Friday 7 December 2012

ကမ္ဘာကြီးပူနွေးလာမှု ချမ်းသာနိုင်ငံများချည်း မဟန့်တားနိုင်

Photo: ကမ္ဘာကြီးပူနွေးလာမှု ချမ်းသာနိုင်ငံများချည်း မဟန့်တားနိုင်
Friday, December 07, 2012

ဒိုဟာ - ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာပြောင်းလဲ နေမှုကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဟန့်တား နိုင်တော့မည်မဟုတ်၍ ဆင်းရဲသော
နိုင်ငံများက မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို မြန်မြန်
ထက်ထက် ဆောင်ရွက်ကြရတော့မည်ဟု ဒီဇင်ဘာ လ ၄ရက်နေ့ထုတ် 
အစီရင်ခံစာတစ်ခု တွင် သတိပေးထားသည်။

ကမ္ဘာ့ဘဏ်ဦးဆောင် စီးပွားရေး ပညာရှင်ဟောင်း နီကိုးလပ်စတန်း ပူးတွဲပြုစုသည့် ယင်းအစီရင်ခံစာအရ စက်မှုလုပ်ငန်း ခေတ်ကတည်းက မှန်လုံ အိမ်ဓာတ်ငွေ့ကို ချမ်းသာသည့်နိုင်ငံများက ထုတ်လွှတ်ခဲ့ကြ
သော်လည်း ယင်း၏ဆိုးကျိုးကို ကမ္ဘာ့နိုင်ငံများက မရှင်းလင်းနိုင်ခဲ့
ကြပေ။

ယင်းဓာတ်ငွေ့ လျှော့ချထုတ်လွှတ် ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ချမ်းသာ ဆင်းရဲနိုင်ငံအားလုံးသည် စိတ်ပျက် ဖွယ်ကောင်းလောက်အောင်
နှေးကွေး နေခဲ့ကြသည်ဟုကာတာနိုင်ငံ၊ ဒိုဟာ မြို့တွင်ကျင်းပသည့်
ကုလသမဂ္ဂ ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်ဆိုင်ရာဆွေးနွေး ပွဲပြင်ပ၌
ထုတ်ပြန်သည့် ယင်းအစီရင် ခံစာက ထောက်ပြထားသည်။

ချမ်းသာသည့်နိုင်ငံများသည် ကာဗွန် ဓာတ်ငွေ့ကို အလျှံအပယ် ထုတ်လွှတ်လျက် ပိုမိုကြွယ်ဝလာကြပြီး ဆင်းရဲသော နိုင်ငံများမှာ
အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံစားကြရခြင်း သည်
ကြီးမားသော မမျှတမှုတစ်ရပ် ဖြစ်နေကြောင်း၊ နိုင်ငံတကာ ပူးပေါင်း
ဆောင်ရွက်ရေးတွင် ယင်းမမျှတမှုကို ထိရောက်စွာ ထည့်သွင်းစဉ်းစား
ရမည် ဖြစ်သော်လည်းယင်းသို့ ထည့်သွင်း စဉ်းစားခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဟန့်အတားမဖြစ်စေရ။ အဟန့်အတား
ဖြစ်လာပါက ရလဒ်အားလုံးတွင်အကြီးမားဆုံးမမျှတမှု ဖြစ်လာမည်
ဖြစ်ကြောင်း အစီရင်ခံစာ၌ သတိပေးထားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မြေ ကမ္ဘာတစ်ခုလုံး ကြုံတွေ့နေရဆဲ
ဘေးဆိုးများအပေါ်ယခုဆွေးနွေးပွဲတွင် အရှိန်ဖြင့် တပ်လှန့်သတိပေး
ထားသော် လည်း မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချ ထုတ်လွှတ်ရေးဆိုင်ရာ
ငွေရေးကြေးရေး နှင့် ဝေဖန်ချက်များကို ငြင်းခုံဆွေးနွေးခဲ့ကြပြန်သည်။


အနောက်နိုင်ငံများအနေဖြင့် မှန်လုံ အိမ်ဓာတ်ငွေ့ လျှော့ချထုတ်လွှတ်မှုကို ပိုမို အလေးအနက်ထား ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ကြရန်နှင့်
ဆင်းရဲသောနိုင်ငံ များပိုမိုပြင်းထန်လာသည့် မိုးခေါင်မှု၊ ရေလွှမ်းမိုးမှု၊
မုန်တိုင်းများနှင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှု
တို့ကို ရင်ဆိုင်နိုင်ရေးအတွက် အနောက်နိုင်ငံ များက ၂၀၁၃ ခုနှစ်မှစ၍ ထောက်ပံ့ ငွေများကူညီရန် ဆင်းရဲသောနိုင်ငံ များက
တောင်းဆိုသည်။

ကုလသမဂ္ဂ၏ ရည်မှန်းချက်မှာ တိုးလာမည့် ကမ္ဘာ့အပူချိန်ကို နှစ်ဒီဂရီ စင်တီဂရိတ်(ဖာရင်ဟိုက် ၃ ဒသမ ၆ ဒီဂရီ) ထိ ထိန်းထားရန်ဖြစ်သည်။ လူသားများသည် အပူချိန်ဤအဆင့် တွင် ရာသီဥတုပြောင်းလဲမှု၏ အပြင်း ထန်ဆုံး အခြေအနေများကို ခံနိုင်ဖွယ်ရှိဦးမည်ဟုဆိုသည်။

နှစ်ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိ ရန်အတွက် ယနေ့ နှစ်စဉ်ထုတ်လွှတ်
နေသော မှန်လုံအိမ်ဓာတ်ငွေ့တန်ချိန် ဘီလျံ ၅၀ ခန့်နှုန်းကို၂၀၃၀
ပြည့်နှစ် တွင် တန်ချိန် ၃၅ ဘီလျံခန့်သို့လျှော့ချ ရမည်ဖြစ်သည်။

လက်ရှိထုတ်လွှတ်မှုနှုန်းအရ ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများက တန်ချိန် ၃၅ ဘီလျံထိထုတ်လွှတ်လာ ကြပြီး ချမ်းသာသောနိုင်ငံများ
ကလည်းတန်ချိန် ၁၁ ဘီလျံမှ ၁၄ ဘီလျံခန့်ထိထုတ်လွှတ်လာကြဖွယ်
ရှိနေသည်။ ယင်းသည် ကမ္ဘာတစ်ဝန်း ထုတ်လွှတ်မှု ၏ သုံးပုံနှစ်ပုံ
ခန့်ဖြစ်နေသည်။

တရုတ်နိုင်ငံသည် ၁၉၉၀ ပြည့်နှစ်မှ စ၍ ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့အများဆုံးထုတ်လွှတ်သည့် နိုင်ငံဖြစ်နေပြီး အိန္ဒိယနိုင်ငံမှာ
၂၀၁၁ ခုနှစ်တွင် ရုရှားထက် ပိုမိုထုတ်လွှတ်ရာမှ ကမ္ဘာ့စတုတ္ထအများဆုံး
ထုတ်လွှတ် သည့် နိုင်ငံဖြစ်လာခဲ့သည်ဟု နိုင်ငံတကာ စွမ်းအင်အဖွဲ့ 
(IEA) ကဆိုသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ် များ ချမှတ်ဆောင်ရွက်နေကြသော ဖွံ့ဖြိုးဆဲနိုင်ငံများအားချမ်းသာသော နိုင်ငံများက နည်းပညာအကူအညီနှင့်
ငွေကြေးထောက်ပံ့မှုများပေးရန် အစီရင်ခံစာကတိုက်တွန်းထားသည်။

(အေအက်ဖ်ပီ)
အောင်သာလင်း
- ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာပြောင်းလဲ နေမှုကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဟန့်တား နိုင်တော့မည်မဟုတ်၍ ဆင်း ရဲသော နိုင်ငံများက မှန်လုံအိမ် ဓာတ်ငွေ့ထုတ် လွှတ်မှု လျှော့ ချရေး ကို မြန်မြန် ထက်ထက် ဆောင်ရွက်ကြရတော့မည်ဟု ဒီဇင်ဘာ လ ၄ ရက်နေ့ ထုတ် အစီရင် ခံစာ တစ်ခု တွင် သတိပေးထားသည်။
ကမ္ဘာ့ဘဏ်ဦးဆောင် စီးပွားရေး ပညာရှင်ဟောင်း နီကိုးလပ်စတန်း ပူးတွဲပြုစုသည့် ယင်းအစီရင်ခံစာအရ စက်မှုလုပ်ငန်း ခေတ်ကတည်းက မှန်လုံ အိမ်ဓာတ်ငွေ့ကို ချမ်းသာသည့်နိုင်ငံများက ထုတ်လွှတ်ခဲ့ကြသော်လည်း ယင်း၏ဆိုးကျိုးကို ကမ္ဘာ့နိုင်ငံများက မရှင်းလင်းနိုင် ခဲ့ကြပေ။

ယင်းဓာတ်ငွေ့ လျှော့ချထုတ်လွှတ် ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ချမ်းသာ ဆင်းရဲနိုင်ငံအားလုံးသည် စိတ်ပျက် ဖွယ်ကောင်းလောက်အောင်နှေးကွေး နေခဲ့ကြသည်ဟုကာတာနိုင်ငံ၊ ဒိုဟာ မြို့တွင်ကျင်းပသည့်
ကုလသမဂ္ဂ ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်ဆိုင်ရာဆွေးနွေး ပွဲပြင်ပ၌ထုတ်ပြန်သည့် ယင်းအစီရင် ခံစာက ထောက်ပြ ထားသည်။

ချမ်းသာသည့်နိုင်ငံများသည် ကာဗွန် ဓာတ်ငွေ့ကို အလျှံအပယ် ထုတ်လွှတ်လျက် ပိုမိုကြွယ်ဝလာကြပြီး ဆင်း ရဲသော နိုင်ငံများမှာအထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံစားကြရခြင်း သည်ကြီးမားသော မမျှတမှုတစ်ရပ် ဖြစ်နေကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတွင် ယင်းမမျှတမှုကို ထိရောက်စွာ ထည့်သွင်းစဉ်းစားရမည် ဖြစ်သော်လည်းယင်းသို့ ထည့်သွင်း စဉ်းစားခြင်းကြောင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဟန့်အတားမဖြစ်စေရ။ အဟန့်အတား ဖြစ်လာပါက ရလဒ်အားလုံးတွင် အကြီးမားဆုံး မမျှ တမှု ဖြစ်လာမည်ဖြစ်ကြောင်း အစီရင်ခံစာ၌ သတိပေးထားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မြေ ကမ္ဘာတစ်ခုလုံး ကြုံတွေ့နေရဆဲဘေးဆိုးများအပေါ်ယခုဆွေးနွေးပွဲတွင် အရှိန်ဖြင့် တပ်လှန့်သတိပေးထားသော် လည်း မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချ ထုတ်လွှတ်ရေးဆိုင်ရာ
ငွေရေးကြေးရေး နှင့် ဝေဖန်ချက်များကို ငြင်းခုံဆွေးနွေးခဲ့ကြပြန်သည်။
အနောက်နိုင်ငံများအနေဖြင့် မှန်လုံ အိမ်ဓာတ်ငွေ့ လျှော့ချထုတ်လွှတ်မှုကို ပိုမို အလေးအနက်ထား ပိုမိုမြန် ဆန်စွာ ဆောင်ရွက်ကြရန်နှင့်ဆင်းရဲသောနိုင်ငံ များပိုမိုပြင်းထန်လာသည့် မိုးခေါင်မှု၊ ရေလွှမ်းမိုးမှု၊
မုန်တိုင်း များနှင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှုတို့ကို ရင်ဆိုင်နိုင်ရေးအတွက် အနောက်နိုင်ငံ များက ၂၀၁၃ ခုနှစ်မှစ၍ ထောက်ပံ့ ငွေများကူညီရန် ဆင်းရဲသောနိုင်ငံ များကတောင်းဆိုသည်။

ကုလသမဂ္ဂ၏ ရည်မှန်းချက်မှာ တိုးလာမည့် ကမ္ဘာ့အပူချိန်ကို နှစ်ဒီဂရီ စင်တီဂရိတ်(ဖာရင်ဟိုက် ၃ ဒသမ ၆ ဒီဂရီ) ထိ ထိန်းထားရန်ဖြစ်သည်။ လူသားများသည် အပူချိန်ဤအဆင့် တွင် ရာသီဥတုပြောင်းလဲမှု၏ အပြင်း ထန်ဆုံး အခြေအနေများကို ခံနိုင်ဖွယ်ရှိဦးမည်ဟုဆိုသည်။

နှစ်ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိ ရန်အတွက် ယနေ့ နှစ်စဉ်ထုတ်လွှတ်နေသော မှန်လုံအိမ် ဓာတ်ငွေ့တန်ချိန် ဘီလျံ ၅၀ ခန့်နှုန်းကို၂၀၃၀ပြည့်နှစ် တွင် တန်ချိန် ၃၅ ဘီလျံခန့်သို့လျှော့ချ ရမည်ဖြစ် သည်။

လက်ရှိထုတ်လွှတ်မှုနှုန်းအရ ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများက တန်ချိန် ၃၅ ဘီလျံထိ ထုတ် လွှတ်လာ ကြပြီး ချမ်းသာသောနိုင်ငံများကလည်းတန်ချိန် ၁၁ ဘီလျံမှ ၁၄ ဘီလျံခန့် ထိထုတ် လွှတ်လာ ကြဖွယ် ရှိနေသည်။ ယင်းသည် ကမ္ဘာတစ်ဝန်း ထုတ်လွှတ်မှု ၏ သုံးပုံနှစ်ပုံခန့်ဖြစ်နေ သည်။

တရုတ်နိုင်ငံသည် ၁၉၉၀ ပြည့်နှစ်မှ စ၍ ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်သည့် နိုင်ငံဖြစ်နေပြီး အိန္ဒိယနိုင်ငံမှာ၂၀၁၁ ခုနှစ်တွင် ရုရှားထက် ပိုမိုထုတ်လွှတ်ရာမှ ကမ္ဘာ့ စတုတ္ထအများဆုံးထုတ်လွှတ် သည့် နိုင်ငံဖြစ်လာခဲ့သည်ဟု နိုင်ငံတကာ စွမ်းအင်အဖွဲ့ (IEA) ကဆိုသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ် များ ချမှတ်ဆောင်ရွက်နေကြသော ဖွံ့ဖြိုးဆဲနိုင်ငံများ အားချမ်း သာသော နိုင်ငံများက နည်းပညာအကူအညီနှင့်ငွေကြေးထောက်ပံ့မှုများပေးရန် အစီရင်ခံစာ ကတိုက် တွန်း ထားသည်။

(အေအက်ဖ်ပီ)

No comments:

Post a Comment