Tuesday 27 November 2012

ကာကွယ်ရေးတပ် ​အမှားတွေအတွက် ​ဝန်ကြီးတောင်းပန်


သြစတြေးလျနိုင်ငံရဲ့ ကာကွယ်ရေးတပ်အတွင်း အနိုင်ကျင့်မှုတွေရှိခဲ့တာကို အသိအမှတ်ပြုပြီး သြစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီး စတီဖန်စမစ်တ် (Stephen Smith) က အနိုင်ကျင့်ခံရတဲ့

ကာကွယ်ရေးတပ်အဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးဌာနမှာအလုပ်လုပ်ကိုင်တဲ့ သာမာန်အမှုထမ်းတွေကို တရားဝင်တောင်းပန်စကားပြောခဲ့ပါတယ်။ဒီလိုအနိုင်ကျင့်မှုတွေဟာ လက်ခံနိုင်စရာမရှိတဲ့အကြောင်း သြစတြေးလျနိုင်ငံလူမှုအသိုင်းအဝိုင်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ မစ္စတာစမစ်တ် က ပြောပါ တယ်။ကာ ကွယ်ရေးဝန်ကြီးက အနိုင်ကျင့်မှုကို မခံရသင့်တဲ့အကြောင့် ခံခဲ့ရသူတွေကိုလည်းတောင်း ပန်ကြောင်း ပြောသွားခဲ့တာဖြစ်ပါတယ်။အတိုက်အခံပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တွေကလည်းကာကွယ်ရေးတပ်
အဖွဲ့ဝင်တချို့ရဲ့လုပ်ရပ်ကြောင့် အနိုင်ကျင့်ခံရသူတွေအတွက် ဝမ်းနည်းမိကြောင်း၊ အနိုင်ကျင့်သူတွေရဲ့ ကိုယ်စားတောင်းပန်ကြောင်း ပြောခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး မစ္စတာ စမစ်တ်က အနိုင်ကျင့်မှုတွေကို စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းမယ်လို့ပြောလိုက်ပါတယ်။ ပစ်မှုကျူးလွန်သူလို့ ယူဆရသူတွေကို စစ်တရားရုံးမှာသာ စစ်ဆေးပြီး လူသိရှင်ကြား ပြုလုပ်မှာမဟုတ်ကြောင်း၊ အနိုင်ကျင့်ခံခဲ့ရသူတွေကိုလည်း ဒေါ်လာ၅၀၀၀၀အထိနစ်နာကြေးပေးမယ်လို့ ပြောခဲ့ကြောင်းအေဘီစီ
သတင်းထောက် Eliza Borrello က သတင်းပေးပို့ခဲ့ပါတယ်။ သြစတြေးလျကာကွယ်ရေးတပ်အတွက် အနိုင်ကျင့်မှုတွေရှိတာကို အသိအမှတ်ပြုပြီး ကိုယ်စားတောင်းပန်တဲ့အတွက် ကာကွယ်ရေး ဝန်ကြီး ကို ကျေးဇူးတင်ကြသူတွေလည်းရှိပါတယ်။ စစ်တပ်ဆိုင်ရာမှာ သုသေသနပြုတဲ့ ဒေါက်တာ Kathryn Spurling ကဒါဟာ သမိုင်းဝင်တဲ့ ဖြစ်ရပ်တခုဖြစ်တယ်လို့ ပြောပြီး သူကိုယ်တိုင် ရေတပ်မှာအမူ ထမ်းခဲ့ တုန်းကအနိုင်ကျင့်ခံခဲ့ရတဲ့အကြောင်းအနိုင်ကျင့်ခံရမှုတွေရှိတယ်ဆိုတကိုလည်း ကြားခဲ့ရကြောင်း ပြောပါ တယ်။ဒီလိုအနိုင်ကျင့်မှုတွေရှိတယ်ဆိုတာကို နှစ်ပေါင်းများစွာ ပြောဆိုလာခဲ့ပြီးနောက် ကာကွယ်ရေးဌာန ကနေ တရားဝင်တောင်းပန်စကားပြောဆိုခဲ့တဲ့အတွက် ဝမ်းသာမိကြောင်း ပြောသွားခဲ့ပါတယ်။

No comments:

Post a Comment