ထောက်ကြန့်မြို့၊ ရဲစုတောင် ရပ်ကွက်၊ မေတ္တာမွန်လမ်းနေ ဦးကျော်စိုးလင်း+ဒေါ်ခိုင်ဇင်လတ်
တို့၏ သားဦး ၁နှစ်အရွယ်ရှိ မောင်ကျော်မင်းဟိန်း သည် ၂၉-၁၀-၂၀၁၂ နံနက် ၈း၀၀
နာရီ အိမ်၌ ဆော့က စားနေ စဉ်၁လက် မခွဲခန့်ရှိအုတ်ရိုက်သံအားမျို
ချမိသွားခြင်းကြောင့် ရန်ကုန် ကလေးဆေးရုံကြီးသို့နံနက်၁၀း၀၀
နာရီ အချိန်တွင်သွားရောက်ပြသပြီး
လိုအပ်သော စစ်ဆေးမှုများပြု လုပ်ပြီး ဓါတ်မှန်ရိုက်ရာခန္ဓာကိုယ်
အတွင်းရှိနေခြင်းကြောင့် ဆေးရုံ တွင် စောင့်ကြည့်ပြီး ၃၁-၁၀-၂၀၁၂ နေ့တွင်
ယခင်ဓါတ်မှန် ရိုက်ထား တာထက်အောက်သို့ကျ နေကြောင်း ထပ်မံ၍ဆေးရုံမှာပဲ
စောင့်ကြည့်နေကြောင်း၊ ၃-၁၁-၂၀၁၂ နေ့
တွင်ဓါတ် မှန်ထပ်မံရိုက်
ကြည့်ရာအဆိုပါသံကိုမတွေ့ရတော့ ဘဲ ဆေးရုံမှနေ အိမ်သို့ပြန် လာ
ကြောင်း၊ ကလေး မှာလည်းကျန်းမာ လျှက်ရှိကြောင်း၊ ကလေးဝမ်းသွား လျှင်
ဆေးရုံမှာေ ရာနေ အိမ်မှာ ရောသေချာ စွာစစ်ဆေးနေလျှက် ရှိကြောင်း၊
ဝမ်းသွားရာတွင် အဆိုပါသံချောင်း ငယ်ပါဝင်ခြင်းမရှိ သေးပါကြောင်း၊ ၁၀-၁၁-၂၀၁၂ နေ့အထိ တွေ့ရှိခြင်းမရှိသေးပါ ကြောင်း၊ ဆေးရုံသို့ ၁၄-၁၁-၂၀၁၂ရက်နေ့ တွင်ပြန်လည်ပြသရ မည်ဖြစ်ပြီး ဆရာဝန်ညွှန်ကြား ချက်အတိုင်းဆက်လက်လုပ်ဆောင် ရ မည်ဖြစ်ကြောင်း အဆိုပါသံချောင်း ငယ်ကို ကလေးပါးစပ်ထဲထည့်မိ တာသိသိခြင်းအချိန်မီတားဆီးနိုင်ခြင်း မရှိကြောင်း၎င်း င်း ၏ဖခင်ဦးကျော်စိုးလင်း မှ ရှင်းပြခြင်းကြောင့်သိရှိရပါ သည်။
No comments:
Post a Comment