Monday 12 November 2012

ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မြန်မာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်းမှာ မြန်မာ စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတို့ အကြားမနေ့ညနေက ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ် လို့ ဒေသ ခံတွေ က ပြောပါတယ်။
တိုက်ပွဲဟာ နစက နယ်မြေ (၁)  လို့ သတ်မှတ်ထားတဲ့ အောင်သေပြ အပိုင် ဗန္ဓုလ ကျေးရွာ အနီးမှာ ယ မန်နေ့ ညနေ ၈ နာရီခွဲကနေ ၁၁ နာရီထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
 တိုက်ပွဲဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ အောင်သပြေကျေးရွာ သားတဦးက နိရဉ္စရာကို အခုလို ပြောပြပါ တယ်။
“ ည ၈ နာရီကျော်မှာ ဘင်္ဂလာဒေခ်ျ့ နယ်မြေထဲက ဓါတ်မီးတွေနဲ့ လူတချို့ ၀င်ရောက်လာရာကနေ စတင် တိုက် ပွဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဗန္ဓုလနယ်မြေ နယ်စပ် မိုင်တိုင်အမှတ် (၅၂) (၅၃) အကြား မှာ ဖြစ် ပွား ခဲ့တာ ဖြစ်ပါတယ်။ ညဥ့် ၁၁ နာရီထိ သေနတ်သံတွေ ကြားနေရပါတယ်။ လက်နက်ကြီးသံတွေလည်း ကြား ရပါတယ်။ ဒီမှာ သတင်းဖြစ်နေတာကတော့ ဟိုဘက်က ၀င်လာတာက ကုလား ပြောက် ကျားတွေ လို့ ပြောပါတယ်။”

မိုးချုပ်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် ဘယ်အဖွဲ့အစည်းနဲ့ ဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရသေး သ လို အထိအခိုက် ဘယ်လောက်ရှိတယ်ဆိုတာလည်း မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီး သိပ်မကြာခင်မှာဘဲ အောင်သပြေရွာမှာ ရှေ့တန်း စခန်းထိုင်နေတဲ့ ဗျူဟာမှူး ကိုယ်တိုင်  ကား ၃စီးနဲ့ အတူ တိုက်ပွဲ ဖြစ်တဲ့ နယ်စပ်ကို လိုက်သွားခဲ့တယ်လို့ ပြောပါတယ်။

နိုဝင်္ဘာလ ၆ ရက်နေ့က အခု တိုက်ပွဲ ဖြစ်ပွားရာ နေရာ နယ်စပ်အနီးမှာ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုရဲ့ ၀င်ရောက် တိုက်ခိုက်တဲ့အတွက် ဂျီအီးတပ်သား တစ်ဦး ကျဆုံးပြီး သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်ခံ သွားခဲ့ ရပါတယ်။
အဲဒီနေ့က စပြီး နယ်စပ်မှာ မြန်မာဘက်က စစ်တပ် တပ်ရင်း (၆) ခုခန့် တိုးချဲ့ချထားပြီး ဖမ်း ဆီး ခေါ်ေ ဆာင်ခံ သွားရတဲ့ တပ်သားတွေကို လိုက်ရှာဖွေနေတဲ့ အတွက် အခြေအနေဟာနယ်စပ်မှာ တင်းမာနေခဲ့ တာ ဖြစ်ပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသမှာ ရခိုင်နဲ့ တောင်ပေါ်သား ကျေးရွာ (၇) ရွာခန့်ရှိပြီး အဲဒီအထဲမှာ ဗန္ဓုလ၊ တပ်ေ ချာင်း၊ အောင်သပြေ၊ ဒိန်းညိုစတဲ့ ရွာတွေပါဝင်ပြီး အိမ်ခြေပေါင်း  ၅၀၀နီးပါးခန့်ရှိတယ်လို့ သိရ ပါ တယ်။
တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေကတော့ စိုးရိမ်မူတွေ တိုးပွားနေပြီး သူတို့ရဲ့ အလုပ်တွေ ကို လည်း သွားေ ရာက် မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

ref:narinjara

2 comments:

  1. ရခိုင်လူမျိုးတွေ နာမည်ကျော် လူလိမ့်ဖြစ်တယ်။ အခု နယ်စပ်မှာ
    တိုက်ပွဲက လက်နက်ကိုင်အကြမ်းဖက်အုပ်စုတစုဖြစ်သော
    ရခိုင်လွတ်မြောက်ရေးပါတီ(ALP) နဲ့ မြန်မာ စစ်တပ် အကြား စစ်ပွဲ
    တွေဖြစ်ပွါးနေခြင်းဖြစ်ပါတယ်။ မြန်မာစစ်သား ၃ ယောက် ဖမ်းဆီး
    ခေါ်သွားအုပ်စုကလည်း (ALP) ဖြစ်တယ်လို့ မြန်မာစစ်တပ်ဖက်
    က တဖက်နိုင်ငံ ဘင်္ဂလာဒေရှ့် (BDG)ကိုစာရေးလက်မှတ်ထိုးပြီး
    ပြောခဲ့တဲ့အထောက်အထားပါရှိတယ်။ ပြီးတော့ ဗန္ဓုလရွာမှာ ရခိုင်
    လက်နက်ကိုင် (ALP) တပ်သား ၁၈ ယောက်ကိုလည်းအရှင်ဖမ်းပြီး နစကဠါနချုပ်မှာ ထိန်းချုပ်
    ထားခဲ့တယ်။ ဒီလောက်အထိခိုင်ခိုင်လုံလုံ တရားဝင်အထောက်အထား ရှိယင်းသားနဲ့ ဘာကြောင်း ရခိုင်
    လူမျိုး (ခိုင်)မြတ်ကျော် က လိမ့်ပြောနေတာလဲ?။

    ReplyDelete
  2. AlP ဆို၇င် ဒေါက်တာထွန်းအောင်ကိုလွှတ်ခိုင်းပါမလား။ထင်ယောင်မှားအောင်မေ၇းပါနှုင့်။

    ReplyDelete