Tuesday 27 November 2012

http://sphotos-f.ak.fbcdn.net/hphotos-ak-ash4/215992_497205613653415_571560727_n.jpg
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်တွေ အရ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိကုန်သွယ်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၁၀၇၂၅.၀၆၃ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကုန်သွယ်မှုမှာ
ပုံမှန် အတိုင်း ကုန်သွယ်မှုနဲ့ နယ်စပ်ဂိတ် တွေမှာ ကုန်သွယ်မှု ပမာဏတွေ ဖြစ်ပါတယ်။ ပို့ကုန် အနေနဲ့ ပုံမှန် အတိုင်း ကုန်သွယ်မှုမှာ နိုင်ငံပိုင် ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၂၅၃၉.၀၈၉ သန်း၊ ပုဂ္ဂလိက ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၁၅၂၇.၉၆၄ သန်း ရှိခဲ့ပါတယ်။ သွင်းကုန်ကဏ္ဍ မှာတော့ ပုံမှန်အတိုင်း ကုန်သွယ်မှုမှာ နိုင်ငံပိုင် ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၆၂၀.၆၅၇ သန်းနဲ့ ပုဂ္ဂလိကမှ အမေရိကန် ဒေါ်လာ ၄၀၆၆.၉၈၀ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နယ်စပ် ကုန်သွယ်မှု မှာတော့ နိုင်ငံပိုင် ကဏ္ဍမှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၂၈၀.၅၂၁ သန်းနဲ့ သွင်းကုန် ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၁၅.၁၀၇ သန်း ရှိခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍ မှာတော့ ပို့ကုန် ပမာဏ အမေရိကန် ဒေါ်လာ ၉၂၈.၁၁၄ သန်း၊ သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာ ၆၄၆.၆၃၁ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ၈ လတာ ကာလ ၀န်းကျင် အတွင်း ပို့ကုန် အနေနဲ့ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၂၇၅.၆၈၈ သန်းရှိခဲ့ပြီး သွင်းကုန် စုစုပေါင်း အနေနဲ့ အမေရိကန် ဒေါ်လာ ၅၄၄၉.၃၇၅ သန်း ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။


MRTV - 4


No comments:

Post a Comment