Friday 7 December 2012

`လက်ရှိရင်ဆိုင်နေရသော ပြသနာများနှင့် စိန်ခေါ်မှုများအတွက် နိုင်ငံတ၀ှမ်းလုံးရှိ လူငယ်တိုင်းရင်းသားပေါင်းစုံပါဝင်သော မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်´

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၄) ခုတို့မှ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော မြန်မာနိုင်ငံ လုံးဆိုင်ရာလူငယ်တွေ့ဆုံဆွေးနွေးပွဲကြီးကီုအထိမှော်ဘီမြို့နယ် ၊ ဓမ္မဒူတ ကျောင်းတိုက်တွင်သုံးရက် တိုင်တိုင် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့ထိ နံနက် (၉) နာရီမှ ညနေ (၅) နာရကျင်းပပြု လုပ် မည် ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်ကိုယ်စားလှယ်ပေါင်း (၂၀၀) ကျော်တက်ရောက်ကြမည့် အဆိုပါပွဲကြီးတွင် လူငယ်များလက်ရှိရင်ဆိုင်နေရသော ပြသနာများနှင့် စိန်ခေါ်မှုများကို အဓိကထား ဆွေးနွေးကြမည် ဖြစ် သည်။

ဆွေးနွေးပွဲအတွင်းတွင်လည်း သက်ဆိုင်ရာ ပညာရှင်များ (သို့) ကျွမ်းကျင်သူများမှ ပို့ချသော Input Workshop များ ၊လူငယ်အချင်းချင်း
ကဏ္ဍများ ခွဲကာ ဆွေးနွေးချက်များ အပြင် လူငယ်ကွန်ယက်ကြီးတစ်ခုပေါ်ပေါက်လာစေရန် လည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့မှသိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် နိုင်ငံတော်တွင် လူငယ့်ရေးရာမူဝါဒ ပေါ်ပေါက်ရေး
အတွက် လူငယ် များမှ စတင်ဦးဆောင်ပြုလုပ်သော ပွဲဖြစ်ပြီး ဆွေးနွေးပွဲ၏
နောက်ဆုံးနေ့ဖြစ်သော ဒီဇင်ဘာလ (၁၂) ရက်နေ့တွင်ဆွေးနွေးချက်များ အားလုံး ကို ခြုံငုံ ထားသော ကြေငြာချက် တစ်စောင်ထုတ်ပြန်မည် ဖြစ်သည်။ ထိုကြေငြာချက်တွင် လူငယ်များ ရင်ဆိုင်နေ ရသော ပြသနာများ ၊ အစိုးရသို့ တောင်းဆိုချက်များနှင့် လူငယ်များ၏ တာဝန်ယူမှုနှင့်

ကတိက၀တ် စသည်ဖြင့်အပိုင်း သုံးပိုင်း ပါဝင်မည် ဖြစ်ကြောင်းသိရသည်။


ဆွေးနွေးပွဲ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များနှင့် တိုင်းနှင့်ပြည်နယ်မှ ရွေးချယ်စေ လွှတ်လိုက်သော ကိုယ်စားလှယ်များသာ
တက်ရောက်ခွင့်ရှိမည့်၎င်းပွဲ အသေးစိတ်ကို သိရှိလိုပါက

MYF ပြောရေးဆိုခွင့်ရှိသူ – ၀၉၇၃၁၁၇၈၄၉, Email – myf.media@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အဆိုပါပွဲသို့ သတင်းမီဒီယာများ တက်ရောက်သတင်းယူနိုင်ကြပါရန်

ဖိတ်ကြားထားပြီး မီဒီယာများအတွက် ကား ကြို/ ပို့ စီစဉ်ထားကြောင်းနှင့် (၁၂) ရက်နေ့ ၊ နေ့လည် (၂) နာရီတွင် ၊ မြေနီကုန်းရှိကင်းလက်ဘက်ရည်ဆိုင်အနီးတွင်လာရောက်စုရုံးပေးပါရန်
ထုတ်ပြန်ထားသည်။


Popular Myanmar News Journal

No comments:

Post a Comment