Tuesday 27 November 2012

ကပ္ပလီပင်လယ်ပြင်မှ တိမ်တိုက်များကြောင့် ရန်ကုန်တွင် မိုးရွာ


 http://sphotos-h.ak.fbcdn.net/hphotos-ak-ash3/59051_497239756983334_1912262560_n.jpg

ရန်ကုန်မြို့တွင် ယနေ့ရွာသွန်းနေသော မိုးမှာ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိမ်တိုက် များကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးချစ်ကျော် ကပြောသည်။ "ကပ္ပလီပင်လယ်ပြင်မှာဖြစ်နေတဲ့ တိမ်တိုက်တွေ
ကို  စောင့်ကြည့်ရမယ်။ အခုမိုး ရွာနေတာ နောက်ရက်တွေမှာ ရပ်သွားမယ်ဆိုရင် ပိုအားကောင်းလာနိုင်တယ်။ မုန်တိုင်း အဖြစ်ပြောင်း၊ မပြောင်းကို ဆက်လက်စောင့်ကြည့်ရမယ်"ဟု ဦးချစ်ကျော်က ဆိုသည် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိမ်တိုက်ကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပုံမှန် မဟုတ်သော မိုးရွာသွန်းမှုများ ဆက်လက်အားကောင်းနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော တောင်သူ လယ်သမားများ၊ ပင်လယ်ပြင်တွင်ရေလုပ်ငန်းလုပ်ကိုင်သော ရေလုပ်သား များအတွက် အထူးသတိထားလုပ်ကိုင်ရမည်ဖြစ်ကြောင်း ၎င်းကသတိပေးပြောကြားသည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ခန့်မှန်းချက်များအရ ယခုနှစ်ဆောင်း၌ ပုံမှန်မဟုတ်သော မိုးရွာသွန်းနိုင်ပြီး လာမည့်ဒီဇင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်၌ အနည်းဆုံးမုန်တိုင်းတစ်လုံးဖြစ်နိုင်ကြောင်း ခန့်မှန်း ထားသည်။
7Day News Journal

No comments:

Post a Comment