Monday 13 August 2012

Hire Purchase အကြောင်း

၁။  ပစ္စည်းများ ၀ယ်ယူလိုသူသည် -
(၁) ပထမဦးစွာ သက်ဆိုင်ရာ အရောင်းဆိုင်သို့ သွားရောက်ပြီး ၀ယ်ယူလိုသည့် ပစ္စည်း အမျိုးအစားနှင့်
ဈေးနှုန်းအား ရွေးချယ် ရပါမည်။
- ပစ္စည်းတန်ဖိုး အနည်းဆုံး ကျပ်(၁)သိန်းဖိုး ၀ယ်ယူရပါမည်။


(၂) ပစ္စည်းရွေးချယ်ပြီးပါက ပစ္စည်းရောင်းချသူထံမှ Hire Purchase စနစ်ဖြင့် ပစ္စည်းဝယ်ယူခွင့်ပြုစာနှင့် စာရွက်စာတမ်းများအား ယူဆောင်၍ အောက်ဖော်ပြပါ အချက်အလက်များနှင့်အတူ ဘဏ်သို့ လာရောက်ဆက်သွယ်ရပါ
မည်။ ၀ယ်ယူသူနှင့် ပတ်သတ်သော -
ပုဂ္ဂလိက
- မှတ်ပုံတင်မိတ္တူ။      
- အိမ်ထောင်စုစာရင်းမိတ္တူ။      
- လိပ်စာပါ ရပ်ကွက်နေအိမ်တွင်နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာ၏ထောက်ခံစာ။
- အာမခံ။

ကုမ္ပဏီ/အဖွဲ့အစည်း
- သက်တမ်းရှိသည့် ကုမ္ပဏီ/အဖွဲ့အစည်း ၏ မှတ်ပုံတင်လက်မှတ်၊ လိုင်စင်။
- Form 6, 26, Form E/ အဖွဲ့အစည်းတွင် ပါဝင်သူများဆိုင်ရာ သက်သေခံ စာရွက်စာတမ်း။
- HP လုပ်ငန်း ဆောင်ရွက်ရန် သဘောတူကြောင်းနှင့် မည်သူကို တာဝန်ပေးကြောင်း ဖော်ပြသည့် ဒါရိုက်တာအဖွဲ့/
အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း။
(အချက်အလက် စာရွက်စာတမ်း ပြည့်စုံလျှင် နေ့ချင်းပြီး ရရှိနိုင်ပါသည်။)

(၃) ပစ္စည်းဝယ်ယူသူသည် ဘဏ်တွင် Account ဖွင့်ပြီး သတ်မှတ်သည့် ကနဦးပေးသွင်းရမည့် ငွေများ ပေးသွင်းပြီး
ပါက ဘဏ်မှ ထုတ်ပေးသော ပစ္စည်းထုတ်ယူခွင့် အကြောင်းကြားစာနှင့် အတူ သက်ဆိုင်ရာဆိုင်တွင် မိမိဝယ်ယူလို
သည့် ပစ္စည်းကို ရယူနိုင်ပြီ ဖြစ်ပါသည်။

(၄) ၀ယ်သူသည် အရစ်ကျပေးသွင်းရန် ရှိသည့်ငွေကို သတ်မှတ်ထားသည့် သက်တမ်းအလိုက် ဘဏ်သို့ ဆက်လက်
ပေးသွင်းရပါမည်။

၂။ Hire Purchase အရစ်ကျစနစ်ဖြင့် ကုန်စည်ပစ္စည်းများ ၀ယ်ယူရာတွင် မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းကို
ရောင်းချမည့် ကုမ္ပဏီသည် ဘဏ်နှင့် အခွင့်ရ ကုန်စည် ရောင်းချခွင့် ရှိပြီးသည့် ကုမ္ပဏီ ဖြစ်ရပါမည်။

၃။ အာမခံ ထားရှိရမည်နှင့် ပတ်သတ်၍ -

အကယ်၍ အငှားဝယ်သူသည် ပေးချေရမည့် တန်ဖိုးအား အရစ်ကျ ပေးသွင်းရန် ပျက်ကွက်၍ ဘဏ်မှအကြောင်း
ကြားလာသည့် အခါ-
- (၁) ၀ယ်သူဘက်မှ အာမခံမည့်သူ (Guarantee) တစ်ဦး(သို့)နှစ်ဦး ထားရှိပြီး ၄င်း၏ ငွေစာရင်းကို ဘဏ်သို့အပ်နှံပြီး အာမခံမည့် ငွေပမာဏအား (Stop Payment) လုပ်ထားရန်နှင့် ၄င်းငွေစာရင်းမှ နှုတ်ယူခြင်းအား သဘောတူပါသည်ဟု အာမခံခြင်း။ (သို့မဟုတ်)
- (၂) ၀ယ်သူသည် ကုမ္ပဏီ/အဖွဲ့အစည်း ၀န်ထမ်းတစ်ဦးဖြစ်ပြီး၊ ၀ယ်သူပျက်ကွက်သည့် အရစ်ကျငွေကို ၄င်း
ကုမ္ပဏီ/အဖွဲ့အစည်းမှ တာဝန် ယူပေးသွင်းပါမည်ဟု အာမခံပေးခြင်းကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်လီမိတက်
ချေးငွေကော်မတီမှ သဘောတူလျှင် ၄င်းကုမ္ပဏီ/ အဖွဲ့အစည်း၏ အာမခံချက် ရယူဆောင်ရွက်ခြင်း။
(သို့မဟုတ်)
(၃) အခွင့်ရကုန်စည်/ပစ္စည်းရောင်းချသူ (Authorized Dealer) သည် အငှားဝယ်သူမှ ပေးသွင်းရန် ကျန်သည့်ငွေ
ကို ဘဏ်သို့ ဆက်လက်ပေးသွင်း ပါမည်ဟု အာမခံခြင်း တို့ ပါဝင်ပါသည်။

၎။ သတ်မှတ်သက်တမ်း မစေ့ရောက်မီ အပြေအကြေ ပေးသွင်းပါက မူလက ပေးသွင်းခဲ့သည့် ငှားရမ်းခငွေကို
သတ်မှတ် ရာခိုင်နှုန်းများဖြင့် ပြန်လည်ထုတ်ပေးပါမည်။

၅။ Hire Purchase အရစ်ကျ စနစ်ဖြင့် ကုန်စည်ပစ္စည်းများ ၀ယ်ယူခြင်း ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ သက်တမ်း    ၁ နှစ်သက်တမ်း။    
       - လက်ငင်းပေးချေရန်          တန်ဖိုး၏        ၂၀%       
       - ငှားရမ်းခနှုန်း                    တန်ဖိုး၏        ၇%       
       - ၀န်ဆောင်ခ                     တန်ဖိုး၏        ၁%       
       - အရစ်ကျပေးသွင်းရန်ငွေ    တန်ဖိုး၏        ၈၀% ကို(၁၂)ရစ်  အညီအမျှခွဲ၍ (၁၂)လ လစဉ်ပေးသွင်းရန်။

  ၂။ သက်တမ်း    ၂ နှစ်သက်တမ်း။       
      - လက်ငင်းပေးချေရန်           တန်ဖိုး၏        ၂၀%       
      - ငှားရမ်းခနှုန်း                      တန်ဖိုး၏        ၉%       
      - ၀န်ဆောင်ခ                       တန်ဖိုး၏        ၁%       
      - အရစ်ကျပေးသွင်းရန်ငွေ      တန်ဖိုး၏        ၈၀% ကို (၂၄)ရစ်  အညီအမျှခွဲ၍ (၂၄)လ လစဉ်ပေးသွင်းရန်။       
(သို့မဟုတ်)
      သက်တမ်း  ၂ နှစ်သက်တမ်း။       
      - လက်ငင်းပေးချေရန်           တန်ဖိုး၏       ၃၀%       
      - ငှားရမ်းခနှုန်း                     တန်ဖိုး၏        ၈%       
      - ၀န်ဆောင်ခ                      တန်ဖိုး၏        ၁%       
      - အရစ်ကျပေးသွင်းရန်ငွေ     တန်ဖိုး၏        ၇၀% ကို (၂၄)ရစ်  အညီအမျှခွဲ၍ (၂၄)လ လစဉ်ပေးသွင်းရန်။

၆။ အရစ်ကျငွေ ပေးသွင်းရန် သတ်မှတ်ရက်။

     စတင်ခွင့်ပြုသည့်နေ့သည် (၂၂)ရက်နေ့အတွင်းဖြစ်ပါက ကပ်လျှက်လ၏ လဆန်း(၅)ရက်အတွင်း။
     စတင်ခွင့်ပြုသည့်နေ့သည် (၂၃)ရက်နေ့မှ နောက်ပိုင်းဖြစ်ပါက နောက်တစ်လ၏ လဆန်း(၅)ရက်အတွင်း။

၇။ ပျက်ကွက်ကြေး။

     လစဉ်   လဆန်း(၅)ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်ပါက ပျက်ကွက်သည့် ရက်များအတွက်   အရစ်ကျ ပေးသွင်းရမည့် ငွေပမာဏပေါ်တွင် ကျပ်၁၀၀လျှင် တစ်ရက် (၄)ပြားနှုန်းဖြင့်   ပျက်ကွက်ကြေး ပေးဆောင်ရပါမည်။

၈။ ကုန်စည်/ ပစ္စည်းပြန်လည်သိမ်းဆည်းခြင်း။

     လစဉ်   အရစ်ကျ ပေးသွင်းရမည့်ငွေကို (၃)ကြိမ် ဆက်တိုက်ပျက်ကွက်ပါက   အငှားဝယ်ထားသူသည် အငှား ၀ယ်ယူထားသည့် ပစ္စည်းကို ပြန်လည် သိမ်းဆည်းခံရမည်   ဖြစ်ပြီး၊ ပေးသွင်းထားသည့် ငွေများအားလုံးကို အဆုံးရှုံး ခံရမည် ဖြစ်သည်။


ချေးငွေဌာန
အေဂျီဒီဘဏ်။

............................................   ။   ............................................

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် နှင့် ချိတ်ဆက်ထားသော အခွင့်ရကုန်စည်ရောင်းချခွင့် ရှိသည့် အရောင်းဆိုင်များမှာ -

၁။ Elite Tech IT Services Co.,Ltd
ပုလဲကွန်ဒို၊ တတိယထပ်၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့ ။ ဖုန်း - ၄၀၀၉၅၀ ~ ၉၅၄
* ရောင်းချသည့် ပစ္စည်း အမျိုးအစား  - ဖုန်းကဒ်။

၂။ Red Link Co.,Ltd
အမှတ်၂၀၊ တိုက်ဘီ၊ မြရိပ်ညိုဟိုတယ်၊ ပုလဲလမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့ ။ ဖုန်း - ၀၁-၅၅၁၁၆၂ ~ ၆၄
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - Broadband Wimax

၃။ MRS ကွန်ပျူတာရောင်းဝယ်ရေးစင်တာ
၁) အမှတ် ၆၈-အေ၊ အင်းယားလမ်း၊ ကမာရွတ်မြို့ နယ်။
၂) အမှတ် ၅၁-၅၃၊ ဘိုကလေးဈေးလမ်း၊ ၇ရပ်ကွက်၊ ဗိုလ်တထောင်မြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၃၉၂၂၅၇ ၊ ၃၉၂၂၅၉ ၊ ၃၉၂၁၃၈
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း။

၎။ မြန်မာ့အလှ ဒီဂျစ်တယ်ကင်မရာ၊ ဗွီဒီယိုကင်မရာနှင့် ဟန်းဆက် အရောင်းစင်တာ
အမှတ် ၁၀၄၊ စင်ထရယ်တာဝါ၊ အနော်ရထာလမ်း၊ ကျောက်တံတားမြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၃၈၁၉၉၃ - ၉၉၇ - ၉၈၉ ၊ လိုင်းခွဲ ၁၀၀၃
* ရောင်းချသည့် ပစ္စည်း အမျိုးအစား -  ဒီဂျစ်တယ်ကင်မရာ၊ ဗွီဒီယိုကင်မရာ၊ ဟန်းဆက်၊ ဖုန်းကဒ် နှင့် အိုင်တီ
ပစ္စည်းမျိုးစုံ။

၅။ ရွှေလမင်းနဂါး ကုမ္ပဏီလီမိတက်
အမှတ်၅၇၀၊ ကမ်းနားလမ်းနှင့်လသာလမ်းဒေါင့်၊ လမ်းမတော်မြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၂၂၁၆၈၃ ၊ ၂၁၇၂၃၃
* ရောင်းချသည့် ပစ္စည်း အမျိုးအစား -  acer တံဆိပ် ကွန်ပျူတာ ဆက်စပ်ပစ္စည်း။

၆။ သရဖူစိုးမြင့်
အမှတ်၎၊ ၁၀လမ်း၊ သီရိမွန်အိမ်ရာ၊ ဘုရင့်နောင်၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၅၂၈၅၃၈ ၊ ၆၈၁၀၈၆ ၊ ၆၈၁၁၁၈ ၊ ၀၉-၅၀၅၅၉၄၇
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လယ်ယာသုံးစက်ကရိယာ ပစ္စည်းများ။

၇။ Fuji Yama Service Co.,ltd
  • အမှတ်(၉)၊အေးရိပ်မွန်လမ်း၊ (၃)ရပ်ကွက်၊လှိုင်မြို့ နယ်၊ ရန်ကုန်မြို့ ။ဖုန်း ၀၁-၅၃၁၃၇၃၊ ၀၁-၅၁၂၉၂၁
  • အမှတ် (၁၅၈)၊ ရန်ကုန်-အင်းစိန်လမ်း၊ကမာရွတ်မြို့ နယ်။ (ဆင်ရေတွင်းမှတ်တိုင်အနီး) ဖုန်း ၀၁-၅၃၆၉ ၅၉
  • အမှတ်(၆၈)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့ နယ်၊ ရန်ကုန်မြို့ ။ဖုန်း ၀၁-၆၈၅၀၄၉
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)

၈။ Alliance Star Co.,ltd
အမှတ် ၃၇၉/၃၈၃၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၃၈၀၀၃၈၊ ၃၇၉၀၀၁၊ ၃၈၀၁၃၇ ၊ ၀၉-၅၁၁၁၃၀၉
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ။

၉။ Radiance Co.,ltd
အမှတ် ၂၀၁၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၃၈၅၂၆၇ ၊ ၃၈၀၂၂၀ ၊ ၀၉-၄၃၀၃၀၃၀၁
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - ကွန်ပျူတာ၊ မိုဘိုင်း၊ ဒီဂျစ်တယ်အီလက်ထရောနစ် ပစ္စည်းများ။

၁၀။ Gandamar Office Machine Co.,ltd
အမှတ် ၁၈/၂၄၊ ကွမ်းခြံလမ်း၊ အောင်ဆန်းကွင်း(တောင်)၊ မင်္ဂလာဆောင်ညွှန့်မြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၂၄၀၃၁၉ ၊ ၃၇၃၀၈၈ ၊ ၃၈၃၉၃၂
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - Office Machine

၁၁။ Aung Gyi Trading Co.,ltd
အမှတ် ၁၅၃၊ မောင်သန်လမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့ နယ်။
ဖုန်း - ၆၁၃၆၂၁၊ ၆၁၇၁၀၁၊ ၀၉-၅၅၀၅၈၆၂
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - မီးစက်နှင့် ကားများ။

၁၂။ Garmanit Trading Co.,ltd
အမှတ် ၇၅-စီ၊ အေးရိပ်သာ ၁လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့ နယ်။
ဖုန်း ၅၄၇၅၃၈၊ ၅၅၇၆၇၇
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)

၁၃။ ရွှေရမှုံ
အမှတ်၂၉၊ ပြည်လမ်း၊ ၇မိုင်၊ မရမ်းကုန်း။
ဖုန်း ၀၁ ၆၅၆၇၀၈
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)

၁၄။ Lucky City & Waiyan Sale Center
Lucky City - လမ်းမတော်လမ်း၊ ကျောက်ကြီးအိုးတန်းရပ်ကွက်၊ ပြည်မြို့ ။
Waiyan Sale Center - အမှတ်၁၁၈၈၊ ဗိုလ်ချုပ်လမ်း၊ ဆံတော်ရပ်ကွက်၊ ပြည်မြို့ ။
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လျှပ်စစ်ဆက်စပ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း။

၁၅။ NG Link ကွန်ပျူတာရောင်းဝယ်ရေး
ဘူတာလမ်း၊ ရုံးကြီးရပ် မုံရွာမြို့ ။
ဖုန်း -၀၉-၄၇၀၅၀၁၃၈
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း။


ဝယ်ယူလိုသည့် ပစ္စည်းအတွက် မည်မျှပေးချေရမည်ကို အောက်ဖော်ပြပါ Linkတွင် တွက်ချက်သိရှိ နိုင်ပါပြီ။
http://www.agdbank.com.mm/hp/

No comments:

Post a Comment