Monday 12 November 2012

ယနေ့မနက် ၀၀ နာရီ ၅၀ မိနစ် ၃၀ စက္ကန့်တွင် ရွှေဘိုမြို့၏ မြောက်အရှေ့မြောက် ၄၅ မိုင်ခန့် အကွာနေရာကို ဗဟိုပြု၍ ၅.၇ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်

နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက် ၈၂ မိုင်ခန့်အကွာ မြန်မာနိုင်ငံ ပြည်တွင်း ရွှေဘိုမြို့၏ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ နေရာကို ဗဟိုပြုလျက် အင်အား ရစ်စ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားအသင့်ရှိ ပြင်းထန်သည့် ငလျင်လှုပ်ခတ်အပြီး တစ်ရက်တည်းတွင်ပင် နောက်ဆက်တွဲ ငလျင် ၄ ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ဌာနမှ သတင်း ရရှိသည်။

နောက်ဆက်တွဲ ငလျင်များမှာ နံနက် ၇ နာရီ ၅၉ မိနစ် ၅၉ စက္ကန့်တွင် မန္တလေးမြေင လျင် စခန်းမှ မြောက်ဘက် ၅၉ မိုင်ခန့်အကွာ ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၂၃ မိုင်ခန့်အကွာ နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၅.၀ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော ငလျင် ထပ်မံ လှုပ်ခတ် ခဲ့သည်။ ထို့ပြင် နံနက် ၈ နာရီ ၂ မိနစ် ၂၈ စက္ကန့်တွင်လည်း မန္တလေးမြေငလျင် စခန်းမှ မြောက်ဘက် ၅၃ မိုင်ခန့်အကွာ ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၆ မိုင်အကွာနေရာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၅.၀ အဆင့်ရှိ အင်အားအသင့်တင့်ရှိသော ငလျင်ထပ်မံလှုပ်ခတ်ခဲ့သည်။

ညနေ ၅ နာရီ ၂၆ မိနစ် ၂၀ စက္ကန့်တွင်လည်း မန္တလေး မြေငလျင်စခန်းမှ မြောက်အနောက်ဘက် ၅၅ မိုင်ခန့်အကွာ ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ နေရာကိုဗဟိုပြု၍ အင်အား ၅.၈ အဆင့်ရှိသော အင်အား အသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ခဲ့သည်။

ထို့ပြင် ယနေ့ နိုဝင်ဘာ ၁၂ ရက် ၀၀ နာရီ ၅၀ မိနစ် ၃၀ စက္ကန့်တွင်လည်း မန္တလေးမြေငလျင် စခန်း၏ မြောက်အနောက်ဘက် ၈၅ မိုင်ခန့်အကွာ ရွှေဘိုမြို့၏ မြောက်အရှေ့မြောက် ၄၅ မိုင်ခန့် အကွာနေရာကို ဗဟိုပြု၍ ၅.၇ အဆင့်ရှိသော အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
 
ref:7daynews

No comments:

Post a Comment