Tuesday 27 November 2012

လာမည့်လအတွင်းပြီးစီးမည့် မြစ်ကြီးနား-ပူတာအိုကားလမ်း


http://sphotos-f.ak.fbcdn.net/hphotos-ak-prn1/542609_497206680319975_1696114610_n.jpg

မြစ်ကြီးနား - ပူတာအို ကားလမ်းအား ယခုနှစ် ဒီဇင်ဘာလအပြီးဆောက်လုပ်
သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်က အတည်ပြုပြောကြားသည်။
ကချင်ပြည်နယ်၏ မြောက်ပိုင်းဆုံးကျရောက်လျှက်ရှိသည့် ပူတာအိုမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စားသုံးကုန်ပို့ဆောင်ရန်အတွက် လေကြောင်း ခရီးကို သာ အသုံးပြုနေ
ရခြင်း ဖြစ်သည်။ ထို့ကြောင့် စားနပ်ရိက္ခာလွယ်ကူစွာဖြင့်သယ်ဆောင်နိုင်ရန်နှင့်ဆက်သွယ်ရြေ မန် ဆန် လာရန် အတွက် ကားလမ်းကို အမြန်ဆုံးဖော်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။" ကျွန်တော်တို့ မြစ်ကြီးနားမြို့မှ ပူတာအိုလမ်းကို ဒီဇင်ဘာလပြီးအောင် လမ်းလုပ်တဲ့အဖွဲ့ကို ပူတာအိုက အဆင်းတစ်ဖွဲ့ ၊အလယ်မှာ နှစ်ဖွဲ့နဲ့ ဒီကအတက်တစ်ဖွဲ့ဆိုပြီး အဖွဲ့လေးဖွဲ့ ခွဲပြီးလုပ်နေပါတယ်" ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်က ပြောသည်။ကချင်ပြည်နယ်တွင် တံတား စုစုပေါင်း (၁၀၀) ကျော်ရှိပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာအစိုးရ တပ်မတော်တို့ နှစ်ဖက်စစ်ပွဲများဖြစ်ပွားရာ မြစ်ကြီးနား- ပူတာအို ကားလမ်းရှိ ဖုန်အင် ခတံတား၊ အင်ဇွပ်တံတား၊ ရှာနန်ခတံတား စသည့် တံတား(၃)စင်း ပျက်စီးခဲ့သည်။လက်ရှိ မြစ်ကြီးနား - ပူတာအို ကားလမ်းမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လမ်းလုပ်သား အဖွဲ့များက ရက်ပေါင်း (၂၀)အတွင်း အပြီး လုပ်ဆောင်သွားမည်ဖြစ်သည်။"အခုက ပူတာအိုကို လေယာဉ်နဲ့ စားနပ်ရိက္ခာတွေပို့ နေရတာ မလွယ်ဘူး၊ စရိတ်စက ဈေးကြီးတယ်၊ ကျွန်တော်တို့ ကားလမ်းလုပ်ခြင်းအားဖြင့် ပူတာအို သွားလမ်း ဖြစ်တဲ့ ဆွမ်ဘရာ ဘွမ်မြို့နယ်၊ အင်ဂျန်း ယန်မြို့နယ်တို့ လိုမြို့နဲ့ ဝေးတဲ့ဒေသတွေမှာလည်း လွယ်ကူစွာနဲ့ စားနပ်ရိက္ခာတွေ သယ်ယူလာနိုင် မယ်” ဟု ဝန်ကြီးက ဆက်ပြောသည်။ပူတာအို ကားလမ်းမကြီး တစ်ခုတင်မက မြစ်ကြီးနား - ရွှေဘိုကားလမ်းနှင့်မြစ်ကြီးနား - တနိုင်လမ်း တို့ကိုလည်း ပြုပြင်မွမ်းမံနေပြီဖြစ်ကြောင်း သိရသည်။


လုဆိုင်း- ကချင်ပြည်နယ် (မြစ်မခ)

No comments:

Post a Comment