Friday 7 December 2012
""အယ်လ်ဂျာဇီးရားကို မြန်မာအစိုးရ ပြင်းထန်စွာကန့်ကွက် "
မြန်မာအစိုးရ နိုင်ငံခြားရေး 
ဝန်ကြီးဌာနက ကာတာနိုင်ငံ 
အခြေစိုက် အယ်လ်ဂျာဇီးရား 
ရုပ်မြင်သံကြား သတင်းဌာနက 
ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စမှာ
1 comment:
  1. မြန်မာအစိုးရက "လူမှုအုပ်စု နှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများ ဖြစ်ပွားရာနေရာများသို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သံတမန်များ၊ Muslim Aidအဖွဲ့တို့အား ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့်ပေးခဲ့သည်။ ထိုအပြင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများနှင့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(OIC )မှ နိုင်ငံခြားရေးဝန်ကြီး၊ အဆင့်မြင့် ကိုယ်စားလှယ်များကိုလည်း သွားရောက်ခွင့်ပြုခဲ့သည်။" ဟုထပ်မံဆိုနေပြန်ပြီးလား။ သြော်..အဲသလိုသွားခွင့်အနည်းအကျည်းသာရရှိခဲ့တဲ့အချိန်အခါမျိုးမှာ ရိုဟင်ဂျာများအား လူမျိုး တုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို အနည်းအကျည်းမျှသာမြင်တွေ့ခဲ့သမျှကိုသာမှတ်တမ်းတင်ရိုက်ကူနိုင်ခြင်းဖြစ်ပါတယ်။ နဂိုကတည်းက ပြည်တွင်းမီဒီယာလွတ်လပ်ခွင့်မရှိတဲ့မြန်မာ ပြည်မှာ မွတ်စလင်ဆန့်ကျင်ရေးလုပ်ငန်းအတွက် မီဒီယာကိုလွတ်လပ်စွာအသုံးပြု၊ ပြည်မာပြည်သူတွေရဲ့ရင်ထဲ့မှာ မွတ်ဆလင်တွေကိုနိုင်ငံခြားမှ ခိုးဝင်လာသူများဟုထင်ယောင်ထင်မှားဖြစ်ပြီး မွတ်ဆလင်မုန်းတီးရေးစိတ်ဓါတ်တွေပြင်းထန်လာပြီး ပြည်တွင်းဆူပူမူများဖြစ်ပေါ်စေကာ စစ်အုပ်စုများပြန်လည်အာဏာသိမ်းပိုက်နိုင်အောင်လမ်းကြောင်းခင်းပေးနေခြင်းသတ်သတ်သာဖြစ်ပါတယ်။
    တဖန် "အကြမ်းဖက် မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် အဆိုပါကိစ္စ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပွင့်လင်း မြင်သာ မှုရှိစွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။" ဟုဆိုပြန်နေပြီးလား?။ သိပ်ထင်းရှားတာပေါ့။ အစိုးရကိုယ်တိုင်က ရခိုင်အကြမ်းဖက်သမားတွေကို လက်နက်ထုတ်ပေး၊ အစိုးရလုံခြုံရေးတပ်သားတွေကိုယ်တိုင်ကလည်းရခိုင်အကြမ်းဖက်တွေနဲ့ပူးပေါင်းကာ မွတ်ဆလင်လူအသက်ပေါင်းများစွာကိုသတ်၊ အိုးအိမ်၊ စည်းစဉ်းပစည်းများ၊ ဗလီများ၊ ဘာသာရေးသာသင်ကျောင်းများကိုမီးရှိုးဖျက်စီး၊ မွတ်ဆလင်အမျိုးသမီးတွေကို မဓင်းကျင်းအကြမ်းဖက်၊ ကလေးငယ်တွေပါမကျန်သတ်ဖြတ်ခဲ့ပြီးမှ အခုတဖန် လူသတ်ဂိုဏ်းကိုယ်တိုင်က တရားသူကြီးလုပ်ချင်နေသလား။ "ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် သတင်းဌာနအချို့နှင့် အဖွဲ့အစည်းအချို့က စွပ်စွဲသကဲ့သို့ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင်ပတ်သက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ခြင်းများ လုံးဝမရှိကြောင်းကို ထပ်လောင်းအတည်ပြုဖော်ပြပါသည်။ ဤသို့ ပတ်သက်မှု မရှိကြောင်းကို နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေ ညီလာခံ တွင်း လည်းကောင်း၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီး အစည်းအဝေးတွင် လည်းကောင်း ကမ္ဘာသို့ အတိအလင်းထုတ်ဖော်အသိပေးပြောကြားခဲ့ပြီးဖြစ်သည်။" ဟုဆိုလိုချင်တာပေါ့ဟုတ်လား။ ဘယ်သူကယုံတယ်ပြောလို့လဲ?။ စာမေးပွဲအမြဲကျနေတဲ့သူတစ်ယောက်က "ကျနော်စာမေးပွဲဖြေပြီးပြီဘဲ.."လို့ပြောရင်းနဲ့ပြီးမှာမဟုတ်ဘူး။ မင်းဖြေခဲ့တဲ့စားမေးပွဲရဲ့အောင်စာရင်းမှာ မင်းနာမည်ပါသလား ပြန်သွားကြည့်ပါအုံး။
    လာပြန်ပြီး နံပါတ် (၅)မှာတဖန် "နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေနှင့ အညီထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ရန် လွတ်လပ် သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။" လူသတ်သမားတွေနဲ့တရားသူကြီးလုပ်ခိုင်းနေပြန်ပြီးလား။
    ဒီ Comment ကို ဖတ်ပြီးတချိုလူတွေက သဘောမတူအလိုမကျဖြစ်ကာ "ရခိုင်ပြည်နယ်က မွတ်စလင်..မြန်မာနိုင်ငံသားမဟုတ်ဘူး။ ဘင်္ဂလာဒေရှ်ကခိုးဝင်လာတဲ့ ဘင်္ဂလီတွေဖြစ်တယ်၊ သူတို့ကိုအပြီးသတ်ရှင်းပစ်ရမယ်"ဆိုပြီးခြိမ်းခြောက်လာလိမ့်ဆိုတာလည်းကျနော်ကြိုသိပါတယ်။ ခဏာခဏာအဲသလို..လူနည်းစုတစုကို နိုင်ငံသားမဟုတ်ဘူး၊ နိုင်ငံခြားသားဘင်္ဂလီဖြစ်တယ်လိုဆိုပြီးခြိန်းခြောက်နေခြင်းသည်လည်း "လူမျိုး တုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှု "တရပ်ဖြစ်နေပြန်ပြီးရော့။ ရခိုင်ပြည်နယ်မှာရှိနေတဲ့ မွတ်စလင်တွေကို နိုင်ငံသားမဟုတ်ဘူးဟုဆိုရဲရင် နိုင်ငံတကာသမိုင်းပညာရှင်များ နှင့် မြန်မာနှင့် ရိုဟင်ဂျာ ရော့ ရခိုင် ကပါ သမိုင်းပညာရှင်များစုပေါင်းထိုင်ပြီး အချိန်မရွေး၊နေရာမရွေး စိစစ်အဖြေရှာပါလား။ ရိုဟင်ဂျာများအဆင်သင့်ပါ။
    ReplyDelete