Tuesday 27 November 2012

သမ္မတ ဦးသိန်းစိန်လည်း ငြိမ်းချမ်းရေးဆု တခု ရရှိ

 
သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းရေး
အဇွဲ့တခုဖြစ်သည့် International Crisis Group - ICG က In Pursuit of Peace အမည်ရ ဆု ပေးအပ်မည်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
ICG က လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာတော့ အမေရိကန်
ပြည်ထောင်စု နယူးယောက်မြို့ တွင် ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပြီး ဆုရရှိသူတွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ ဆုရရှိသူတွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း မစ္စတာ Luiz Inácio Lula da Silva တို့အား ထိုနေ့မှာ ညစာစားပွဲနဲ့ အတူ ဂုဏ်ပြုဆုချီးမြှင့်မှာဖြစ်ပါတယ်။
ဒီဆုဟာ လူသန်းပေါင်းများစွာကိုအမြင်ကျယ်တဲ့ ခေါင်းဆောင်မှုနဲ့
ပဋိပက္ခတွေ အဆုံးသတ်ရေး ကမ္ဘာကတိ က၀တ်ကိုအကောင်အထည်ဖော်
တဲ့ အစိုးရ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံသားဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်တွေကိုပေးအပ်တဲ့ ဆုလည်းဖြစ်ပါတယ်။ နိုင်ငံပိုင်သတင်းစာကလည်း သမ္မတ ဆုရရှိခြင်း သတင်းကို ဖော်ပြသည့် အတိုင်း ဘာသာပြန်ဆို ဖော်ပြထားပါတယ်။

No comments:

Post a Comment