Monday 12 November 2012

ငလျင်လှုပ်ခတ်လျှင် အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ


ငလျင်မလှုပ်မီ ဆောင်ရွက်ရန်

- အခန်းတွင်ခိုင်ခံ့သောစားပွဲခုံ၊အတွင်းနံရံသို့မဟုတ် တိုင် တံခါး ဘောင်အောက်စသော လုံခြုံေ သာ နေရာ များကို သိအောင် လုပ်ထားရန်
- ယင်းနေရာများအောက်သို့ အမြန်ဝင်၍ အကာအကွယ်ယူ၊ဆွဲကိုင်ရန် လေ့ကျင့်ထားရန်

- ပြတင်းပေါက်များ၊ မှန်များ၊ တွဲ လောင်းချိတ်ထားသော ပစ္စည်းများ၊ ယိုင်လဲသော ပရိဘောဂများ စသည့် ပြိုလဲ ပျက်စီးနိုင်သော နေ ရာများကို သိထားရန်

- အိမ်ပြင်ပတွင် သစ်ပင်များ၊ တံတားများ၊ အဆောက်အအုံများ၊ ဓာတ်တိုင်များစသော ပြိုကျပျက် စီးနိုင်သော အရာများနှင့် ဝေးသော ကွက်လပ်၊ ကွင်းများကို သိအောင် လုပ်ထားရန်

- ထွက်ပြေးရန်နှင့် အရံထွက်လမ်း ကြောင်းများကို သိထားရန်

- ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်မီးတို့ကို အပေါ်ဖြတ်တောက်နိုင်အောင် လေ့ကျင့်လုပ်ကိုင်ထားရန်

- ရှေးဦးသူနာပြုစုနည်းများကို လေ့လာထားရန်မိမိနေအိမ်ကို လုံခြုံအောင် ဆောက်ရွက်ရန်

- နံရံတွင် ကပ်ထားသော လေး လံသည့် ဗီရို၊ သေတ္တာစသည့် ပရိဘောဂများကို ယိုင်လဲပြီး မပြို လဲစေရန်၊ နံ ရံနှင့် တွဲကပ်ထားရန်။

- ကြီးမားလေးလံသော ပစ္စည်း နှင့် ကွဲတတ်သော ပစ္စည်းများကို အမြင့်တွင်မထားဘဲ၊ အနိမ့်တွင် သာထား ရန်

- လောင်ကျွမ်းတတ်သော အရည် များကို အိမ်အပြင်ဝေးရာတွင် လုံ ခြုံစွာထားရန် (ငလျင်ကြောင့် မီးေ လာ င်ခြင်း၊ ပေါက်ကွဲခြင်းများ ဖြစ်တတ်သည်)

- ပန်းချီကား၊ မှန်များစသော လေး လံကွဲရှတတ်သောအရာများကို အိပ်ရာ၊ ထိုင်ခုံရှည်စသော လူ လဲေ လျာင်း ရာနေရာနှင့် ဝေးဝေး ထားရန်

- မီးလုံး၊ မီးဆိုင်းများကို ငလျင်လှုပ်လျှင် ပြုတ်မကျစေရန် ခိုင်ခံ့စွာထားရန် ငလျင်လှုပ်စဉ် လုပ်ဆောင် ရန်များ

- အေးဆေးတည်ငြိမ်စွာ နေရန်၊ အဆောက်အအုံထဲတွင်ဖြစ်က အထဲတွင် သာ နေရန်၊ ပြင်ပ တွင် ဖြစ်က ပြင်ပတွင်သာ နေရန်(ထိ ခိုက်မှုအများစုသည် ငလျင်လှုပ် စဉ် အဆောက်အအုံတွင်းမှ ထွက်   ပြေးခြင်း၊ အတွင်း သို့ပြေးဝင်ခြင်း တို့ကြောင့် အဖြစ်များသည်)

- ပြတင်းပေါက်၊ တံခါး၊ ဘီရိုအမြင့် များ၊ ကွဲနိုင်၊ ပြုတ်ကျနိုင်သော ပစ္စည်းများနှင့် ဝေးဝေးနေရန်

- ခိုင်ခံ့သည့် စားပွဲခုံ၊ တံခါးဘောင် အောက်၊ အတွင်းနံရံစသည့်တို့ အောက်တွင် ၀ပ်နေရန်၊ အကာအ ကွယ် ယူရန်

- အဆောက်အအုံအတွင်းမှ ထွက် ခွာမည်ဆိုပါက အလောတကြီး ထွက်ပြေးခြင်းမပြုဘဲ စနစ်တကျ ထွက် ခွာပါ။ ဓာတ်လှေကားများကို အသုံးမပြုပါရန်

- အဆောက်အအုံပြင်ပတွင် ဖြစ် ပါက သစ်ပင်များ၊ ဆိုင်းဘုတ်များ၊ အဆောက်အအုံများ၊ ဓာတ်ကြိုး များ နှင့်ဝေးသော ကွင်းပြင်၊ ကွက်လပ်နေရာများသို့ သွားနေပါ။ ငလျင်လှုပ်ပြီးသည်အထိ ခေါင်းငုံ့၍ကာ ကွယ်ထားရန်

- ကားအတွင်းဖြစ်ပါက စက်ရပ်ပြီး ငလျင်လှုပ်ပြီးသည်အထိ ကားအတွင်းနေရန်၊ အဆောက်အအုံများ၊ ခုံးကျော်တံတားများ၊ ဓာတ် တိုင်များနှင့် မြေပြိုမှုဖြစ်နိုင်သော နေရာများအနီးရှိလမ်းကိုရှောင်ရန်၊ လမ်းပျက်စီးမှုများကို သတိပြုရန်။

မှတ်ချက်-အာရှသဘာဝဘေး အန္တရာယ်လျော့ပါးရေးကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့ ပူးပေါင်း ထုတ်ဝေသော ငလျင်များနှင့်နေထိုင်ခြင်း စာ အုပ်ပါ အချက်အလက်များကို မှီငြမ်းသည်။
 
ref:7daynews

No comments:

Post a Comment