Tuesday 27 November 2012

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည်

ပြည်သူ့လွှတ်တော်၏ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၂၉ရက်နေ့တွင် မုံရွ
ာမြို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတစ်ဝိုက်ရှိ ဒေသခံများနှင့် သွားရောက် တွေ့ ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးအုန်းကြိုင်က အတည်ပြုပြောကြားသည်။
လက်ပံတောင်းတောင်သို့ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုဝင်ဘာလ ၂၉ သို့မဟုတ် နိုဝင်ဘာလ ၃၀ ရက် နေ့တွင် လာရောက်မည် ဟုကြားသိ ရကြောင်း၊ မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများရှိရာသို့ လာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ထိုသို့ လာရောက်  တွေ့ဆုံရာတွင် လက်ပံတောင်းတောင် ဒေသခံများသို့ ဟောပြောပွဲ ပြုလုပ်ရန် အစီစဉ်လည်း ရှိကြောင်း၊  မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အဖွဲ့ဝင် ဦးမက်ကြီးက ဆိုသည်။
"အဓိကတော့ ဒီက(လက်ပံတောင်းတောင်) အသံတွေ ကြားချင်ရုံပါ" ဟု ဦးမက်ကြီးက ထပ်မံဆိုသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ အထိ နောက်ဆုံး အခြေအနေအရ မုံရွာမြို့ လက်ပံတောင်းတောင်ရှိ သပိတ် စခန်း (၆)ခု ရှိရာသို့ ပုလဲမြိုန့ယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းမြင့် လာရောက်ခဲ့ကြောင်း၊ မုံရွာမြို့ လက်ပန်းတောင်း တောင်ရှိ ဒေသခံများ၊ သံယာများက အဆိုပါ သပိတ်စခန်း (၆)ခုတွင် နေထိုင်ကာ ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆက်လက်တောင်းဆိုနေကြကြောင်း မုံရွာမြို့ဗက သ အဖွဲ့ဝင် ဦးအာကာ ကဆိုသည်။ဒေသခံများနှင့် အချေအတင် ဖြစ်ပွားနေသော လက်ပန်းတောင်းတောင်
ကြေးနီ စီမံကိန်း ကိုဆက်လက်လုပ် ဆောင် ရန်သင့်မသင့်နှင့်ပတ်သက်၍
အရေးကြီး အဆိုကို ပုလဲမြိုန့ယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ခင်စန်းလှိုင် က နိုဝင်ဘာလ ၂၃ ၇က်နေ့က ကျင်းပသော ပြည်သူ့
လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။ အဆိုကို ဆားလင်းကြီး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့်က ထောက်ခံ၍ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည်
ဆွေးနွေးခံရာတွင် စီမံကိန်းရပ်ဆိုင်းပါက စာချုပ်ချုပ်ဆိုသည့် နိုင်ငံနှင့် မိတ်ပျက်သွားနိုင်ကြောင်း၊ မီဒီယာများဘက်တွင်လည်း ဘက်လိုက်မှုများ ရှိနေကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။


The Voice Weekly

No comments:

Post a Comment