Friday 7 December 2012

မြေငလျင်များလှုပ်ရှား

ဒီဇင်ဘာ ၆ ရက်နေ့မွန်းလွဲ ၂ နာရီ ၅၇ မိနစ် အချိန်တွင် မန္တလေးမြေငလျင် စခန်းမှ မြောက်-အနောက် မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ သုည အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားသည်။

ထို့ပြင် ယနေ့ညနေ ၅ နာရီ ၃ဝ မိနစ် ၁ဝ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်-အနောက် မြောက်ဘက်မိုင် ၆ဝ ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း(သပိတ် ကျင်းမြို့၏ အနောက်တောင် ဘက် ၃ မိုင်ခန့်အကွာ)ကို ဗဟို ပြု၍ အင်အား ရစ်ခ်ျတာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားသွားသည်ဟု တိုင်းထွာရရှိကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်ထားသည်။
မြ၀တီ

No comments:

Post a Comment