Monday 12 November 2012

ရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး လာရောက်ဖွယ်ရှိ


ရန်ကုန်၊ နိုဝင်ဘာ ၁၁

ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခတံတား စီမံကိန်းသို့
 နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လာရောက်ဖွယ်ရှိကြောင်း ယင်းတံတား စီမံကိန်း ဆောက်လုပ်ရေး
အင်ဂျင်နီယာ တစ်ဦးက  ပြောကြားသည်။

အင်အား ၆ ဒသမ ၈ ပြင်းအားရှိသော ငလျင်ကြောင့် ရတနာသိင်္ခ တံတား၏ ရေလယ်မိုင်တိုင် ၂ နှင့် ၃ (ကျောက်မြောင်းမြို့ဘက် အခြမ်း) မှာ ပြိုကျသွားခဲ့ပြီး ပစ္စည်းသယ်ယူသော ရေယာဉ်မှာလည်း နစ်မြုပ်သွား ကာ လုပ်သား လေးဦး ပါဝင်ကြောင်း သိရှိရသည်။

ရတနာသိင်္ခ တံတားအနီးရှိ (စဥ့်ကူးဘက်ခြမ်း) စေတီတော် တစ်ဆူမှာလည်း ပြိုကျ ပျက်စီးနေသည် ဟု ၄င်းက ဆက်လက် သတင်းပေးပို့သည်။
 
ref:The Voice Weekly

No comments:

Post a Comment