Monday 13 August 2012

ထိုင်းနိုင်ငံတွင် ရေကြီးမှုဒဏ် ကာကွယ်ရေး တမံကို စမ်းသပ်

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများမှာ သောကြာနေ့က စက်မှုဇုံတွင် ဆောက်လုပ်ထားသည့် ရေကြီးမှု ဒဏ်ခံ တမံကို စမ်းသပ်မှု ပြုလုပ်လိုက်ကြောင်းသိရသည်။ Nava Nakorn  စက်မှုဇုံမှာ    ဘန်ကောက်မြို့ အပြင်ဘက်တွင် ရှိခြင်းဖြစ်ကာ ယမန်နှစ်က ပြင်းထန်သည့် ရေကြီးမှုနှင့် ကြုံခဲ့ရပြီးနောက် ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသဖြင့် ယခုလို အကာအကွယ်များကို ပြုလုပ်ရခြင်းပင် ဖြစ်သည်။



အစိုးရမှာ စက်မှုဇုံ ပတ်လည်တွင် အမြင့် ၃.၅ မီတာ အမြင့် တမံဆောက်ရန် အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်မှာ အဆိုပါ စမ်းသပ်ပွဲသို့ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများမှာ ၁၈၀၀ ကုဗမီတာ ကျယ်ဝန်းသည့် အကာအရံများ ရှိရာသို့ ရေများကို စုပ်သွင်းကာ စမ်းသပ်ခဲ့ကြသည်။ အဆိုပါ စမ်းသပ်မှုပြုသည့် ဧရိယာမှာ တမံ အသစ်ကဲ့သို့ နံရံများ တည်ဆောက်ထားခြင်း ဖြစ်သည်။

ယင်းစမ်းသပ်မှုတွင် ရေဖိအားဒဏ်ကို ခံနိုင်ရည် ရှိကြောင်းလည်း တွေ့ရှိခဲ့ရသည်။  ယခုလို စမ်းသပ်မှုကို ပြုလုပ်ပြခြင်းမှာ အစိုးရ အနေဖြင့် ကြိုတင် ပြင်ဆင်ထားမှုများ ရှိကြောင်းကို ပြသလို ၍ ဖြစ်ကြောင်းလည်း သိရသည်။ Nava Nakorn ခရိုင်မှာ ကုမ္ပဏီပေါင်း ၂၀၀ ကျော်၏ စက်ရုံများ ရှိပြီး ယမန်နှစ်က ရေတက်မှုတွင်  ၂.၇ မီတာအထိ ရောက်ရှိခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမှုများ များပြားခဲ့ရသည်။

No comments:

Post a Comment