Tuesday 27 November 2012

မူးယစ်ဆေးဝါးဖမ်းဆီးမိ


http://sphotos-a.ak.fbcdn.net/hphotos-ak-prn1/45292_497207450319898_2079669601_n.jpg

၂၅-၁၁-၂၀၁၂ ရက်နေ့ ၂၁၀၀ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ၀ိုင်းမော်မီးပွိုင့်လမ်းဆုံအနီး၊ ၀ိုင်းမော်မြစ်ကြီးနား ကားလမ်းပေါ်၌ သက်သေများနှင့်အတူစောင့်ဆိုင်းနေစဉ် ၀ိုင်းမော်မှ မြစ်ကြီးနားသို့ ၀ိုင်းမော်မြို့နယ်နေ ကျန်းဟိန်း(ခ)ရှောက်ကျန်း (၃၆)နှစ် မောင်းနှင်လာပြီး တရုတ်နိုင်ငံသား အားဂျုံး(၃၀) နှစ်နှင့်
ဝမ်တဲ့ကျား (၃၆)နှစ်တို့ ၂ ဦး လိုက်ပါလာသည့် ယာဉ်အမှတ် ၁ဂ/xxxx ပရာဒိုယာဉ်အား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ အားဂျုံးဝတ်ဆင်ထားသည့် ရှမ်းအင်္ကျီလက်ရှည်ရှေ့ခါးပိုင်းနေရာ၊ အင်္ကျီနှင့် ကိုယ်ခန္ဓာ ကြားတွင် အနီရောင်ပလပ်စတစ်အပိုင်းအစဖြင့် ထုပ်ထားသည့် ဘိန်းမဲအရည်များ သုတ်လိမ်းထားသော အညိုရောင် အမျှင်ခြောက် ၂၂ ဂရမ်ပါ ၁ ထုပ်၊ ၅ ဂရပ်ခန့်ပါ ၁ ထုပ်၊ ၇ ဂရမ်ခန့်ပါ ၁ ထုပ်၊ စုစုပေါင်း ၃ ထုပ်၊ အလေးချိန် ၃၄ ဂရမ်ခန့်၊ တန်ဘိုးငွေကျပ်(၅၁၀၀၀ိ/-)အား သိမ်းဆည်းရမိခဲ့သဖြင့် ၀ိုင်းမော်မြို့နယ်နေ ကျန်းဟိန်း(ခ)ရှောက်ကျန်း (၃၆)နှစ်နှင့် တရုတ်နိုင်ငံသား ၂ ဦးဖြစ်သည့် အားဂျုံး(၃၀)နှစ်၊ ၀မ်တဲ့ကျား(၃၆)နှစ်တို့ ၃ ဦးအား ၂၃၅၀ အချိန် ၀ိုင်းမော်ရဲစခန်း မယ(ပ) ၁၀၀/၂၀၁၂ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment