Monday 12 November 2012

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့ ဟက်ပီး ဟိုတယ် အက်ကြောင်းများဖြစ်ပေါ် တည်းခိုသူများကို အရေးပေါ်ပြောင်းရွေ့ပေးခဲ့ရ


စစ်ကိုင်းမြို့ရှိ ဟက်ပီးဟိုတယ်သည် နိုဝင်ဘာ-၁၂ ရက်နေ့ နံနက် (၁)နာရီကျော်က ထပ်မံလှုပ် ခတ်ခဲ့ေ သာနောက် ဆက်တွဲငလျင်ဒဏ်ကြောင့် ဟိုတယ် အဆောက်အဦ နှင့် စာသောက်ခန်းမကြီး မှာနောက်ဖက် သို့နိမ့်ဆင်း သွားခဲ့ပြီး အက်ကြောင်းကြီးများဖြစ်ပေါ်ကာ ဆိုးဆိုးရွားရွား ပျက်စီးထိခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ယင်းကဲ့သို့ အက်ကြောင်းကြီးများဆိုးဝါးစွာ ဖြစ်ပေါ်ခဲ့မှုကြောင့် ဟိုတယ်တွင် တည်းခိုသူများအား ညတွင်း ချင်း အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။


အဆိုပါ ဟိုတယ်၏ နောက်ဖက်သည်ရှေးယခင်က သမိုင်းဝင် စင်္ကြံန်ချောင်း ရှိခဲ့ ပြီး မြေစား ထိုး ဆောက် လုပ်ထားခြင်းကြောင့်အောက် ခံမြေသားမှာ အဆောက်အဦ၏ ဝန်ဒဏ် မခံနိုင်သဖြင့် အဆောက် အဦး သည် နောက်ဖက် သို့နိမ့်ဆင်း ယိုင်စောင်းသွားခြင်းဖြစ်နိုင်သည်ဟု စစ်ကိုင်း မြို့ ပန်းပဲတန်း ရပ်ကွက် ရှိဒေသခံ များ ကပြောဆိုနေကြသည်။
 
ref:YMG

No comments:

Post a Comment