Monday 13 August 2012

တောင်ကိုရီးယားနှင့် အငြင်းပွားနေရသော ကျွန်းစုအရေးနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာခုံရုံး (ICJ) သို့ ဂျပန် အကူအညီတောင်းခံသွားဖွယ်ရှိ


တောင်ကိုရီးယားနှင့် အငြင်းပွားနေရသော ကျွန်းစုအရေးနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာခုံရုံး (ICJ) သို့ အကူအညီတောင်းခံသွားဖွယ်ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂျင်ဘာက သြဂုတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။


ဂျပန်ပင်လယ် (အရှေ့ပင်လယ်) ရှိ ဂျပန်အခေါ် တာကီရှီးမားနှင့် တောင်ကိုရီးယားအခေါ်   ဒေါ့ဒိုကျွန်းစုသို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က သြဂုတ်လ ၁၀ ရက်တွင် အံ့အားသင့်ဖွယ် သွားရောက်ခဲ့ပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ လီ၏ခရီးစဉ်အပြီး တောင်ကိုရီးယားဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တွေ့ဆုံကာ ဂျင်ဘာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအငြင်းပွားပြဿနာကို အပြည်ပြည်ဆိုင်ရာဥပဒေအပေါ်အခြေခံကာ ငြိမ်းချမ်းစွာ ဖြေရှင်းရန် စဉ်းစားရမည်ဖြစ်ကြောင်း ဂျင်ဘာက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ICJ သို့ အကူ အညီတောင်းခံပါက နှစ်နိုင်ငံအကြား မည်သို့ သက်ရောက်မှုရှိနိုင် ကြောင်းကို ဂျပန်အစိုးရက စဉ်းစားနေပြီဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။ 
 
ယင်းပြဿနာမှာ ဆယ်စုနှစ်များစွာကြာညောင်းလာခဲ့ပြီဖြစ်ပြီး တောင်ကိုရီးယားအများစုမှာ ၁၉၁၀ ပြည့်နှစ်
မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်၏ ရက်စက်သော ကိုလိုနီ လုပ်ရပ်များအပေါ်နာကျည်းနေသည်။မြောက်ကိုရီး
ယားအရေး၊စီးပွားရေးဆိုင်ရာ ကိစ္စများတွင် နှစ်နိုင်ငံ နီးကပ်သောဆက်ဆံရေးရှိခဲ့သော်လည်း သမိုင်းနှင့်ချီ
သော အငြင်းပွားမှုများမှာ  နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်မှုများရှိခဲ့သည်။

No comments:

Post a Comment