Tuesday 27 November 2012

http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/556916_497162440324399_730262865_n.jpg
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီအဖွဲ့ဟာ နေပြည်တော်
မှာရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ခရိုင်တရားရုံးနဲ့
၊ မြို့နယ် တရားရုံး တွေကို ဒီကနေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ စစ်ဆေးမှု အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတွေ
ခေတ်မှီအောင် ကြိုးစားရမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇမ္ဗူသီရိမြို့ ခရိုင်တရားရုံးနဲ့ ၊မြို့နယ်တရားရုံးတွေ
ကိုဝင်ရောက်စစ်ဆေးအပြီးမှာ နေပြည်တော်က နေအိမ်ကို ပြန်လည်ထွက်ခွာသွားပြီး ကော်မတီအတွင်းရေးမှုး ဦးဝင်းမြင့် နဲ့ အဖွဲ့ဝင်တွေက ပျဉ်းမနား မြို့နယ် တရားရုံးကို စစ်ဆေးခဲ့ပါတယ်။
အခုလို ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တရားရုံး
တွေကို ရှောင်တခင် သွားရောက်စစ်ဆေးတာဟာ ပထမဆုံး အကြိမ် ဖြစ်
ပါတယ်။

RFA

No comments:

Post a Comment