Monday 12 November 2012

ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်မည်



၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ ကျင့်မှု တွင် မြန် မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်လာတော့မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ခု က ယနေ့ထုတ်ဖော်ပြောဆိုခဲ့သည်။
 အမေရိကန်သမ္မတ ဘားရက်အိုဘားမား သမ္မတ ဒုတိယသက်တမ်း အ တွက် ရွေးကောက် တင်မြောက် ခံ ရပြီးနောက်ယခုကဲ့သို့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြန်မာအားဖိတ်ခေါ်ရန်ဆုံးဖြတ်အ တည်ပြုခဲ့ ကြခြင်း ဖြစ် သည်။ အထက်ပါ သတင်းရင်းမြစ်၏အဆိုအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအား ပူးတွဲ စ စ်ေ ရးေ လ့ ကျင့်မှု တွင် ပါဝင်လာစေရေးအတွက် တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အမေရိကန်နှင့် ထိုင်းအပါ အ ၀င် အာရှနိုင်ငံများအပြား ပါဝင်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဖေဖော်ဝါရီလ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စောင့်ကြည့်လေ့လာသူအဖြစ် လူသားချင်း စာ နာေ ထာက် ထားမှု အကူအညီများ၊ ဘေးအန္တရာယ်အား တုန့်ပြန်မှုနှင့် စစ်ဘက်ဆေးပညာနှင့်ဆိုင်သော ကဏ္ဍတို့တွင် ပါဝင်မည်ဟု သိရသည်။ Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့်နိုင်ငံများအား အဆင့်အတန်းနှစ်မျိုး ခွဲခြားထားရာ မြန်မာနိုင်ငံက ဒုတိယအမျိုး အစားဖြစ် ၍ စောင့်ကြည့်လေ့ လာရေး အဆင့် တွင် ပါရှိနေသည်။ ထို့အတူ ဘရူနိုင်း၊ တရုတ်၊ နယ်သာလန်၊ လာအို၊ နယူးဇီလန်၊ ရုရှား၊ တောင်အာဖရိက၊ သိရိလင်္ကာနှင့် ယူအေအီးတို့လည်း ဒုတိယအမျိုးအစားတွင် ပါဝင်မည်ဟု သိရ သည်။
 
ref:popular

No comments:

Post a Comment