Monday 13 August 2012

တရုတ်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်


တရုတ်နိုင်ငံတွင် တနင်္ဂနွေနေ့က ငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာ   လေ့လာရေးဌာနက သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ငလျင်ကို တရုတ်နိုင်ငံကလည်း တိုင်းတာ သိရှိခဲ့ပြီး ပြင်းအားအဆင့် ရစ်ခ်ျတာစကေး (၆.၂)ရှိကာ တနင်္ဂနွေနေ့ ညနေပိုင်း အချိန်က လှုပ်ခတ် သွားခြင်းဟု သိရှိရသည်။ အဆိုပါ ငလျင်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဇီဂျီအန်း-အွိုင်ဂါ
 ဒေသကို ဦးတည်ခဲ့ပြီး မြေအနက် (၁၉)မိုင်ကို ဗဟိုပြုခဲ့ကြောင်းလည်း တိုင်းတာမှု စစ်တမ်းများက ညွှန်ပြနေသည်။ ငလျင်၏ လှုပ်ခတ်မှုကို တရုတ်၏ အိမ်နီးချင်းဖြစ်သော အိန္ဒိယမှလည်း သိရှိ ခံစား ခဲ့ရကြောင်း သတင်းများက ဖော်ပြသွားသည်။


တရုတ် ငလျင်တိုင်းတာရေး ပညာရှင်များက ယခုငလျင်နောက်တွင် နောက်ဆက်တွဲ လှုပ်ရှားမှု အနည်းဆုံး (၂)ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဆိုသည်။ အဆိုပါ မြေလွှာ တုန်ခါမှုများသည် ပြင်းအား (၄.၈)နှင့် (၃.၀)စီ အသီးသီး ရှိကြကြောင်းလည်း သိရှိရသည်။ တရုတ်အစိုးရ၏ Xinhua သတင်း အေဂျင်စီက ငလျင် လှုပ်ခတ်မှု သတင်းကို အတည်ပြုခဲ့ပြီး အသေအပျောက်နှင့် ထိခိုက်ပျက်စီးမှု မရှိဟု ဖော်ပြသွားသည်။ ငလျင်ဒဏ်ကို အဓိက ခံစားရသော နေရာသည် လူနေထူထပ်မှု မရှိဘဲ ပင်လယ် ရေမျက်နှာပြင်အထက် ပေပေါင်း (၁၆၄၀၀)အမြင့်တွင် တည်ရှိကြောင်းလည်း တာဝန်ရှိသူ တစ်ဦးက ပြောဆိုသွားသည်။ 

ref:planet

No comments:

Post a Comment