Monday 13 August 2012

အမေရိကန်-မြန်မာဆက်ဆံရေး၊ ရိုဟင်ဂျာအရေးနှင့် တွေးမိသမျှ

မြန်မာ့သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို တစ်နှစ်သက်တမ်းထပ်တိုးလိုက်တဲ့အခါမှာ အမေရိ ကန်အောက် လွှတ်တော်အမတ်ဂျိုးဆက်ဖ်ခရောင်လေရဲ့မှတ်ချက်တွေကိုဗွီအိုအေ မြန်မာပိုင်းသတင်းထဲ မှာဖတ်ရှုရ တယ်။


အဲ့ဒီဥပဒေနဲ့ပတ်သက်လို့ပြောရရင် အမေရိကန်အနေနဲ့ သူ့ရဲ့ အာရှပစိဖိတ်ပါဝါ တိုးချဲ့တဲ့နေရာမှာ မြန်မာနိုင်ငံကို သူ့သြဇာလွှမ်းသထက်လွှမ်းလာဖို့ တည်ဆောက်တဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆလို့ရနိုင်တာမို့ အကျယ်အကျယ်မပြောလိုတော့ဘူး။ စီးပွားရေးပိတ်ဆို့မှုထဲက သွင်းကုန် ပိတ်ဆို့မှု ကိစ္စမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ထည့်ပြီး Invisible Incentive အနေနဲ့ ထည့်ပေးထား တာကိုတွေ့ရမှာဖြစ်ပါတယ်။ Carrot and stick policy လို့လည်း တစ်ခြားနည်းနဲ့ပြောလို့ရတယ်။ ဒါပေမယ့် အဲ့ဒီလို အသုံးအနှုန်းကို သဘောမတွေ့လှတာမို့ Invisible incentive ဆိုပြီး သုံးနှုန်းလိုက်တာဖြစ်တယ်။ ပိုပြောင်းလဲရင် ပိုလျှော့ပေးမယ်ဆိုတဲ့သဘောပါ။ ပိုပြောင်းလဲတယ်ဆိုတာက အမေရိကန်အနေနဲ့ မြန်မာ့အရေးမှာ ပိုမို စွက်ဖက်ခွင့်ရနိုင်မယ့် အခင်းအကျင်းကို တည်ဆောက်ဖို့ လမ်းကြောင်းဖက်ကို မြန်မာ အစိုးရ အနေနဲ့ ဘယ်လောက်အထိပိုယိမ်းနိုင်မလဲ ဆိုတာကိုဆိုလိုတာဖြစ်တယ်။ အမေရိကန်အနေနဲ့ လူ့အခွင့် အရေးခေါင်းစဉ်အောက်ကနေ ပြောနေ ဆိုနေတာတွေက လက်တွေ့ကျမကျ သူ့ရဲ့ အကြီးဆုံးကုန်သွယ်ဖက် တရုတ်က လူ့အခွင့်အရေးစံနှုန်းနဲ့ယှဉ်လိုက်ရင် Two Face policy ဆိုတာ သိသာ ပါတယ်။ ပါဝါကြီးသူ ဗိုလ်ကျကြေးခေတ်မှာ အထူးတစ်လည် မပြောတော့ဘူး။

အထူးစိတ်ဝင်စားတာက အဲ့ဒီအောက်လွှတ်တော်အမတ်ရဲ့ မှတ်ချက်ဖြစ်တယ်။ "ကချင်၊ ရိုဟင်ဂျာ တို့လို လူနည်းစု တိုင်း၇င်းသားတွေအပေါ် စစ်မှန်တဲ့ပြောင်းလဲမှုတွေဖြစ်ဖို့" ဆိုတဲ့ မှတ်ချက်ဖြစ်ပါတယ်။ သူ့စကားထဲမှာ အမေရိကန်အနေနဲ့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ထားတဲ့ မူကို ဆုပ်ကိုင်ထားတယ်ဆိုတာကို မြင်နေရပါတယ်။

ကျနော်တို့မမေ့ဖို့လိုတာက အမေရိကန်နဲ့ အနောက်ပါဝါနိုင်ငံတွေဟာ သူတို့သြဇာ တည်ဆောက် တဲ့နေရာမှာ လူ့အခွင့်အရေးကို ဖဲချပ်တစ်ချပ်လို ထိုးကျွေးလိုက်၊ ပြန်စားလိုက်နဲ့ ကစားတတ်တဲ့ သဘာဝရှိတာကို ဖြစ်ပါတယ်။ အဲ့ဒီ ဖြစ်စဉ်တွေက မငြင်းနိုင်တဲ့ ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ အမေ၇ိကန် စီအိုင်အေလို အင်မတန်လက်တံရှည်တဲ့အဖွဲ့အနေနဲ့ ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂါလီတွေ ဟုတ်မဟုတ်၊ တိုင်း၇င်းသား ဖြစ်မဖြစ် အထူး စုံစမ်းနေစရာမလိုဘူး။ သိပြီးသားဖြစ်တယ်။ ဒါဆို ဘာကြောင့် ဒီကိစ္စကို အထူးအရေးပေးနေတာလဲ။

အမေရိကန်အတွက် ဒီအဖွဲ့တွေဆီက ငွေက အဓိက မဟုတ်ဘူး။ အမေရိကန်ရဲ့ အာရှပစိဖိတ်သြဇာ ထူထောင်ရေး ဖြစ်စဉ်မှာ မြန်မာနိုင်ငံရဲ့ Crossroad အနေအထားကို လက်ဦးမှုရရယူရေးဖြစ်စဉ်မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စဟာ ခေါင်းစဉ်ကောင်းတစ်ခု ဖြစ်နေတယ်။ တံခါးပွင့်ကာစ မြန်မာပြည်အပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ လက်ဦးမှုရယူဖို့ အတွက် နိုင်ငံရေးဖိအား ပိုပေးနိုင်ဖို့ တိုင်းရင်းသား အခွင့်အရေးကိစ္စဟာ အထူးအရေးပါနေတာဖြစ်ပါတယ်။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေးတွေကို တည်ဆောက်လာနိုင်တဲ့ မြန်မာအစိုးရအပေါ် အကြပ်ကိုင် ဖိအားပေးနိုင်ဖို့ ကိစ္စမှာ မြန်မာတိုင်းရင်းသား တော်တော်များများက လက်မခံနိုင်တဲ့ "ဘင်္ဂါလီအရေး" ဟာ အမေရိကန်အတွက် မျက်ဖြူဆိုက်လေဆရာကြိုက်လေ ကစားကွက်ပဲဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် မြန်မာအစိုးရအနေနဲ့ ကချင်နဲ့ အပစ်ရပ်နိုင်ရင်၊ ရှမ်းတွေနဲ့ လုံးဝ အပစ်ရပ်စဲနိုင်ရင် တော်တော်ကြီးကို တိုင်းရင်းသားကိစ္စ ပြီးစီးသွားပြီလို့ ဆိုနိုင်မှာဖြစ်တယ်။ ဒီလိုအချိန်မှာ တိုင်း၇င်းသားအခွင့်င်္အရေး၊ လူ့အခွင့်အရေးကိစ္စနဲ့ မြန်မာအစိုးရကို ဖိအားပေး အကြပ်ကိုင်ဖို့ ကိစ္စရပ်ဟာ ရိုဟင်ဂျာတွေပဲ ဖြစ်လာမယ်။ ဘာကြောင့်လဲဆိုရင် ရိုဟင်ဂျာတွေနဲ့ ဒေသခံရခိုင်တိုင်း၇င်းသားတွေရဲ ပဋိပက္ခဟာ သိပ်ကို သိသာထင်ရှားပြီး နှစ်ကာလရှည်ကြာအောင် ပြီးစီးငြိမ်းချမ်းမယ့် အရိပ်အယောင် မတွေ့ရ လို့ပဲဖြစ် တယ်။မငြိမ်းချမ်းလေလေ ဝင်စွက်ဖက်လို့ကောင်းလေလေပဲဖြစ်ပါတယ်။ Bilateral Policy နဲ့ တိုးမြှင့်ထားတဲ့ သံတမန်ဆက်ဆံရေးကလဲ ဒီလို စွက်ဖက်ခွင့်ကို အားပေးနေပါလိမ့်မယ်။စစ်ရေး၊ စီးပွားရေးအရ မြန်မာ့မြေပေါ်မှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေ တစ်သုတ်ပြီး တစ်သုတ်လွှတ်လို့ မြန်မာနိုင်ငံထဲမှာ အသွင်အမျိုးမျိုးနဲ့ အခြေချစေပြီး တရုတ်ကို ထွက်ပေါက်ပိတ်ဖို့အတွက် ရိုဟင်ဂျာတွေဟာ ထိုးကျွေးလို့ကောင်းတဲ့ ပွန်းရုပ်တွေပဲဖြစ်တယ်။

ဒီကိစ္စအပေါ် မြန်မာအစိုးရရဲ့ တုန့်ပြန်မှုက အထူးကို နှေးကွေးလေးလံနေတာကိုတွေ့နေရပါတယ်။ ကိုယ်မွှေးတဲ့မီးကို ကိုယ်ပြန်မငြိမ်းနိုင်တဲ့ လက္ခဏာကိုလည်း တွေ့နေရတယ်။ လွှတ်တော်ထဲမှာ ဘူးသီးတောင်က အမတ်ဦးရွှေအောင်က Strong Arguments လို့တောင် မဆိုနိုင်တဲ့ ပေါက်ပန်းဈေး စကားတက်ပြောနေတာကို ဦးရွှေမန်း ငုတ်တုတ်ထိုင်ကြည့်နေရတယ်။ အဲ့ဒါက ကြံ့ခိုင်ရေးပါတီအတွင်းမှာ ဟာမိုနီပျက်သုန်းနေခြင်းကို ပြနေတယ်။ မဲရဖို့အတွက် လုပ်ချင်ရာလုပ်ခဲ့ပြီး အဲ့ဒီလုပ်ရပ်တွေက အဟုတ်တစ်ကယ် ပြောင်းလဲပြမယ် ဆိုတဲ့ အချိန်မှာ အမြော်အမြင်မရှိဘဲ လုပ်ခဲ့တဲ့အတွက် ဆူးညှောင့်ခလုတ်တွေ ဖြစ်လာနေပြီဖြစ်တယ်။

နောက်ပြီး ဒီကိစ္စကို အထူးမီးလောင်ရာလေပင့်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်တဲ့ တောင်ကုတ်မြို့ လူသတ်မှု ကိစ္စမှာ စာရွက်တွေ လိုက်ဝေတဲ့ ကိစ္စဟာလည်း မြန်မာအစိုးရအဖွဲ့အတွင်းက တစ်သားတည်းမရှိမှုကို မီးမောင်းထိုးပြနေပြန်တယ်။ နောက်ကွယ်က လက်သည်ကို ဖော်ထုတ်ပြီး မစီရင်နိုင်တဲ့ ကိစ္စရပ်တွေကို ကြည့်ရင် Reformists တွေအနေနဲ့ မထွေးနိုင်မအန်နိင် အကြပ်အတည်းတွေကို ရင်ဆိုင်နေရတယ်ဆိုတာကို သိသာနိုင်တယ်။ ဘယ်လို အကြပ်အတည်းလဲဆိုရင် အစိုးရထဲက စင်ပြိုင် အင်အားကောင်းတဲ့ သဘောထားတင်းမာတဲ့သူတွေ၊ အနောက်ကမ္ဘာကိုမျက်စိမှိတ်မုန်းတီးနေပြီး သံတမန်ပရိယာမကြွယ်ဝဘဲ လူမိုက်လုပ်ချင်တဲ့ စရိုက်ရှိသူတွေ ကို ပြုပြင်ပြောင်းလဲရေးသမားတွေ ရှင်းလင်းပစ်ဖို့ ခက်နေတဲ့ အနေအထားပဲဖြစ်တယ်။ ဒီလို တောင်ကုတ်အရေးအခင်းနောက်ကွယ်က လက်သည်ကို မဖော်ထုတ်နိုင်တာကကို သမ္မတရဲ့ အာဏာဟာ အကန့်အသတ်နဲ့ ပဲရှိနေသေးတယ်ဆို တာကို ပြနေတယ်။

ဒီလို အနေအထားတွေကို ထိထိမိမိ အခွင့်ကောင်း ယူပြခဲ့တဲ့လူတွေကတော့ လက်တစ်ဆုပ်စာ ကန်ပိန်းများနဲ့ အန်ဂျီအိုများပဲဖြစ်တယ်။ ရခိုင်ပြည်နယ်ဟာ ရခိုင်တွေရဲ့ ကိုယ်ပိုင်အိမ်ဆိုတာ ဒီအန်ဂျီအိုတွေ ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ထောက်ပံ့ကြေးနဲ့ လည်ပတ်ရတဲ့ အန်ဂျီအိုတွေအတွက် ထောက်ပံ့ကြေးဟာ မွတ်စလင်ကမ္ဘာကလွဲလို့ တစ်ခြားနေရာက လာစရာမရှိဘူး။ မွတ်စလင်တွေရဲ့ အားနည်းချက်က ဘာသာတူကို ထိရင် မချိအောင်နာတယ်ဆိုတာပဲဖြစ်ပါတယ်။ ဒီအားနည်းချက်ကို နင်းပြီး ဘင်္ဂါလီတွေ သောင်းနဲ့ချီ သေဆုံးနေရပါတယ်ဆိုတာကို အန်ဂျီအို ရီပို့အတုတွေနဲ့ ကန်ပိန်းသမားတွေ ပေါင်းပြီး မွတ်စလင်ကမ္ဘာနဲ့ လှည့်တိုက်ပေးတဲ့အခါမှာ မလိုလားအပ်တဲ့ နိုင်ငံရေးဖိအားတွေ ဖြစ်ပေါ်လာစေခဲ့တယ်။အတွင်းမှာ ဦးရွှေအောင်တို့ လိုလူတွေကို လှုပ်ရှားစေပြီး အပြင်မှာ ဒီကန်ပိန်းတွေကို လှုပ်ရှားစေခြင်းအားဖြင့် ဟန်ချက် ညီညီ လှုပ်ရှားနေတာ ကို တွေ့ရမှာဖြစ်တယ်။

မြန်မာအစိုးရရဲ့ ဒုတိယအားနည်းချက်ကတော့ Government to Government မဖြေရှင်းနိုင်ခြင်းပဲဖြစ်တယ်။ မလေးရှားနဲ့ အာဆီယံအတွင်းရေးမှုးစကား၊ အင်ဒိုနိးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ရဲ့ စကားကို ဘာမှမတုန့်ပြန်ဘဲ ရေငုံနှုတ်ပိတ်နေနေတဲ့ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြိးဌာနဟာ ဟားဗတ်ကလူတွေပြောသလို Capacity အင်မတန် နည်းတယ်ဆိုတာကို ပြနေတယ်။ အစိုးရချင်း ဖြေရှင်းလိုက်ရင်၊ တိကျတဲ့ သတင်းထုတ်ပြန်မှုတွေပြုလုပ်ပြီး တရားဝင် ထုတ်ပြန်မှုတွေ ပြုလိုက်ရင်ဒီလို မွတ်စလင်နိုင်ငံတွေက ဖိအားတွေ လျော့ကျသွားမှာဖြစ်ပေမယ့် Timely Response ပြုလုပ်တာကို လုံးဝမတွေ့ရဘူး။ မြန်မာသံရုံးတွေဟာ အလကားဖြစ်နေပါတယ်။ ဒီကိစ္စတွေအတွက် သမ္မတတစ်ဦးတည်းအပေါ် အပြစ်ဆိုရင် မတရားရာကျမယ်။ သူက ကိစ္စအားလုံးကို လိုက်လုပ်နိုင်မှာမဟုတ်ဘူး။ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ထမ်းဆောင်ရမယ့် ဝန်ကြီးဌာနတွေက သမ္မတကို ချောက်ကျအောင် တမင် လုပ်နေကြသလားဆိုတာကို ဆက်စပ်စဉ်းစားစရာဖြစ်လာစေပါတယ်။

ယနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစည်းဝိုင်းထဲကနေ ရိုဟင်ဂျာကိစ္စနဲ့ ခုတုံးလုပ် ကန်ထုတ်ဖို့ အကြံရှိနေသေးရင် အမြန်ဆုံးစွန့်လွှတ်လိုက်ပါလို့သာ သဘောထား တင်းမာသူတွေ ကို ပြောချင်တယ်။ လူထုသည်းခြေကြိုက် ဒေါ်စု၊ ကွန်ဂရက် သည်းခြေကြိုက်ဒေါ်စုကို ဘယ်လိုနည်းနဲ့မှ ကန်ထုတ်လို့မရနိုင်သေးဘူးဆိုတာကို အမြင်ရှိရင် နားလည်ကြမှာပဲဖြစ်တယ်။ နောက်ပြီး ဒီရိုဟင်ဂျာကိစ္စမှာ အရေးပါလာတာက ဗမာအပြင် ကျန်တိုင်းရင်းသားစစ်စစ်တွေရဲ့ သဘောထား ပဲဖြစ်တယ်။ စစ်ဖြစ်နေတဲ့ ကချင်ကအစ၊ရခိုင်အဆုံးတိုင်း၇င်းသားတွေ အားလုံးက ပြည်ထောင်စုမြန်မာနိုင်ငံ မှာ ပဋိပက္ခတွေ ဘယ်လိုပဲ ရှိနေပါစေ တိုင်းရင်းသားမဟုတ်တဲ့ လူတွေကို တိုင်းရင်းသားလို့ လက်မခံနိုင်ဘူး ဆိုတဲ့ အကြောင်းကို အဖွဲ့အသီးသီးကနေ ဆန္ဒထုတ်ဖော်လိုက်ရင် တိုင်းရင်းသား လူနည်းစု (Ethnic Minority) ဆိုတဲ့ အဆင့်ကနေ Immigrants (နယ်စပ်ဖြတ်ကျော်လာသူများ) ဆိုတဲ့ အဆင့်ကို အလိုလို ရောက်သွားမှာဖြစ်တယ်။အရေးကြီးတာက ဒီရိုဟင်ဂျာ တွေရဲ့ အရေးကိစ္စဟာ ရခိုင်တိုင်းရင်းသားတွေရဲ့အရေးကိစ္စဖြစ်ပြီး ရခိုင်တွေကို ဝိုင်းဝန်းပေးဖို့ လိုတယ်ဆိုတဲ့ အသိဟာ တိုင်း၇င်းသားခေါင်းဆောင်တွေ စိတ်ထဲ ဝင်နေဖို့လိုပါတယ်။မြန်မာအစိုးရကို နိုင်ငံရေးအရ အကြပ်ကိုင်ဖို့ ကချင်ခေါင်းဆောင်တွေက ရိုဟင်ဂျာကို တိုင်းရင်းသားဟုတ်မဟုတ် မသိပါဘူးလို့ ပြောလာရင်၊ ဒါမှမဟုတ် အသိအမှတ်ပြုပါတယ်လို့ လုပ်လာရင်ဖြေရှင်းရပိုခက်ခဲလာပြီး နွားကွဲလို့ ကျားဆွဲတဲ့အဖြစ် ကိုရောက် လာနိုင်တယ်။

ချုပ်ရရင် အစိုးရချင်းဖြေရှင်းရမယ့်အဆင့်၊ သံရုံးက ဖြေရှင်းရမယ့်အဆင့်တွေမှာ မြန်မာအစိုးရ လုပ်ပုံတွေဟာ အလွန်ညံ့ဖျင်းနေခဲ့ပြီး မီဒီယာတိုက်ပွဲမှာ ကိုယ့်မီဒီယာတွေဟာ ထူးခတ်ခံထားရတဲ့ ဆင်တွေဖြစ်နေတယ်။ အစိုးရအလုပ်ကို သာမန် လခစားမဟုတ်တဲ့ ပြည်သူတွေက ဝင်လုပ်နေရသလို ဖြစ်နေပြီး နေရာလွဲနေကြတယ်။ ဒါတွေကို အချိန်မှီမပြင်ဆင်နိုင်ဘူးဆိုရင် လူ့အခွင့်အရေးဖဲချပ်ကို ကိုင်ထားတဲ့ အမေရိကန်ရဲ့ အာရှပစိဖိတ်အခင်းအကျင်း၊ အဲ့ဒါကို အခွင့်ကောင်းယူအမြတ်ထုတ်ဖို့ကြံနေတဲ့ နယ်မြေစိုးမိုးရေး ကြံစည်သူ ဘင်္ဂါလီတွေ၊ ငွေအတွက်သာ သိတဲ့ ပြည်ပမီဒီယာတွေအားလုံးအတွက် ပွဲတော်အသစ်တွေ့သွားပြီး ရခိုင်တွေ သောက်သောက်လဲ သေရလိမ့်ဦးမှာဖြစ်တယ်။

ref:FB

No comments:

Post a Comment