိမ်ပေါင်း ၃၅၀ ထုတ်ဝေမှုကို အငြင်းခံခဲ့ရသည်။ သမိုင်းဆိုင်ရာ အထောက်အထားများနှင့် သူရေးသားခဲ့သည့် ဝတ္ထုရှည်ကြီးများကို ကွန်ဂရက်ကပင် အသိအမှတ်
ပြုခဲ့ရပြီး ကွန်ဂရက်၏ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ကို ပထမဦးဆုံး ချီးမြှင့်ခံခဲ့ရသည်။

Julia Child

၁၉၅၃ ခုနှစ်တွင် ဂျူလီယာ ချိုင်းနှင့် သူမ၏အပေါင်းအပါနှစ်ယောက်တို့သည် စာအုပ်ထုတ်ဝေရန် သဘောတူ လက်မှတ်တစ်ခုရေးထိုးကြသည်။ သူတို့ရေးသားရမည့် စာအုပ်အမည်မှာ “အမေရိကန် မီးဖိုချောင်
အတွက် ပြင်သစ်စာချက်နည်း” ဖြစ်သည်။ ဂျူလီယာနှင့် သူမ၏ အပေါင်းအပါတို့က ထိုစာအုပ်အတွက် ၅ နှစ်ခန့် အချိန်ယူပြုစု
ရေးသားခဲ့ရသည်။ စာအုပ်ပြီးချိန်တွင် ထုတ်ဝေသူက စာမျက်နှာ ၈၅၀ ခန့်ရှိသည့် စာမူကို မထုတ်နိုင်တော့ကြောင်း ငြင်းပယ်ခဲ့သည်။ ဂျူလီယာနှင့် သူမအပေါင်းအသင်းများသည် ထိုစာမူကို နောက်ထပ်တစ်နှစ် ထပ်မံစိစစ်တည်းဖြတ်ကြရပြန်သည်။ ထုတ်ဝေသူကလည်း ထပ်မံငြင်းပယ်
ခဲ့ပြန်သည်။ သို့သော် ဂျူလီယာသည် စိတ်ဓာတ်မကျ။ ထပ်ပြီး
ပြင်ဆင်မွမ်းမံကာ ထုတ်ဝေသူနောက်အသစ်တစ်ယောက် ရှာကြသည်။ ၁၉၆၁ ခုနှစ်ကျမှ “ပြင်သစ်စာချက်နည်းအနုပညာ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်နိုင်တော့သည်။ စာအုပ် စုစုပေါင်း အုပ်ရေ ၁ သန်းရောင်းချ
ခဲ့ရရုံမက ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးကလည်း ဂျူလီယာ ချိုင်းကို မျက်နှာဖုံးတင်ပြီး ဆောင်းပါးတစ်ပုဒ်ဖြင့် ဂုဏ်ပြုဖော်ပြခဲ့သည်။
နောက်နှစ်ပေါင်း ၃၀ တိုင်အောင် သူမထုတ်ခဲ့ သော ဟင်းချက်နည်း
စာအုပ်သည် ကမ္ဘာ့ထိပ်တန်း အရောင်းရဆုံး စာရင်းဝင်စာအုပ်ဖြစ်ခဲ့ရသည်။

General Douglas MacArthur

စိတ်ရှည် ဇွဲသန် သည်းခံခြင်းမရှိခဲ့လျှင် မက်အာသာသည် အောင်မြင်မှု
ရခဲ့မည် မဟုတ်ပေ။ သူ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်တက်ရန် လျှောက်ထား
စဉ်က မအောင်မြင်ခဲ့ပေ။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်လျှောက်ထားရာ
နှစ်ကြိမ်စလုံး ကျရှုံးခဲ့ခြင်းဖြစ်သည်။ တတိယအကြိမ်လျှောက်သည့်အခါမှ စစ်ကျောင်းတက်ခွင့်ရပြီး ကမ္ဘာ ကျော်စစ်ဗိုလ်ချုပ်ကြီးအဖြစ် သမိုင်း
မှတ်တမ်းဝင် ပုဂ္ဂိုလ်ဖြစ်ခဲ့ရသည်။

Abraham Lincoln

အေဘရာဟင် လင်ကွန်းသည် ဘလက်ဟော့ စစ်ပွဲသို့ ဗိုလ်တစ်ယောက်
အနေဖြင့် ရောက်လာခဲ့သည်။ စစ်ပွဲပြီး ဆုံးသည့်အခါတွင် သူ့ကို တပ်သား
အဆင့်သို့ ရာထူးချခြင်း ခံခဲ့ရဖူးသည်။

Edmund Hillary

၁၉၅၂ ခုနှစ်တွင် အက်ဒ်မန် ဟီလာရီသည် ဧဝရက်တောင်ကိုတက်ရန် ကြိုးစားခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ပေပေါင်း ၂၉၀၀၀
ကျော်သို့ လူသားတစ်ယောက်အနေဖြင့် ခြေချနိုင်ရန် ကြိုးစားခဲ့ခြင်း
ဖြစ်သည်။ သူ့ကြိုးပမ်းချက်သည် မအောင်မြင်ခဲ့ပေ။ နောက်တစ်ပတ်
ခန့်အကြာတွင် သူ့ကို အင်္ဂလန်မှအဖွဲ့တစ်ဖွဲ့က အတွေ့ အကြုံဟောပြောပွဲ
တစ်ခုသို့ ဖိတ်ကြားပြီး ဟောပြောစေသည်။ 

သူက စင်မြင့်အစွန်းသို့ လျှောက်သွားပြီး လက်သီးကိုဆုပ်ကာ တောင်ပုံကို ညွှန်ပြလိုက်သည်။ ပြီးနောက် အသံကျယ်ကြီးဖြင့် “ဧဝရက်တောင်၊ သင်သည် ကျွန်ုပ်ကို ပထမအကြိမ်တွင် ရှုံးနိမ့်စေခဲ့သည်။
နောက်တစ်ကြိမ်တွင် သင့်ကို အနိုင်ယူပြမည်။ သင်မြင့်နိုင် သလောက်မြင့်စမ်းပါ။ ကျွန်ုပ်ကလည်း သင့်ကိုအနိုင်ယူရန် စိတ်ဓာတ်မြင့်မားနေပြီ” ဟုကြုံးဝါးခဲ့သည်။ နောက် တစ်နှစ်အကြာ
မေလ ၂၉ ရက်နေ့တွင် အက်ဒမန် ဟီလာရီသည် ဧဝရက်တောင်ကို ပထမဦးဆုံးတက်ရောက် နိုင်ခဲ့သည့် လူသားဖြစ်လာသည်။

Consider This, Jack Canfield
တင်ညွန့် 
မောက္ခကျွန်တော်ယခုပြောချင်သည့် ပုဂ္ဂိုလ်များသည် တစ်ချိန်က မအောင်မြင် ခဲ့သော၊ မတော်သော၊ အထင်သေးခြင်း ခံရသောသူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့သည် ကမ္ဘာကျော်တွေဖြစ်လာ သည်။ အောင်မြင်သူ တစ်ယောက်ဖြစ်ရန်ဆိုသည်မှာ အယ်ဒီဆင်ပြော သလို ပြောရလျှင် ချွေးက ၉၉ ရာခိုင်နှုန်းလောက် ကျအောင် လုပ်နိုင်မှ၊  စိတ်ကူး ၁ ရာခိုင်နှုန်းကို အထောက် အကူပြုနိုင်မည်ထင်ပါသည်။ 
စိတ်ဓာတ်ကျပြီး နောက်ဆုတ်ပြေးသူတွေအတွက် လောကတွင် နေရာမရှိဆိုသည့်သဘောဖြစ်သည်။

Woody Allen
အကယ်ဒမီဆုရခဲ့သော စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ တစ်ယောက်ဖြစ်သည်။ နယူးယော့ခ် ရုပ်ရှင် ထုတ်လုပ်ရေးတက္ကသိုလ်နှင့် နယူးယော့ခ် စီတီးကောလိပ်သို့ တက်ရောက်စဉ်က စာမေးပွဲကျခဲ့သည်။ နယူးယော့ခ်တက္ကသိုလ်တက်စဉ်က အင်္ဂလိပ်စာကျခဲ့သူဖြစ်သည်။

Leon Uris
နာမည်ကျော် စာရေးဆရာတစ်ယောက်ဖြစ်သည်။ Exodus စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သည်။ အထက် တန်း ကျောင်းသားဘဝတွင် အင်္ဂလိပ် ဘာသာကို သုံးကြိမ်ကျရှုံးခဲ့သည်။

Lucille Ball
၁၉၂၇ ခုနှစ်တွင် သရုပ်ဆောင်သင်တန်းတက်ခဲ့သည်။ John Murray Anderson ကျောင်းမှ သင်တန်းဆရာက “မင်း ဘာဖြစ်ဖြစ် အခြားအလုပ်တစ်ခုခု၊ အသက်မွေးမှုတစ်ခုခုကို ရှာသင့်တယ်” ဟုပြောကြားခဲ့ဖူးသည်။

Clint Eastwood and Burt Reynolds
၁၉၅၉ ခုနှစ်တွင် Universal Pictures ကုမ္ပဏီမှ အုပ်ချုပ်သူများက ကလင့်အိစ်ဝုဒ်နှင့် ဘတ် ရေးနိုး တို့ နှစ် ယောက်ကို ထုတ်ပစ်လိုက်သည်။ ဘတ်ရေးနိုးကို “အရည်အချင်း မရှိ” ဟူ၍လည်းကောင်း၊ ကလင့် အိစ်ဝုဒ်ကို “မင်းက သွားလည်းပဲ့နေသေး၊ လည်ဇလုတ်ကလည်း ရှေ့ကို ငေါထွက်နေတယ်။ စကားပြောလည်း နှေးတယ်” ဟူဝေဖန်ကာ အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုနှစ်ယောက်စလုံးသည် ရုပ်ရှင်မင်းသားများအဖြစ်လည်း ကောင်း၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာများအဖြစ် လည်းကောင်း အအောင်မြင်ဆုံး ပုဂ္ဂိုလ်များဖြစ်ခဲ့သည်။

Marilyn Monroe
၁၉၄၄ ခုနှစ်တွင် Blue Book Modeling ကုမ္ပဏီမှ ဒါရိုက်တာ Emmeline Snively သည် Norma Jean Baker ဆိုသည့် မော်ဒယ်ကို “မင်း အတွင်းရေးမှူးအလုပ်အတွက် သင်တန်းတက်တာပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြု တာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ကောင်းတယ်” ဟုပြောခဲ့ဖူးသည်။ ထို နော်မာဆိုသူမှာ နောင်တွင် မာရီလင် မွန်ရိုးဆိုသည့် အမည်ဖြင့် ကျော်ကြားသော ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်လာသည်။

Liv Ullman
အကောင်းဆုံး အကယ်ဒမီဆုရှင် (သရုပ်ဆောင်မင်းသမီး) အဖြစ် နှစ်ကြိမ်တိုင်တိုင် လျာထားသတ်မှတ်ခြင်း ခံရသူဖြစ်သည်။ နော်ဝေးတွင် သရုပ်ဆောင်သင်တန်းကျောင်းတက်စဉ်က လူရွေးပွဲတွင် ကျရှုံးခဲ့ဖူးသည်။ အကဲဖြတ် ဒိုင်များက သူမကို အရည်အသွေးလုံးဝမရှိကြောင်း မှတ်ချက်ချခဲ့ဖူးသည်။

Malcolm Forbes
ကမ္ဘာပေါ်တွင် စီးပွားရေးမဂ္ဂဇင်းကြီးတစ်စောင်အနေဖြင့် အအောင်မြင်ဆုံးသော မဂ္ဂဇင်းကြီး တစ်စောင်ဖြစ်သည့် Forbes မဂ္ဂဇင်းကြီး၏ အယ်ဒီတာချုပ်ဖြစ်လာသည်။ ပရင့်စ်တန် တက္ကသိုလ်တွင်ကျောင်း တက်နေစဉ်က ကျောင်းပိုင်သတင်းစာတစ်စောင်တွင် ဝန်ထမ်းအဖြစ်လုပ်ရန် အလုပ်လျှောက်စဉ်က ရွေးချယ်ခြင်း မခံခဲ့ရသူ ဖြစ်သည်။

Beatles
၁၉၆၂ ခုနှစ် ခန့်က ကြောက်လန့်စိုးရွံ့နေသည့် လူငယ်လေး ၄ ယောက်သည် Decca Recording ကုမ္ပဏီ၏ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဂစ်တာများကို တီးခတ်ပြီး သီချင်းဆိုဖျော်ဖြေပြခဲ့ဖူးသည်။ သူတို့ လူတွေ့အစစ် ဆေးခံနေကြခြင်းဖြစ်သည်။ အကဲဖြတ်ဒိုင်များက သူတို့ တီးခတ်ဖျော်ဖြေမှုကို လုံးဝစိတ်မဝင်စားခဲ့ကြပေ။ အကဲဖြတ်ဒိုင် တစ်ယောက်က “အသံတွေကလည်း ဘာသံတွေလဲကွာ။ ဂစ်တာသံတွေကလည်း ကြောင်တောင် တောင်နဲ့” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ထို ၄ ယောက်အဖွဲ့သည် နောင်တွင် Beatles ဆိုသည့်အဖွဲ့အမည်ဖြင့် ကမ္ဘာကျော် တေးဂီတ ပညာရှင်များဖြစ်လာသည်။

Buddy Holly
Decca Records တွင် ၁၉၅၆ ခုနှစ်က ပေါလ် ခိုဟင်သည် ဘတ်ဒီ ဟိုလီကို “ကျုပ်နဲ့ အလုပ်အတူတူ တွဲလုပ်တဲ့ သူတွေထဲမှာ အရည်အချင်းမရှိဆုံး” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ပေါလ်သည် ထိုစဉ်က ဂီတလောက တွင် အအောင်မြင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီး သူ့မှတ်ချက်ကြောင့် ဘတ်ဒီ ဟိုလီသည် အလုပ်မှ ထွက်သွားခဲ့ရသည်။ နောက် နှစ်ပေါင်း ၂၀ ခန့်အကြာတွင် Rolling Stone အဖွဲ့က ဟိုလီကို နှစ်ပေါင်း ၆၀ အတွင်း Rock ဂီတလောက၏ အအောင်မြင်ဆုံးပုဂ္ဂိုလ်၊ အကြီးမြတ်ဆုံးလူသားအဖြစ် ဂုဏ်ပြုချီးကျူးခဲ့သည်။

Elvis Presley
၁၉၅၄ ခုနှစ်က Grand Ole Pory ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ဂျင်မီ ဒင်နီသည် အဲလစ် ပရက်စ်လေကို ဂီတပွဲတစ်ခုတွင် ဖျော်ဖြေရန် ခွင့်မပြုခဲ့ပေ။ သူက ပရက်စ်လေကို “ဘာမှ လုပ်မနေပါနဲ့တော့ သားရယ်၊ မင်း ထရပ်ကားပဲ ပြန်မောင်းပါတော့ကွာ” ဟု မှတ်ချက်ချခဲ့သည်။ နောက်ပိုင်းတွင် အဲလစ် ပရက်စ်လေသည် အမေရိကန်တွင် အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး အဆိုကျော်ကြီး တစ်ယောက်ဖြစ်လာသည်။

Alexander Graham Bell
အလက်ဇန်းဒါး ဂရေဟန် ဘဲလ်သည် ၁၈၇၆ ခုနှစ်တွင် တယ်လီဖုန်းကို တီထွင်ခဲ့သည်။ ထိုစဉ်က တယ်လီဖုန်း သည် စကားပြောခွက်နှင့် အသံထွက်ခွက် သီးခြားစီကိုင်ကာ ပြောရသည်။ တယ်လီဖုန်း သရုပ်ပြပွဲတွင် သမ္မတ ရုသာဖို့ဒ် ဟေးရက်စ်က “တီထွင်မှုကတော့ အံ့သြစရာ ကောင်းပါတယ်။ ဒါကြီးတွေကို ဘယ်သူက သုံးချင်မှာလဲ” ဟု မှတ်ချက်ချခဲ့ဖူးသည်။

Thomas Edison
သောမတ်စ် အယ်ဒီဆင်သည် အမေရိကန် တီထွင်မှုသမိုင်းတွင် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး ပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်သည်။ သူသည် မစ်ချီဂန်ပြည်နယ် ပို့ ဟူရွန်ကျောင်းသို့ ပထမဦးဆုံး ကျောင်းလာ တက်စဉ်က သူ့ဆရာများသည် “သင်ယူမှု ခံယူနိုင်စွမ်းမရှိသူ” အဖြစ် မှတ်ချက်ချကာ၊ စာမသင်ပေးနိုင်ကြောင်း မိဘများထံ အကြောင်းပြန်ကြားခဲ့သည်။ ရလဒ်မှာ အယ်ဒီဆင်၏ မိခင်ဖြစ်သူက သားကို ကျောင်းမှထုတ်ပြီး အိမ်တွင် ကိုယ်တိုင် စာသင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လူငယ်လေး အယ်ဒီဆင်သည် သိပ္ပံပညာကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ အသက် ၁၀ နှစ်သားတွင် သူပိုင် ဓာတုဗေဒဓာတ်ခွဲခန်းကို ပထမဦးဆုံး ထူထောင်ပြီး စမ်းသပ်ခဲ့သည်။ သူ့ပါရမီ သူ့ကြိုးစားအားထုတ်မှု များ ကြောင့် ဘဝတစ်လျှောက်လုံး တီထွင်မှုအမျိုးအစားပေါင်း၁၃၀၀ ခန့်ကို ပြုလုပ်သွားနိုင်ခဲ့သည်။ သူက “ပါရမီရှင်ဆိုတာ ချွေးက ၉၉ ရာခိုင်နှုန်း၊ စိတ်ကူးက ၁ ရာခိုင်နှုန်း” ဟုအဓိပ္ပာယ်ဖွင့်ဆိုပြခဲ့သည်။

Thomas Edison
သောမတ်စ် အယ်ဒီဆင်သည် လျှပ်စစ်မီးသီးကို တီထွင်ခဲ့သူဖြစ်သည်။ မီးထွန်းနိုင်သည့် မီးသီးအဆင့်ရောက်ရန် သူသည် အကြိမ်ပေါင်း ၂၀၀၀ ခန့် လက်တွေ့စမ်းသပ် ပြုလုပ်ခဲ့ရသည်။ သတင်းထောက်လေးတစ်ယောက်က ဤမျှ အကြိမ်ပေါင်းများစွာ ကြိုးစားဖန်တီးခဲ့ရသည့်အတွက် မည်သို့ခံစားရပါသနည်း၊ စိတ်မပျက်မိဘူးလားဟု သူ့ကို မေးလိုက်သည်။ အယ်ဒီဆင်က “တစ်ကြိမ်ဆုံးရှုံးတော့ နောက်ထပ် အကြိမ် ၂၀၀၀ ကို ထပ်ပြီးဖန်တီးခွင့် ရသွားတာပေါ့” ဟုပြန်ပြောလိုက်လေသည်။

Chester Carlson
၁၉၄၀ နှစ်များအတွင်းက ချက်စ်တာ ကာလ်ဆန်ဆိုသည့် လူငယ်တီထွင် ဖန်တီးရှင်တစ်ယောက်သည် သူ့စိတ်ကူးအကြံအစည်ကို ကုမ္ပဏီပေါင်း ၂၀ သို့ လိုက်လံချပြခဲ့သည်။ ထိုကုမ္ပဏီများ ထဲတွင် နိုင်ငံ၏အကြီးဆုံး ကုမ္ပဏီများလည်း ပါဝင်သည်။ သူတို့အားလုံးက သူ့စိတ်ကူးကို လက်မခံခဲ့ကြပေ။ ၁၉၄၇ ခုနှစ်တိုင် ၇ နှစ်တိတိ သူ့စိတ်ကူးကို မည်သူ့ကိုမျှ ချပြပြီး အကောင်အထည် မဖော်နိုင်ခဲ့။ နောက်ဆုံး သူကိုယ်တိုင် နယူးယော့ခ်မြို့ တော်၊ ရိုချက်စ်တာတွင် ကုမ္ပဏီလေးတစ်ခုကို ထူထောင်လိုက်သည်။ ကုမ္ပဏီအမည်ကိုလည်း Haloid ဟု အမည်ပေးလိုက်သည်။ သူ့ကုမ္ပဏီလေးမှ မိတ္တူကူးစက်များကို စတင်ရောင်းချခဲ့သည်။ နောက်ပိုင်း Haloid ကုမ္ပဏီသည် Xerox Corporation အမည်ဖြင့် ကုမ္ပဏီကြီးဖြစ်လာသည်။ ကာလ်ဆန်လည်း သူဌေးကြီးတစ် ယောက်ဖြစ်လာသည်။

John Milton
ဂျွန် မီလ်တန်သည် အသက် ၄၄ နှစ်အရွယ်တွင် မျက်စိကွယ်သွားသည်။ မျက်စိကွယ်ပြီး နောက် ၁၆ နှစ်အကြာ တွင် ကမ္ဘာ့ ဂန္ထဝင် စာရင်းပေါက်ခဲ့သည့် Paradise Lost ဆိုသည့် စာအုပ်ကြီးကို ရေးသားနိုင် ခဲ့သည်။

Pablo Casals
အသက် ၉၅ နှစ်အရွယ်ရှိ ပါဘလို ကာဆယ်ကို သတင်းထောက်လေးတစ်ယောက်က မေးခွန်း တစ်ခုမေးလိုက် သည်။ “မစ္စတာ ကာဆယ်၊ ခုဆိုရင် ခင်ဗျားဟု အသက်အကြီးဆုံး အကျဉ်းသား တစ်ယောက် ဖြစ်နေပါပြီ။ ခင်ဗျား တစ်နေ့ကို ၆ နာရီလောက် ဘာတွေများ လေ့ကျင့်လုပ်ဆောင်နေတယ် ဆိုတာ သိပါရစေ” ဟု မေးလိုက်သည်။ ကာဆယ်က “အသက်ရှည်အောင် ဘယ်လိုနေရမလဲဆိုတာ ပဲ တွေးပါတယ်” ဟုပြန်ဖြေလိုက်သည်။

Ludwig van Beethoven
နှစ်ပေါင်းများစွာ နားလေးခဲ့သည့် ဂျာမန် ဂီတပညာရှင်ကြီး ဘီသိုဗင်သည် နောက်ဆုံး လုံးဝမကြားရတော့ သည့် အဆင့်သို့ အသက် ၄၆ နှစ်အရွယ်တွင်ရောက်သွားတော့သည်။ သို့သော် သူသည် စိတ်မပျက်၊ သံစုံတီးဝိုင်းကြီး များတွင် တီးမှုတ်ရန် သီချင်းတေးသွား ၅ ပုဒ်ကို နောက်ဆုံးအချိန် အထိ ဖော်ထုတ်သွားနိုင်ခဲ့သည်။

Douglas Bader
လေယာဉ်ပျက်ကျမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည့် ဗြိတိန်လေကြောင်း တိုက်ခိုက်ရေး လေ ယာဉ်မောင်း ဒေါက်ဂလပ်စ် ဘေဒါသည် ခြေထောက်အတုနှစ်ချောင်းထည့်ပြီးနောက် ဗြိတိသျှ လေကြောင်း တပ်ကို ပြန်လည်အမှုထမ်းရန် ရောက်လာခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်၏ ၃ ကြိမ် တိုင်အဖမ်းခံရပြီး၊ ၃ ကြိမ်စလုံး ပြန်လည် လွတ်မြောက် လာခဲ့သူလည်းဖြစ်သည်။

Terry Fox
ကင်ဆာရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရသည့် ကနေဒါနိုင်ငံသားလေး တယ်ရီ ဖော့က်စ်သည် ကနေဒါကမ်းခြေ တစ်လျှောက် ခြေထောက်တစ်ဖက်တည်းဖြင့် ပြေးကာ ကင်ဆာသုတေသန ဌာနအတွက် ဒေါ်လာ ၁ သန်း ရန်ပုံငွေရှာပေးနိုင်ခဲ့သည်။ ကင်ဆာက သူ့အဆုတ်သို့ လည်း ပျံ့နှံ့လာခဲ့သည်။ သို့သော် သူအားမလျှော့။ သူစတင်ထူထောင်ထားခဲ့သည့် ကင်ဆာဖောင်ဒေး ရှင်းကို ဒေါ်လာ သန်း ၂၀ အထိ ရအောင် ရှာပေးသွားနိုင်ခဲ့သည်။

Wilma Rudolph
ဝေမာ ရုဒေါ့သည် အချိန်မတိုင်မီ မွေးလာသောကြောင့် ချူချာသည့် ကလေးတစ်ယောက်ဖြစ်သည်။ အသက် ၄ နှစ်သမီးအရွယ်တွင် အဆုပ်အအေးမိပြီး၊ တစ်ကိုယ်လုံးတွင်နီရဲကာ အဖျားဝေဒနာကိုပါ ပြင်းထန်စွာ ခံစားခဲ့ရ သည်။ ထိုဝေဒနာများကြောင့်ပင် ဘယ်ခြေထောက်တစ်ချောင်း မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့ရသည်။ အသက် ၉ နှစ်သမီးတွင် ခြေထောက်တွင် တပ်ဆင်ထားသည့် သံအထိန်းများကို သူမသည် ဖယ်လိုက်ပြီး၊ ကိုယ်တိုင် အထောက်အကူမပါဘဲ လမ်းလျှောက်နိုင်အောင် ကြိုးစားခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကို ထိန်းပြီး လမ်းလျှောက်နိုင်သည့် အဆင့်သို့ရောက်လာသည်။ ထိုနှစ်တွင်ပင် သူမသည် အပြေးသမားတစ် ယောက်ဖြစ်ရမည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် စတင်လေ့ကျင့် လှုပ်ရှားသည်။ အပြေးပြိုင်ပွဲကို ဝင်ပြိုင်သည်။ နောက်ဘိတ်ဆုံးတွင် ကျန်နေခဲ့သည်။ သို့သော် ဇွဲမလျှော့။ နောက်နှစ် အတန်ကြာသည်အထိ အပြေးပြိုင်ပွဲ တိုင်းလိုလိုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် နောက်ဆုံးမှသာ ပန်းဝင်နိုင်ခဲ့သည်။ သူ့ကို လူတွေက စိတ်လျှော့လိုက်ရန် ဝိုင်းပြောကြသည်။ တစ်နေ့ အပြေးပြိုင်ပွဲတစ်ခုတွင် သူအမှတ်မထင် အနိုင်ရလိုက်သည်။ ထိုမှစတင်ပြီး တစ်ပွဲပြီးတစ်ပွဲ နိုင်ပွဲတွေ ဆက်ခဲ့သည်။ သူ့ကို လမ်းမလျှောက်နိုင်ပဲ ဒုက္ခိတတစ်ယောက်ဖြစ်တော့မည်ဟု ထင်ထားရာမှ အိုလံပစ်ပွဲ ၃ ပွဲတွင် ရွှေတံဆိပ် ဆုများ ရရှိနိုင်ခဲ့သူ ဖြစ်လာခဲ့သည်။ ဝေမာက “ကျွန်မအမေက ကျွန်မ ငယ်ငယ်ကလေးကတည်းက လုပ်ချင်တာကို ဖြစ်အောင်လုပ်ရမယ်လို့ သင်ပေးခဲ့ပါ တယ်။ ဒါကြောင့်လည်း ဘာအထောက်အကူမှ မပါဘဲ သံချောင်းတွေကို ဖြုတ်ထုတ်ခဲ့ပြီး လမ်းစလျှောက်ခဲ့တာ ပေါ့” ဟုပြောကြားခဲ့သည်။

Franklin D. Roosevelt
ရုစဗဲ့သည် အသက် ၃၉ နှစ်အရွယ်တွင် ပိုလီယိုဖြင့် အောက်ပိုင်းသေသည့် ဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် အမေရိကန်တွင် ချစ်ခင်သဘောကျမှု အခံရဆုံး၊သြဇာအကြီးမား ဆုံး ခေါင်းဆောင်ကောင်း တစ် ယောက် ဖြစ်လာခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စုတွင် ၄ ကြိမ်တိုင် သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံခဲ့ရသည်။

Sarah Bernhardt
ဆာရာ ဘားနတ်ကို အကောင်းဆုံး သရုပ်ဆောင်မင်းသမီးအဖြစ် လူတိုင်းက အသိအမှတ်ပြုခဲ့ကြသည်။ သူမသည် အသက် ၇၀ အရွယ်တွင် ခြေထောက်ထိခိုက်ဒဏ်ရာ ရမှုကြောင့် ခြေတစ်ဖက် ဖြတ်တောက် လိုက်ရ သည်။ သို့သော် နောက် ၈ နှစ်တိုင်အောင် ဆက်လက်ပြီး သရုပ်ဆောင် လောက တွင် ခြေချသွားနိုင်ခဲ့သည်။

Louis L’Amour
လူးဝစ်သည် အနောက်တိုင်း ဝတ္ထုပေါင်း ၁၀၀ ကျော်ရေးကာ အောင်မြင်သည့် စာရေးဆရာတစ်ယောက်ဖြစ် သည်။ သူ့စာအုပ်များကို လုပ်ရေ သန်း ၂၀၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ရသည်။ သူ့စာအုပ်များကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း မပြုမီအချိန်အထိ အကြိမ်ပေါင်း ၃၅၀ ထုတ်ဝေမှုကို အငြင်းခံခဲ့ရသည်။ သမိုင်းဆိုင်ရာ အထောက်အထားများနှင့် သူရေးသားခဲ့သည့် ဝတ္ထုရှည်ကြီးများကို ကွန်ဂရက်ကပင် အသိအမှတ်ပြုခဲ့ရပြီး ကွန်ဂရက်၏ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ကို ပထမဦးဆုံး ချီးမြှင့်ခံခဲ့ရသည်။

Julia Child
၁၉၅၃ ခုနှစ်တွင် ဂျူလီယာ ချိုင်းနှင့် သူမ၏အပေါင်းအပါနှစ်ယောက်တို့သည် စာအုပ်ထုတ်ဝေရန် သဘောတူ လက်မှတ်တစ်ခုရေးထိုးကြသည်။ သူတို့ရေးသားရမည့် စာအုပ်အမည်မှာ “အမေရိကန် မီးဖိုချောင် အတွက် ပြင်သစ်စာချက်နည်း” ဖြစ်သည်။ ဂျူလီယာနှင့် သူမ၏ အပေါင်းအပါတို့က ထိုစာအုပ်အတွက် ၅ နှစ်ခန့် အချိန်ယူပြုစု ရေးသားခဲ့ရသည်။ စာအုပ်ပြီးချိန်တွင် ထုတ်ဝေသူက စာမျက်နှာ ၈၅၀ ခန့်ရှိသည့် စာမူကို မထုတ်နိုင်တော့ကြောင်း ငြင်းပယ်ခဲ့သည်။ ဂျူလီယာနှင့် သူမအပေါင်းအသင်းများသည် ထိုစာမူကို နောက်ထပ်တစ်နှစ် ထပ်မံစိစစ်တည်းဖြတ်ကြရပြန်သည်။ ထုတ်ဝေသူကလည်း ထပ်မံငြင်းပယ်ခဲ့ပြန်သည်။ သို့သော် ဂျူလီယာသည် စိတ်ဓာတ်မကျ။ ထပ်ပြီး ပြင်ဆင်မွမ်းမံကာ ထုတ်ဝေသူနောက်အသစ်တစ်ယောက် ရှာကြသည်။ ၁၉၆၁ ခုနှစ်ကျမှ “ပြင်သစ်စာချက်နည်းအနုပညာ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်နိုင်တော့သည်။ စာအုပ် စုစုပေါင်း အုပ်ရေ ၁ သန်းရောင်းချခဲ့ရရုံမက ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးကလည်း ဂျူလီယာ ချိုင်းကို မျက်နှာဖုံးတင်ပြီး ဆောင်းပါးတစ်ပုဒ်ဖြင့် ဂုဏ်ပြုဖော်ပြခဲ့သည်။ နောက်နှစ်ပေါင်း ၃၀ တိုင်အောင် သူမထုတ်ခဲ့ သော ဟင်းချက်နည်း စာအုပ်သည် ကမ္ဘာ့ထိပ်တန်း အရောင်းရဆုံး စာရင်းဝင်စာအုပ်ဖြစ်ခဲ့ရ သည်။

General Douglas MacArthur
စိတ်ရှည် ဇွဲသန် သည်းခံခြင်းမရှိခဲ့လျှင် မက်အာသာသည် အောင်မြင်မှု ရခဲ့မည် မဟုတ်ပေ။ သူ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်တက်ရန် လျှောက်ထားစဉ်က မအောင်မြင်ခဲ့ပေ။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်လျှောက်ထား ရာ နှစ်ကြိမ်စလုံး ကျရှုံးခဲ့ခြင်းဖြစ်သည်။ တတိယအကြိမ်လျှောက်သည့်အခါမှ စစ်ကျောင်းတက်ခွင့်ရပြီး ကမ္ဘာ ကျော်စစ်ဗိုလ်ချုပ်ကြီးအဖြစ် သမိုင်းမှတ်တမ်းဝင် ပုဂ္ဂိုလ်ဖြစ်ခဲ့ရသည်။

Abraham Lincoln
အေဘရာဟင် လင်ကွန်းသည် ဘလက်ဟော့ စစ်ပွဲသို့ ဗိုလ်တစ်ယောက်အနေဖြင့် ရောက်လာခဲ့သည်။ စစ်ပွဲပြီး ဆုံးသည့်အခါတွင် သူ့ကို တပ်သားအဆင့်သို့ ရာထူးချခြင်း ခံခဲ့ရဖူးသည်။

Edmund Hillary
၁၉၅၂ ခုနှစ်တွင် အက်ဒ်မန် ဟီလာရီသည် ဧဝရက်တောင်ကိုတက်ရန် ကြိုးစားခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ပေပေါင်း ၂၉၀၀၀  ကျော်သို့ လူသားတစ်ယောက်အနေဖြင့် ခြေချနိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူ့ကြိုးပမ်းချက်သည် မအောင်မြင်ခဲ့ပေ။ နောက်တစ်ပတ်ခန့်အကြာတွင် သူ့ကို အင်္ဂလန်မှအဖွဲ့တစ်ဖွဲ့က အတွေ့ အကြုံဟောပြောပွဲ တစ်ခုသို့ ဖိတ်ကြားပြီး ဟောပြောစေသည်။

သူက စင်မြင့်အစွန်းသို့ လျှောက်သွားပြီး လက်သီးကိုဆုပ်ကာ တောင်ပုံကို ညွှန်ပြလိုက်သည်။ ပြီးနောက် အသံကျယ်ကြီးဖြင့် “ဧဝရက်တောင်၊ သင်သည် ကျွန်ုပ်ကို ပထမအကြိမ်တွင် ရှုံးနိမ့်စေခဲ့ သည်။ နောက်တစ်ကြိမ် တွင် သင့်ကို အနိုင်ယူပြမည်။ သင်မြင့်နိုင် သလောက်မြင့်စမ်းပါ။ ကျွန်ုပ်ကလည်း သင့်ကိုအနိုင်ယူရန် စိတ်ဓာတ်မြင့်မားနေပြီ” ဟုကြုံးဝါးခဲ့သည်။ နောက် တစ်နှစ်အကြာ မေလ ၂၉ ရက်နေ့တွင် အက်ဒမန် ဟီလာရီသည် ဧဝရက်တောင်ကို ပထမဦးဆုံးတက်ရောက် နိုင်ခဲ့သည့် လူသားဖြစ်လာသည်။

From : Consider This, Jack Canfield

No comments:

Post a Comment