Monday 13 August 2012

မြစ်ရေကြီးမှု အခြေအနေသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက် (၁၃း၀၀) နာရီအချိန် ထုတ်ပြန်ချက်) -မိုးဇလ


ဧရာဝတီမြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက် အရ ဟင်္သာတမြို့ တွင် (၁၃၅၅) စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ် အထက် (၁၃) စင်တီမီတာ (၀.၄-ပေခန့်)   ကျော်လွန် နေပါသည်။ အဆိုပါ မြစ်ရေသည် ယနေ့ မွန်းတည့်မှ နောက် (၄၈) နာရီ အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၁၃၄၂) စင်တီမီတာ အောက်သို့ ကျဆင်း နိုင်ပါသည်။

စစ်တောင်းမြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီ အချိန် တိုင်းထွာချက် အရ မဒေါက်မြို့ တွင် (၁၂၀၅) စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ် အထက် (၁၃၅) စင်တီမီတာ (၄.၄-ပေခန့်)   ကျော်လွန် နေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃) ရက် အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၁၀၇၀) စင်တီမီတာ အထက် တွင် ဆက်လက် တည်ရှိ နိုင်ပါသည်။

မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက် (၁၀း၀၀) နာရီအချိန် ထုတ်ပြန်ချက်) - မိုးဇလ

ရွှေကျင်မြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၀၉း၃၀) နာရီ အချိန် တိုင်းထွာချက် အရ ရွှေကျင်မြို့ တွင် (၇၃၅) စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် အထက် (၃၅) စင်တီမီတာ (၁.၁-ပေခန့် )   ကျော်လွန် နေပါသည်။ အဆိုပါ မြစ်ရေသည် ယနေ့ မွန်းတည့်မှ နောက် (၄၈) နာရီအတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၇၀၀) စင်တီမီတာသို့ ရောက်ရှိနိုင်ပါသည်။

No comments:

Post a Comment